Thursday, December 27, 2012

ပြုခဲ့မိသမျှ

ပြုခဲ့မိသမျှ ----------- မလွမ်းရဲပေမယ့် နွမ်းလို့ကြွေခဲ့ရတဲ့ မျက်ရည်တစ်စက်...။ မလှမ်းရဲပေမယ့် နမ်းရှိုက်ချင်နေတဲ့ ပန်းတစ်ပွင့်...။ မပြိုရဲပေမယ့် စွေခဲ့ရတဲ့ မိုးရေတစ်ဆက်...။ လှမ်းမကိုင်မိမှန်း သိပေမယ့် ကမ်းခဲ့မိတဲ့ အကြင်နာလက်တစ်စုံ...။ ဒါတွေ အကုန်လုံးဟာ မင်းထွက်ခွါသွားပြီးတဲ့နောက် ...................................။ ၂၇-၀၃-၂၀၁၂

Thursday, December 20, 2012

ရခိုင်တေးခြင်း ဘာသာပြန် (၁)

ဒဏ်ရာ (၂)
The Hurt (2)
တေးရီး = KLC
Composer: KLS
တေးဆို = ရတနာမိုင်
Singer: Radana Mai


အချစ်ဆိုစွာ ငါ့အတွက်အိပ်မက်လား
Is love the dream for me
ငါ့ရင်မှာအလွမ်းနန့် မခံနိုင်လိုက်ဗျာယ်
Not having the power of resistance in heart, 'coz of yearn
နင်ပြောခဖူးရေအချစ်စကားတိ
The sweet words you had told
နင်ထားခဖူးရေကတိစကားတိကို မိန့်ဗျာယ်လား
Have you forgotten the promises you'd given


အမုန်းရင်ခွင် လှိုင်းတိလီတိကြားမှာ
Among the waves and winds of hated bosom
ငါ့ဘဝအဆုံးထိ နစ်မြုပ်လားဗျာယ်လား
Have my life sunk into the end
တတူလျှောက်ခဖူးရေ နီရာဟောင်းတိ
The old places we had walked together
တတူတေးခြင်းတိကို ဆိုခဖူးစွာ မမိန့်နိုင်ပါ
That we had sung together is unable to be forgotten


အားလုံးအဆုံးသတ်လို့လားဗျာယ်လား
Have all become the end
မင်းနန့်ပြန်တွိ့ခွင့်ကမရှိဗျာယ်လား
Have I no chance to meet you again
ဒေရင်မှာကျန်လိုက်စွာ
What remains in the heart
နှလုံးသားထဲမှာ ငါ့အတွက်က ဒဏ်ရာ
Is the hurt for me in my heart

(Thank you all very much. I love my Arkanese so much. I, Mai Lay, be very very proud of being an Araknese.)
...............0...............
English Subtile by Little Boy (Kyaukroe)

Tuesday, September 4, 2012

ငါတို့တွေ…

ငါတို့တွေ…
သူများနဲ့မတူအောင် အလုပ်ကြမ်းလုပ်ကြရတယ်။
ဒါပေမယ့်…
သူများတွေလို ခံစားခွင့်မရခဲ့ကြဘူး။

ငါတို့တွေ…
သူများတွေထက် ဖိနှိပ်ခြင်းကိုခံကြရတယ်။

ဒါပေမယ့်…
သူများတွေလို ဖွင့်ဟခွင့်မရခဲ့ကြဘူး…။
(သူများတွေလို မဖွင့်ဟရဲကြဘူး…။)

ငါတို့ဆီမှာ
ဂက်(စ်)တွေ အများကြီးထွက်တယ်။
ဒါပေမယ့်…
ငါတို့တွေမှာ လျှစ်စစ်မီး မသုံးကြရဘူး…။

ငါတို့ဆီမှာ
နိုင်ငံခြား ကုမ္ပဏီတွေ တည်ဆောက်လာကြတယ်။
ဒါပေမယ့်…
ငါတို့တွေဟာ အလုပ်လက်မဲ့တွေ ဖြစ်ကြရတယ်…။

ငါတို့ဆီမှာ
သား၊ငါး၊ပုဇွန်တွေ အရမ်းပေါများတယ်။
ဒါပေမယ့်…
ငါတို့တွေဟာ စားသုံးနိုင်စွမ်းမရှိကြဘူး…။

ငါတို့ဆီမှာ
ဆန်၊စပါးတွေ ပေါများတယ်….။
ဒါပေမယ့်…
ငါတို့တွေဟာ တစ်နပ်ထမင်းအတွက်ပဲ
ရုန်းကန်နေကြရတယ်…။

ငါတို့ဆီမှာ
“ဘင်္ဂလီ”ကနေ “ကမန်”ဖြစ်သွားတာတွေ အများကြီးရှိတယ်။
ဒါပေမယ့်…
ငါတို့တွေမှာ တားဆီးခွင့်မရှိကြဘူး…။
ငါတို့တွေ…..
ငါတို့တွေ…..
………………………………….
………………………………….
………………………………….
————-
အကောင်ချေ (ကျောက်ရိုး)
၂၄-၀၈-၂၀၁၂

I’m Nothing

I’m Nothing
……………
Want to erupt,
But as if a deactive volcano…

Want to close,
But as if a broken door…

Want to fly (away),
But as if a bird broken wing….

Want to shout (loudly),
But as if a dumb one…

Want to rain,
But as if the unable rain-cloud…
………………….
20-08-2012
မူရင်း–ငါ ဘာမှမဟုတ်

Tuesday, July 3, 2012

ငါ ဘာမှမဟုတ်

ပေါက်ကွဲချင်ပေမယ့်
 သေနေတဲ့မီးတောင်တစ်ခုလို....။

ပိတ်ထားချင်ပေမယ့်
ဂျိတ်ကျိုးနေတဲ့ တံခါးတစ်ချပ်လို....။

ပျံသန်းချင်ပေမယ့်
 တောင်ပံကျိုးငှက်တစ်ကောင်လို....။

ဟစ်အော်လိုက်ချင်ပေမယ့်
ဆွံ့ အ,နေတဲ့လူတစ်ယောက်လို....။

ရွာချချင်ပေမယ့်
ပြိုလို့မရတဲ့ မိုးတိမ်တွေလို....။

......................
အကောင်ချေ (ကျောက်ရိုး)
၀၃-၀၇-၂၀၁၂
10:57 pm

Sunday, March 25, 2012

သင်္ကြန်ဆူး



ဥသြငှက်တွေ တွန်ကျူး
ပိတောက်တွေလည်းဖူးတော့
ဂီမာန်ဦး နွေကာလ
လွမ်းရတဲ့ မွေးရပ်'ကျောက်ရိုး'မြေကို
ရင်ထဲမှာ လွမ်းငိုမိတယ်။

နှစ်သစ်သင်္ကြန်အဖိတ်နေ့
ညနေစောင့် ဆည်းဆာချိန်မှာ
ဘုရားရေချိုး(ရေသပ္ပါယ်) ဆိုတဲ့ အရသာ
ပြီးတော့....
သက်ကြီးရွယ်အို ကန်တော့တဲ့အစဉ်အလာတွေ
သင်္ကြန်ရေဆိုတဲ့ အာဟာရတွေ
အိမ်စဉ်လျှောက်လို့ ကခုန်မြူးရင်း
ဖက်ထုတ်မုန့်တောင်းစားခဲ့တဲ့ အထိအတွေ့တွေ
ဒါတွေ..ဒါတွေနဲ့ နှစ်ပေါင်းများစွာ
ကင်းကွာနေရတဲ့ ငါ့ဟာ
နလန်ထူစ လူနာတစ်ယောက်လို.....။

............
အကောင်ချေ (ကျောက်ရိုး)
၂၄-၀၃-၂၀၁၂

Monday, February 13, 2012

ချစ်သူများနေ့ အဆိုအမိန့်များ

အနမ်းပန်းလေးတစ်ပွင့်ဆိုတာ
ယူမယ့်သူမရှိရင် သင်ကပေးလို့မရသလို
ပေးမယ့်သူမရှိရင်လည်းပဲ
သင်ကယူလို့မရဘူး။
(Anonymous)

http://www.americanglassgifts.com/Mix%20files%20for%20ads/Valentine%20card.gif
ချစ်သူတို့နှစ်ဦးကြားမှာ
အနမ်းပန်းတစ်ပွင့်ဆိုတာ
အနီးကပ်ဆုံးအရာပဲ။
(Henny Youngman)

အချစ်ကို
နှလုံးသားတစ်ခုတည်းနှင့်ပဲ
တည်ဆောက်ထားပြီးတော့
ခန္ဓာကိုယ်နှစ်ခုနှင့်
နေထိုင်နေကြတယ်။
(Aristotle)

____အကောင်ချေ (ကျောက်ရိုး)
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories