Showing posts with label Be going to. Show all posts
Showing posts with label Be going to. Show all posts

Monday, April 21, 2014

Be going to .... အသုံးအနှုန်း

Be going to .... အသုံးအနှုန်း

S+be going to + V1  (သွား/စား/အိပ်) တော့မလို့။ (ဖြစ်လုဆဲဆဲ ကာလကိုညွှန်းဆို)။ (တစ်စုံတစ်ခုကိုပြုလုပ်ရန် ရည်ရွယ်ထားသောအခါတွင်လည်း သုံးသည်။)

(Note: Be = am, is, are, was, were)
I'm going to study English. ငါ အင်္ဂလိပ်စာကို လေ့လာတော့မလို့ပါ။
She's going to sing the song on the stage. သူမ စတိတ်စင်မြင်မှာ သီချင်းဆိုတော့မယ်။
The students are going to start speaking English. ကျောင်းသားများဟာ အင်္ဂလိပ်စကားကို စပြောကြတော့မလို့။

S+ be going to+N ....ကို/ဆီသို့ သွားလိမ့်မည် (Going နေရာတွင် တခြားသော V-ing ကိုအသုံးပြု၍လည်းရေး၊ ပြောနိုင်သည်)
ဒီလိုမျိုး (present progressive or present continue) နဲ့ သုံးနှုန်းပြောဆိုရင်တော့ ချိန်းဆိုထားပြီးအခြေအနေ၊ ကတိကဝတ်ပြုထားပြီးအခြေအနေနဲ့ တိကျတဲ့ အခြေအနေတို့တွင် သုံးတယ်။

I'm (I am) going to the doctor tomorrow. ကျွန်တော် မနက်ဖန် ဆရာဝန်ဆီသွားမယ်။ (ဆရာဝန်ကိုသွားပြန်မယ်။)
My younger sister is going to Kyaukphru next week. ငါ့ညီမငယ်ဟာ နောက်ရက်သတ္တတ်ပတ်တွင် ကျောက်ဖြူကိုသွားတော့မယ်။

I am flying to Hungry next month. နောက်လတွင် ကျွန်တော် ဟန်ဂယ်ရီကို (လေယာဉ်)ဖြင့်သွားမယ်။
(လေယာဉ်လက်မှတ်ဝယ်ထားပြီးသည့်အခါမျိုးတွင် အထက်ပါကဲ့သို့ရေးပြောနိုင်သည်)

I'm going to go to Mrauk-U for my summer holiday this year. ဒီနှစ် နွေရာသီအားလပ်ရက်တွင် ငါ မြောက်ဦးကိုသွားမှာ။
(မသေချာသေးတဲ့အခါမျိုး။ ရည်ရွယ်ထားရုံ၊ စိတ်ကူးထားရုံသာ ရှိသေးတဲ့အခါမျိုးတွင် အထက်ပါအတိုင်းရေး၊ ပြောနိုင်သည်။)
-------
အကောင်ချေ (ကျောက်ရိုး)

Ref: http://www.bbc.co.uk/worldservice/learningenglish/radio/specials/1535_questionanswer/page14.shtml
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories