Showing posts with label Basic Level. Show all posts
Showing posts with label Basic Level. Show all posts

Saturday, October 10, 2015

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

ဒီနေ့မှာတော့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ အကြောင်းကိုလေ့ကြရအောင်နော်။ ဒီအကြောင်းကိုမလေ့လာမီ အင်္ဂလိပ်စာကိုစတင်လေ့လာသူများအနေဖြင့် Prepositions - ဝိဘတ်များကို ဤနေရာတွင်လေ့လာပါ။ အသုံးများသော Preposition (ဝိဘတ်) တို့အသုံးပြုပုံ အသုံးပြုနည်းကိုတော့ ဤနေရာတွင် ဆောင်ပုဒ်များဖြင့်ဖော်ပြဖူးပြီးဖြစ်ပါတယ်။

Prepositional Phrases - ဝိဘတ်တွဲစကားစုများသင်္ခန်းစာကို First Steps in Academic Writing စာအုပ်ကနေ ထုတ်နှုတ်၍တင်ပြပေးသွားပါမယ်။ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ ဘာကိုဆိုတာလဲ။ ဘယ်လိုတည်ဆောက်ထားသလဲ။ အလွယ်ဆုံး အရှင်းဆုံးပြောရရင်တော့ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ  at, in, from စတဲ့ Preposition (ဝိတ်ဘတ်) တစ်ခုကို Noun -နာမ်ပုဒ်တစ်ခုနှင့်တွဲလျက်ရေးသားခြင်းကို ဆိုလိုသည်ဟု သာမန်အားဖြင့်မှတ်သားထားပါ။ ဥပမာ - in the class, in the house, at six o'clock အစရှိသည်ဖြင့်ပေါ့နော်။

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

Prepositional Phrases - ဝိဘတ်တွဲစကားစုကိုခွဲခြားလိုက်တဲ့အခါ အုပ်စု ၄ မျိုးထွက်လာတယ်။
၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ where (ဘယ်မှာလဲ) ဖြင့်မေးမြန်းသော မေးခွန်းတို့ဖြေဆိုရန်အတွက်။
၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ when (ဘယ်အချိန်) ဖြင့်မေးမြန်းသော မေးခွန်းတို့ကိုဖြေဆိုရန်အတွက်။
၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the name) of my boss-သူဌေးအမည် အစရှိသည်။
၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the woman) with red hair - ဆံပင်အနီရောင်နဲ့ မိန်းမကြီး။ (the student) from Arakan - ရခိုင်ပြည်က ကျောင်းသား အစရှိသည်ဖြင့်။

၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

on the desk - စာပွဲခုံပေါ်တွင်
next to the window - ပြတင်းပေါက်နှင့်ကပ်လျက်
under the bed - အိပ်ရာအောက်တွင်
in front of the house - အိမ်ရှေ့တွင်
opposite to the door - မျက်နှာချင်းဆိုင်
in the closet - ဗီရိုထဲတွင်
in the middle of the room - အခန်းအလယ်တွင်
in/ into  the distance - အဝေးကြီးမှာ။ အဝေးကြီးသို့

Where is my book? ငါ့ စာအုပ်ဘယ်မှာလဲ
It is on the desk. စာပွဲခုံထက်မှာလေ။

Where is the table? စားပွဲဘယ်မှာလဲ။
It is next to the window. ပြတင်းနှင့်ကပ်လျက်ပဲ။

Where is your house? ခင်ဗျားအိမ်က ဘယ်မှာလဲ။
My house is opposite to the Kyaukphru Post Office.  ကျောက်ဖြူစာတိုက်နှင့်မျက်နှာချင်းပဲလေ။


၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

at last - နောက်ဆုံးတွင်။ နောက်ဆုံးမှာတော့
after that - ထိုနောက်
after class - သင်တန်းပြီးနောက်
on New's Year Day - နှစ်သစ်ကူးနေ့မှာ
before the test - စာမေးပွဲမတိုင်ခင်
upon arrival - ဆိုက်ရောက်တဲ့အခါ ။ ဆိုက်ရောက်လုနီးပါး
in the morning - မနက်ခင်းမှာ
at midnight - ညဥ့်သန်ခေါင်ယံအချိန်တွင်

When will we go shopping? ဘယ်တော့ ရှော့ပင်းထွက်ကြမလဲ။
We will go shopping after class. သင်တန်းပြီးရင် သွားကြမယ်လေ။

When will you do your homework taught in the class?
အတန်းထဲမှာသင်တဲ့ အိမ်စာကို ဘယ်တော့လုပ်မလဲ။
I will do my homework taught in the class in the morning.
မနက်ကျရင် လုပ်မှာပေါ့။

၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the father) of the bride - သူတိုးသမီးအဖေရဲ့အမည်
(the name) of my boss  - ကျွန်တော်တို့သူဌေးရဲ့ အမည်
(the colors) of the rainbow - သက်တံရောင်များ
(the president) of the company  - ကုမ္ပဏီလူကြီး

The father of the bride is my closed friend.
သူတိုးသမီးအဖေဟာ ကျွန်တော်ရဲ့ အခင်ဆုံးမိတ်ဆွေပဲ။

The name of my boss is Mr. John.
ကျွန်တော်ရဲ့ သူဌေးအမည်စာ မစ္စတာဂျွန်ဖြစ်တယ်။

The colors of the rainbow are so amazing.
သက်တံရောင်တွေ အံ့အားသင့်စရာကောင်းတယ်။

၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the woman) with red hair
(the student) from Ecuador
(the man) in the blue shirt
(the car) with the flat tire

The woman with red hair is coming toward us.
ဆံပင်အနီရောင်နဲ့ အမျိုးသမီးကြီး ငါတို့ဆီသို့ဦးတည်လာနေတယ်ကွ။

I met the student from Kyaukphru.
ကျောက်ဖြူက ကျောင်းသားကို ငါတွေ့ခဲ့တယ်။

The student from Ramree is very good at English.
ရမ်းဗြဲက ကျောင်းသားဟာ အင်္ဂလိပ်စာတော်တယ်။

The man in the blue shirt looks like a spy.
အပြာရောင်ရှပ်အကျီဝတ်ထားတဲ့လူဟာ သူလျို့ဖြစ်ပုံရတယ်။

Ref: First Steps in Academic Writing, P. 113

အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Thursday, October 2, 2014

Active Voice to Passive Voice အတွက် ကြိုတင် သိထားသင့်သော အချက်များ


Adverb of Manner ပါသော (ly - ဆုံးသောဝါကျကို Active Voice မှ Passive Voice သို့ပြောင်းရာတွင်  Adverb of Manner  (ly - ဆုံးသော Adverb) ကို Passive Voice ဝါကျ၌ များသောအားဖြင့် V3 ၏ရှေ့တွင်ထားပေးရသည်။  (Adverb အသုံးပြုပုံကို Adverb အသုံးပြုပုံကဏ္ဍ၌ ဆောင်ပုဒ်နှင့်တကွ ဖော်ပြခဲ့ပြီးပြီ။ ပြန်လည်ကြည့်ရှုပါ။)

Ø  I study English happily. (A V)  >>> English is happily studied (by me). (P V)
Active Voice ဝါကျတို့တွင် Subject သည်  No one, No body, None တို့ ဖြစ်ပါက Passive Voice ပြောင်းသောအခါ not ကိုပေးရသည်။ (Negative Sentence ပြောင်းပေးရသည်။)

Ø  No one likes death. (A V )  >>> Death is not liked. ( P V)
Ø  No body knows when we will pass away. ( A V) >>> When we will pass away is not known. ( P V)
                                                                              >>> It is not known when we will pass away. (P V)
            
Active Voice ဝါကျတွင Subject သည် They, We, People, Someone, Everyone, Somebody, Everybody တို့ဖြစ်က  Passive Voice ပြောင်းသောအခါတွင by them, by us စသည်ဖြင့် ပြန်မထည့်ဘဲ ချန်ထားနိုင်သော်လည်း  Noun     ( a boy, Su Su, etc. ) ပုဒ်များဖြစ်က  by a boy, by Su Su စသည်ဖြင့် ပြန်ထည့်ပေးရသည်။ ( I, You, He, She, It) တို့ဖြစ်က Passive Voice ပြောင်းရာတွင် by me, by you စသည်ဖြင့် ပြန်ထည့်လို့ ရသလို ပြန်မထည့်ဘဲလည်း ထားနိုင်သည်။

Ø  I play games with Mrat Thar Htun. (A V ) >>> Games are played with Mrat Thar Htun (by me). (P V)
Ø  Su Su is reading the books. ( A V )  >>> The books are read by Su Su. ( P V )

Object နှစ်ခုပါသော (Direct Object & Indirect Object ) Active Voice ဝါကျကို Passive Voice သို့ပြောင်းသောအခါ သက်ရှိဖြစ်သောအခါ Indirect Object ကို Subject နေရာ (ရှေ့ဆုံး) သို့ ပြောင်းပေးပါက ပိုကောင်းသည်။

A.     I give  San Htwe    a lovely present. ( A V)
              ID. O            D.O
B.     I give a lovely present to San Htwe.  (A V)
                    D.O                 ID. O
      A.  San Htwe is given a lovely present by me. ( P V)    or
             A lovely present is given to San Htwe by me. ( P V)
                   B.  A lovely present is given to San Htwe by me. ( P V) or
                          San Htwe is given a lovely present by me. ( P V )   

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories