Showing posts with label အင်္ဂလိပ်စကားပြော. Show all posts
Showing posts with label အင်္ဂလိပ်စကားပြော. Show all posts

Friday, October 9, 2015

If I were you, I would (I'd)........ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်....

If I were you, I would (I'd)........ ကျွန်တော်သာ  ခင်ဗျားနေရာမှာဆိုရင်.... ဒီအသုံးအနှုံးကို နှိုင်းယှဉ်ပြောဆိုတဲ့အခါသုံးတယ်။ ငါသာ မင်းနေရာမှာဆိုရင်.....၊ ငါသာ မင်းဖြစ်ဆိုရင်တော့....၊ စသည်ဖြင့် လူတစ်ဦးတစ်ယောက် လုပ်ကိုင်ပုံပြောဆိုပုံ စသည်တို့ကို အားမလို အားမရဖြစ်တဲ့အခါ ရေးသား ပြောဆိုရတယ်။

If I were you, ဝါကျတွင် အင်္ဂလိပ်သဒ္ဒါစည်းကမ်းအရ I ကို အတိတ်ကာလ (Past Tense) အတွက် Verb to be (am, is, are, was, were) was နှင့်တွဲပြီး I was ဖြင့်တွဲသုံးရသော်လည်း ဒီ Pattern မှာတော့ was အစား were ကိုပဲသုံးရပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်နိုင်တာကို တွေးတော့လို့ပါပဲ။ ဒါကြောင့် - ငါ သာမင်းဖြစ်(ခဲ့)ရင် If I were you, ငါသာ သူမနေရာမှာဆိုရင် If I were her, စသည်ဖြင့် Subject က နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အမြဲတမ်း were နှင့်သာတွဲ၍ ရေးသားပြောဆိုရပါသည်။ ကိုင်! ဥပမာ ဝါကျလေးတွေကို လေ့လာကြည့်ကြရအောင်။

If I were you, I'd refuse what she asked help from you.
ကျွန်တော်သာ မင်းနေရာမှာဆိုရင် ခင်ဗျားဆီက သူမအကူအညီတောင်တာကို ငြင်းပယ်လိုက်မယ်။

If I were you, I'd elope with him last year.
ငါသာ နင့်နေရာမှာဆိုရင်တော့ လွန်ခဲ့နှစ်က သူနှင့်အတူ ခိုးရာလိုက်ပြေးသွားမှာ။

If I were her, I wouldn't date him.
ငါသာ သူမနေရာမှာဆိုရင် သူနဲ့ချိန်းတွေ့မှာမဟုတ်ဘူး။

If I were him, I'd listen to what his parents.
ကျွန်တော်သာ သူ့နေရာမှာဆို သူ့မိဘတွေပြောပြတာကို နားထောင်လိုက်မယ်။

I wouldn't speak Japanese if I were you.
ငါသာ မင်းဆိုရင်တော့ကွာ ဂျပန်စကားပြောမှာမဟုတ်ဘူး။

I'd study English if I were you.
ကျွန်တော်သာ မင်းနေရာမှာဆို အင်္ဂလိပ်စာလေ့လာမှာ။

အထူးမှတ်ချက်။  ။ If နှင့်စသည့် ဝါကျကို ဝါကအစတွင်ထားရေးသောအခါ comma (,) ထည့်ပေးရတာကို သတိထားပါ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Saturday, February 14, 2015

Love and Relationships စကားလုံးအသုံးအနှုန်းများ

Vocabulary : Love and Relationships

လူတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်၊ သဘောကျ၊ ချစ်ကြိုက် နှစ်သက်နေပြီဆိုရင်
To have a crush on someone  နဲ့ To have got a crush on someone - (ချစ်ကြိုက်နေသည်။ စိတ်ဝင်စားနေသည်။) ဒါပေမယ့် ထာဝရချစ်ခင် နှစ်သက်နေတာ မဟုတ်ပဲ
ခဏတဖြုတ်ချစ်တာ ကိုဆိုလိုသည်။

Last month she had a crush on Htwan Mrat Wai, but this month she has a huge crush on Htwan Kyaw.
လွန်ခဲ့တဲ့လက သူမဟာထွန်းမြတ်ဝေကိုချစ်နေခဲ့ပေမဲ့ ဒီလမှာတော့ ထွန်းကျော်ကို တော်တော်လေးချစ်နေတယ်။

တစ်ဦးတစ်ယောက်ကို စတင်ချစ်မိနေပြီဆိုရင်တော့ To fall for someone - (စတင်ချစ်မိနေပြီ။) ဖြင့်ရေး/ပြောနိုင်တယ်။
I think I'm falling for San San Htwe. I can't stop thinking about her.
ကျွန်တော်ဟာ စန်းစန်းထွေးကို ချစ်မိနေပြီလို့ထင်တယ်။ သူမအကြောင်းကို မတွေးပဲကို မနေနိုင်တော့ဘူး။

တစ်စုံတစ်ဦးနှင့် စကားအချေအတင်ဖြစ်ပြီးနောက် တစ်ဖန်ပြည်လည်၍ ရင်းနှီးလာသောအခါ To make up (ချစ်ကြည်ရေး/ နားလည်မှု/ ရင်းနီးမှုပြန်လည်ရလာသည်) စကားလုံး
ဖြင့်ရေး/ပြောပါ။

We had a huge  fight yesterday, but we made up today.
မနေ့က ကျွန်တော်တို့ တော်တော်လည်းစကားဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့တော့ ပြေလည်သွားပါပြီ။ (ဒီနေတော့ ပြန်လည် အဆင်ပြေသွားကြပါပြီ။)

လူတစ်ဦးတစ်ယောက်နှင့် ပထမဆုံးအကြိမ်တွေ့တာနဲ့ပဲ ပလဲသင့်ပနံတင့် /အဆင်ပြေသွားကြသောအခါ To hit it off (အဆင်ပြေသွားကြ/ ပလဲသင့်ပနံတင့်ဖြစ်သွားကြသည်)
San San Htwe and Kyaw Mrat Htwan hit it off on their first date.
စန်းစန်းထွေးနဲ့ ကျော်မြတ်ထွန်းတို့ဟာ ပထမဆုံးအကြိမ်ချိန်းတွေ့ကြရင်းနဲ့ပဲ အဆင်ပြေသွားကြတယ်။

သမီးရည်းစားကြားတွင် ချစ်သူအဖြစ်ဆက်ဆံရေး ပျက်သုဉ်းသွားသောအခါ / လမ်းခွဲလိုက်ကြသောအခါ /ပြတ်စဲသွားသောအခါတွင်) To break up (ပြတ်စဲသွားသည်) ဖြင့်
ရေး/ပြောပါ။

They broke up last week, but they are trying to remain friends.
သူတို့ဟာ လွန်ခဲ့တဲ့အပတ်က လမ်းခွဲလိုက်ကြပြီ။ ဒါပေမဲ့လည်း သာမန်သူငယ်ချင်းအဖြစ် ဆက်လက်ထားရှိဖို့ကြိုးစားနေကြပါတယ်။

 ___ အကောင်ချေ (ကျောက်ရိုး)
Ref: American English at State

Thursday, October 16, 2014

ဘီဘီစီ အင်္ဂလိပ်စာပို့ချချက် - ၂၀၁၂ ခုနှစ် အိုလံပစ်

BBC - Learn English - Talk about Sport

> vital (adj)- မရှိမဖြစ်အရေးပါသော။

Everyone has a vital role and everyone's relationship is vital.
လူသားတိုင်းမှာ အဓိက အခန်းကဏ္ဍတစ်ခုရှိတယ်။ ပြီးရင်လူသားတိုင်းရဲ့ relationship ကတော့ မရှိမဖြစ် အရေးပါလှပါတယ်။


> Get on well with..... - တခြားလူတို့နှင့်ဆက်ဆံရေးကောင်းသည်။
I get on really well with my parents.
ကျွန်တော်ကတော့ ကျွန်တော့်မိဘတွေနှင့် ဆက်ဆံရေး တော်တော်အဆင်ပြေပါတယ်။
You should try to get on well with my friends.
မင်းက ငါ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေအောင် ကြိုးစားသင့်တယ်။
I get on very well with my girl friend.
ငါကတော့ ငါ့ကောင်မလေးနဲ့ ဆက်ဆံရေးတော်တော်ကြီးကိုအဆင်ပြေပါတယ်။

> to defend his title - (သူ့ချန်ပီယံ) သရဖူကိုကာကွယ်ဖို့။

> My dream/ hope/ ambition/ aspiration is...... - ကျွန်တော်အိပ်မက်/ မျှော်လင့်ချက်ကတော့...။
My dream is to defend my title.
ကျွန်တော်အိပ်မက်ကတော့ ကျွန်တော်သူရဖူးကို ကာကွယ်ဖို့ပဲဖြစ်တယ်။
My aspiration is to be a doctor.
ကျွန်တော်အိပ်မက်ကတော့ ဒေါက်တာတစ်ယောက်ဖြစ်လာဖို့ပဲ။
My dream is at the London Olympics is to defend my titles successfully.
လန်ဒန်အိုလံပစ်မှာ ငါ့ရဲ့အိပ်မက်ကတော့ ငါ့ရဲ့သရဖူးကို အောင်မြင်စွာကာကွယ်သွားဖို့ပါပဲ။

> so excited - စိတ်တော်တော်လှုပ်ရှားသော။
I'm so excited for the 2012 Olympics.
 ၂၀၁၂ ခုနှစ် အိုလံပစ်အတွက် ကျွန်တော် တော်တော်လည်းစိတ်လှုပ်ရှားတယ်။

> I can't wait. ငါမစောင့်နိုင်တော့ဘူး။
I can't wait for the 2012 London Olympic.
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ကို ငါမစောင့်နိုင်တော့ဘူး။

> concentrate - အာရုံစိုက်သည်။
You have to concentrate on what you want to do.
ခင်ဗျားလုပ်ချင်တဲ့ အရာအပေါ်မှာ ခင်းဗျားအာရုံစိုက်ရမယ်။

> get to the top - ထိပ်ဆုံးရောက်သည်။ အောင်မြင်သည်။
To get to the top in my career, I need to work really hard.
ငါ့ရဲ့အားထုတ်မှု (အလုပ်) မှာ ထိပ်ဆုံးရောက်ဖို့အတွက် ငါဟာ ပြင်းပြင်းထန်ထန်ကြိုးစားဖို့လိုတယ်။
I think you need a lot of luck to get to the top.
ထိပ်ဆုံးရောက်ဖို့ (အောင်မြင်ဖို့)အတွက် ခင်ဗျားဟာ တော်တော်ကံကောင်းဖိုလို့တယ်ဟု ငါထင်ပါတယ်။

> gain momentum - အချိန်ရလာသည်။ အဟုန်ရလာသည်။
We want to gain momentum through these games.
ငါတို့ ဒီကစားပွဲတွေကနေတစ်ဆင့် အဟုန်ရလာချင်တယ်။

> We are really flying.  ကျွန်တော်တို့ကတော့ ထိပ်တန်းအနေအထားမှာပါ။
Last night we won the football match! We were really flying.
လွန်ခဲ့တဲ့ ညနေက ငါတို့ ဘောလုံးပွဲနိုင်ခဲ့တယ်။ ငါတို့ထိပ်တန်းအနေအထားမှာရှိနေခဲ့ပါတယ်။

> motivation - စေ့ဆော် အားပေးမှု။ စိတ်ပါဝင်စားမှု။ အရင်းခံအကြောင်း။
I play badminton and motivation is to win.
ကျွန်တော်ဘက်မင်တန်ကစားတယ်။ ပြီးတော့ အားပေးစေ့ဆော်မှုကတော့ အနိုင်ရဖို့ပဲ။
Performing well is my motivation.
ကောင်းကောင်းမွန်မွန်လုပ်ဆောင်ခြင်းကတော့ ငါ့ရဲ့စိတ်ဝင်စားမှုပဲဖြစ်တယ်။
My motivation to get out of bed in the morning is to make money at work.
မနက်အိပ်ရာကထခြင်းဖို့ ငါ့ရဲ့အရင်းခံအကြောင်းကတော့ အလုပ်မှာငွေရှာဖို့ပဲဖြစ်တယ်။
==================
အကောင်ချေ (ကျောက်ရိုး)

Wednesday, October 1, 2014

Thanking someone - ကျေးဇူးတင်စကား ပြောဆိုခြင်း

Thanking someone 
============
တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဟု ပြောဆိုလိုသောအခါ အောက်ပါစကားစုထဲမှာ ကြိုက်ရာသုံးပါ

o Thanks. ကျေးဇူးပဲနော်။
o Thank you. (ခင်ဗျား/နင့်ကို) ကျေးဇူးတင်ပါတယ်။
o Thanks a lot. ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
o Thank you very much. ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
o Thank you very much indeed. တကယ်ပဲ ကျေးဇူးတင်ပါတယ်နော်။
o It was very kind of you. မင်းကတော်တော်ကြင်နာ/သနားတတ်တာပဲ။
o I appreciate your help. မင်းကူညီတာကို သဘောကျ (ကျေးဇူးတင်)ပါတယ်။
o You’ve been very helpful. မင်းကတော်တော်အကူအညီရတဲ့ (လူပဲ)။
Thanks anyway. ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။
Thank you for helping me. င့ါကိုကူညီလို့ကျေးဇူးပါနော်။
Thanks for (trying). ကြိုးစားလို့ ကျေးဇူးပါ။
It doesn’t matter. Thanks. ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။
Never mind. Thanks. ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories