Showing posts with label အင်္ဂလိပ်စာသင်္ခန်းစာ. Show all posts
Showing posts with label အင်္ဂလိပ်စာသင်္ခန်းစာ. Show all posts

Tuesday, October 13, 2015

Although, even though, despite, in spite of - အသုံးအနှုန်းများ

although,  even though, despite, in spite of - အသုံးအနှုန်းများ

although,  even though, despite, in spite of - " သော်လည်း။ သော်ငြားလည်း။ သို့သော်လည်း " ဟုအဓိပ္ပါယ်အတူတူပင်ဖြစ်သည်။ ဒါပေမယ့် အသုံးပြုနည်းကတော့ လုံးဝကိုမတူပါဘူး။ ဘာကြောင့်လဲဆိုတော့ although နှင့် even though တို့ဟာ စကားဆက် (Conjunction) ဖြစ်ဖြစ်တယ်။ အတိအကျပြောရရင်တော့ Subordinating Conjunction  ဟုခေါ်တယ်။ despite နှင့် in spite of တို့ကတော့ ဝိဘတ် (preposition)  ဖြစ်လို့ပါပဲ။ သဒ္ဒါနည်းအရ Conjunction နဲ့ Phrase တို့ အသုံးပြုပုံ အသုံးပြုနည်း လုံးဝကိုခြားနားလှပါတယ်။

although,  even though တို့ဖြင့်ရေးသားထားသော ဝါကျတို့ကို Complex Sentence (ခက်ခဲရှုပ်ထွေးသောဝါကျ) ဟုခေါ်တယ်။ Clause အမျိုးအစားအနေဖြင့်ဆိုရင်တော့ Adverbial Clause (ကြိယာဝိသေသနဝါကျ) အမျိုးအစားဖြစ်ပြီး၊ ကြိယာဝိသေသနဝါကျအမျိုးအစားတို့တွင် Adverbial Clause of Concession/ Contrast အမျိုးအစားဖြစ်၏။

despite, in spite of တို့ဖြင့်ပြောင်းလဲရေးသားလိုက်ပါ Simple Sentence (ရိုးရိုးဝါကျ) ဖြစ်သွားတယ်။ ဖော်မျူလာကိုလေ့လာကြည့်ကြရအောင်။

Though/ Even though + Sentence (S+V+ O.....) , Sentence (S+V+O...)
Despite / In spite of + V-ing / Noun....., Sentence (S+V+O...)

Sentence (S+V+O...) though/ even though + Sentence (S+V+ O.....)
Sentence (S+V+O...)  despite / in spite of + V-ing / Noun.....

အထူးမှတ်သားဖို့က
Conjunction ရဲ့နောက်က Sentence အမြဲလိုက်တယ် (Conjunction+ Sentence (S+V+O..) ။ Preposition ရဲ့နောက်မှာတော့ Noun ပုဒ် သို့မဟုတ် V-ing သာလိုက်တယ် (Preposition + Noun/ V-ing...)။ although,  even though, despite, in spite of တို့ကို ဝါကျရဲ့အစတွင်ရေးသားသောအခါ အလယ်တွင်ကော်မာ Comma (,) ထည့်ပေးရပြီး၊ ၄င်းတို့အား နောက်တွင်ထားက ကော်မာ Comma (,) ထည့်ရန်မလိုအပ်ပေ။

ဥပမာ။ ။

Even though he's a millionaire, he lives in a very small flat. (Complex Sentence)
>> Despite / in spite of being a millionaire, he lives in a very small flat. (Simple Sentence)
သူသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်သော်လည်း တိုက်ခန်းသေးသေးလေးတစ်ခန်းမှာနေတယ်။

He lives in a very small flat even though he's a millionaire.
>> He lives in a very small flat despite / in spite of being a millionaire.
သူသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်သော်လည်း တိုက်ခန်းသေးသေးလေးတစ်ခန်းမှာနေတယ်။

Although / even though he's much older than the others, he won the race.
>> Despite / in spite of being much older than the others, he won the race.
သူသည် အခြားသူများထက် အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တယ်။

He won the race although / even though he's much older than the others.
>> He won the race despite / in spite of being much older than the others.
သူသည် အခြားသူများထက် အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တယ်။

Even though / although it rained a lot, I enjoyed the holiday.
>> Despite / in spite of the rain, I enjoyed the holiday.
မိုးသည်းထန်စွာရွာသွန်းနေခဲ့သော်လည်း ကျွန်တော်ကတော့ အားလပ်ရက်မှာ ပျော်ရွှင်ခဲ့ပါတယ်။

Even though / although they have a lot of money, they're still not happy.
>> Despite / in spite of their money, they're still not happy.
သူတို့ဟာ ပိုက်ဆံတစ်ပုံကြီးရှိကြပေမယ့် (ခုထိ)မပျော်ရွှင်ကြပါဘူး။

Even though/ though it was the heavy traffic (the trafic was heavy), we got there on time.
>> Despite/ In spite of the heavy traffic, we got there on time. Or
>> In spite of / despite the traffic being heavy, we got there on time.
မီးပွိုင့်တွေ တအားပိတ်နေခဲ့ပေမယ့် ငါတို့ အချိန်ကိုက်ရောက်ခဲ့တယ်။

မှတ်ချက်။  ။ 

Though/ Even Though + S+ V+ Adj တို့ဖြင့်ရေးသားသောအခါ Despite/ In spite of +being+ Adj ပုံစံအတိုင်းရေးသားနိုင်သကဲ့သို့ Adj ကို Noun ပြောင်းပြီး Despite/ In spite of + Noun ပုံစံဖြင့်လည်း ရေးသားနိုင်သည်။ အောက်ပါ ဝါကျတို့လေ့လာကြည့်ပါ။

Adjective ကို Noun သို့ပြောင်းပုံ (အဘိဓာန်ကိုရှာကြည့်ဖို့တိုက်တွန်းပါတယ်)
rich (adj) >> richness (N)
poor (adj) >> poverty (N)
young (adj) >> youth (N)
healthy (adj) >> health (N)
clever (adj) >> cleverness (N)

Though/ Even though he is rich, he is not conceited.
>> Despite/ In spite of richness, he is not conceited. Or
>> Despite/ In spite of being rich, he is not conceited.
ချမ်းသာပေမယ့် သူက မာနမကြီးဘူး။

He is not conceited even though/ though he is rich.
>> He is not conceited despite/ in spite of richness. Or
>> He is not conceited despite/ in spite of being rich.
ချမ်းသာပေမယ့် သူက မာနမကြီးဘူး။

Though/ Even though San San is a teacher, she is not conceited.
>> Despite/ In spite of a teacher, San San is not conceited. Or
>> Despite/ In spite of being a teacher, San San is not conceited.
ဆရာမတစ်ယောက်ဖြစ်ပေမယ့် စန်းစမ်းဟာ မာနမကြီးဘူး။

She is not kind to the patients though/ even though she is a nurse.
She is not kind to the patients despite/ in spite of being a nurse.
She is not kind to the patients despite/ in spite of a nurse.
သူမဟာ သူနာပြုဆရာမတစ်ယောက်ဖြစ်သော်လည်း လူနာတွေကို ကြင်နာမှုမရှိဘူး။


အထူးမှတ်ချက်။  ။ 
In spite of the fact that  သို့မဟုတ် despite the fact that တို့ဖြင့်ရေးသားလိုက ၄င်းတို့နောက်က Sentence သာလိုက်ရသည် (In spite of / despite the fact that + S+V+0.....) ။ Complex Sentence ဖြစ်၏။

In spite of / despite the fact that he is much older than the others, he won the race.
>>> In spite of / despite being much older than the others, he won the race.
သူသည် အခြားသူများထက် အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။

____အကောင်ချေ (ကျောက်ရိုး)

 http://kyaukroevillage.blogspot.com/

Sunday, October 11, 2015

I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။

"မဖြစ်ခဲ့တာကို စဉ်းစားခြင်း၊ ဖြစ်နိုင်ခြေမရှိတာကိုတွေးတောခြင်း" စသည်တို့ကိုရေးသားပြောဆို လိုသောအခါတွင်  "I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။" ___  I wish+ S+ Past tense....... ___ Pattern ဖြင့်ရေးသားပြောဆိုရသည်။

လက်ရှိအချိန်တွင် လူတစ်ယောက်က တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်ဆိုပါစို့။ ဒါပေမယ့် အဲဒီ ၅ ရက်အလုပ်လုပ်ရတာကို အဲဒီလူက ငြီးငွေ့ပြီးတော့ "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ" (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)။
I work five days a week.
ကျွန်တော်ဟာ တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်။ (ယခုလက်ရှိ အလုပ်ဆင်းနေရသည့် ရက်အရေအတွက်)
အဲဒါကို "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)" ဟု အတွေးပုံစံဖြင့်ရေးသားပြောဆိုမယ်ဆိုရင်တော့ ___  I wish+ S+ Past tense....... ___ဖြင့်ရေးသားရတယ်။

ဥပမာ။ ။

ပစ္စုပ္ပန်ကာလအတွက်

 >>I work five days a week. 
ကျွန်တော် တပတ်မှာ ၅ ရက်အလုပ်လုပ်တယ်။
I wish I worked only three days a week.
ကျွန်တော်ကတော့ဗျာ တပတ်သုံးရက်သာ အလုပ်လုပ်ချင်တာ။ (တစ်ပတ် ၃ ရက်သာ အလုပ်လုပ်ချင်းစမ်းပါဘိ။ တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ရရင် ဘယ်လောက်ကောင်းမှာလဲ။)

>> You are not here. 
မင်းက ဒီမှာမရှိဘူး။
I wish you were here.
မင်းကို ဒီမှာရှိနေစေချင်းလိုက်ပါဘိ။

>> I am not near you.
ငါဟာ မင်းအနားမှာမရှိဘူး။
I wish I were near you.
မင်းအနားမှာပဲရှိချင်စမ်းပါဘိ။


အတိတ်ကာလအတွက်
အတိတ်က ပြုလုပ်ခဲ့သည့် အတွက် နောင်တရသောအခါ --

>> I worked five days a week last year.
လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဟာ တစ်ပတ်မှာ ၅ ရက်အလုပ်လုပ်ခဲ့တယ်။
I wish I had worked only three days a week last year.
ပြီးခဲ့တဲ့နှစ်က တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ခဲ့ရင်သိပ်ကောင်းမှာပဲ။

>> I did not study English last year.
ပြီးခဲ့တဲ့နှစ်က ကျွန်တော် အင်္ဂလိပ်စာမသင်ခဲ့ဘူး။
I wish I had studied English last year.
ပြီးခဲ့တဲ့နှစ်က အင်္ဂလိပ်စာကိုသာလေ့လာခဲ့ရင် သိပ်ကောင်းမှာပဲ။


အထူးမှတ်ထားဖို့ကတော့  
____လက်ရှိပစ္စုပ္ပန် မျက်မှောက်ကာလတွင် "အလုပ်တစ်ခုကို လုပ်နေတယ်။ ဒါမှမဟုတ် ချစ်သူနဲ့ဝေးနေတယ်။ အိမ်နှင့်ဝေးနေတယ်"  အဲဒီအလုပ်ကို မလုပ်ချင်ဘူး။ ဒါပေမယ့် လုပ်နေရတယ်။ ချစ်သူနဲ့မဝေးချင်ဘူး ဒါပေမယ့် ဝေးနေရတယ်။ အိမ်နဲ့မဝေးချင်ဘူး။ ဒါပေမယ့် ဝေးနေရတယ်။ အဲဒီလိုအခြေမျိုးမှာ ပစ္စုပ္ပန်ကာလအတွက် ပေးထားတဲ့ပုံစံဖြင့်ရေးသားပြောဆိုရပါတယ်။
____အတိတ်ကာမှာ ဖြစ်ပျက်ခဲ့သည် နောင်တရသည့်အခါတွင် "ချစ်သူနဲ့ဝေးနေခဲ့တယ်။ အလုပ်ကိုလုပ်နေခဲ့တယ်။ အိမ်နှင့်ဝေးနေခဲ့တယ်" အဲဒါကို ပြန်လည်၍ တမ်းတပြောဆိုသောအခါတွင် အတိတ်ကာလအတွက် ပေးထားသော ပုံစုံဖြင့်ရေးသားပြောဆိုရတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

There is .... / There are .... အသုံးအနှုန်းများ

အင်္ဂလိပ်စာလေ့လာရာတွင် There is .... /  There are .... အသုံးအနှုန်းများ ဆိုတာ အလယ်တန်းအထက်တန်း ကျောင်းသူ/သားတို့ကိုသာမက တက္ကသိုလ်ကျောင်းသူ/သားများကိုပါ ဒုက္ခကြီးကြီးပေးလေ့ရှိတယ်။ ဒါကြောင့် There is .... /  There are .... ဖြင့်ရေးသားတဲ့အတခါ တော်တော်များများ မှားတတ်ကြတယ်။
ဒီနေ့တော့ There is .... /  There are .... အသုံးအနှုန်းများ နဲ့ပတ်သက်၍ အလွယ်ကူဆုံးနည်းကို လေ့လာကြာရအောင်။ ကိုင်...ဘယ်လိုသုံးကြမလဲ။

There is .... /  There are .... ကိုသုံးမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်များကို ကြေညက်အောင် လေ့လာကျက်မှတ်ထားဖို့တိုက်တွန်းပါတယ်။

 There is .... /  There are .... ကို အသုံးရသည့်နေရာ

There is .... /  There are .... ကို
(၁)Article (အာတီကယ် - နာမ်ညွှန်းစကားလုံး) "a, an" ပါသော ကတ္တားပုဒ်များ (a boy, a book, an apple, etc.)
(၂) Some, all, any, no စသည့် ပမာဏပြ နာမဝိသေသနပါသော ကတ္တားများ (all students, no one, etc.)
(၃) Two, three, many, a few စသည့် သင်္ချာပြနာမဝိသေသနပါသော ကတ္တားများ (three books, many apples, etc.)
(၄) Countable Plural Noun ကတ္တားများ ( books, students, girls, etc.)
(၅) Uncountable Singular Noun ကတ္တားများ (milk, sand, gold, etc.)
(၆) ယူနစ်တစ်ခုရဲ့အစိပ်အပိုင်းများ
(၇) Some, anyone, no one, something, anything, nothing စသည့်မတိကျ၊ မသေချာသော လူ/ အရာဝတ္ထုတို့ရှိခြင်း တို့ကို There is .... /  There are .... အသုံးအနှုန်းများဖြင့် ရေးသားပြောဆိုရလေသည်။

-- Countable Nouns နှင့် Uncountable Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Singular Nouns နှင့် Plural Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Adjective အမျိုးအစားများကို ဤနေရာတွင်လေ့လာပါ။
-- Articles အကြောင်းကို ဤနေရာတွင် လေ့လာပါ။

ဥပမာ။ ။
(a) There is a girl in the class room.
စာသင်ခန်းထဲတွင် ကောင်းမလေးတစ်ယောက်ရှိတယ်။
(b) A girl is in the class room.

(a) There will be some girls in the class.
သင်တန်းထဲမှာ ကောင်းမလေးအချို့ရှိကြလိမ့်မည်။
(b) Some girls will be in the class.

(a) There were boys in the room.
ကောင်းလေးတွေ အခန်းထဲတွင်ရှိကြတယ်။
(b) Boys were in the room.

(a) There will be milk in the bottle.
ပုလင်းထဲမှာနို့ရှိမှာပါ။
(b) Milk will be in the bottle.

(a) There are 60 seconds in a minute.
တစ်မိနစ်တွင် စက္ကန့်ခြောက်ဆယ်ရှိတယ်။
(b) 60 seconds are in a minute.

(a) There are 24 hours in a day.
တစ်ရက်မှာ ၂၄ နာရီရှိတယ်။
(b) 24 hours are in a day.

(a) There is nobody in the office.
ရုံးခန်းထဲမှာ ဘယ်သူမှမရှိဘူး။
(b) Nobody is in the office.

(a) There are seven days in a week.
တစ်ပတ်မှာ ၇ ရက်ရှိတယ်။
(b) Seven days are in a week.

မှတ်ချက်။ ။ 
အထက်ပါ ဥပမာဝါကျအသီးသီးရှိ (a) နှင့် (b) တို့တွင် (b) ဝါကျပုံစံလည်း သဒ္ဒါ (Grammar) နည်းအရ လုံးဝမှန်ကန်၏။ သို့သော်လည်း Usage မရှိ။ ထိုကြောင့် (a) ပုံစံ There is..../ There are... ဖြင့်သာရေးသား ပြောဆိုပါလေ။ 
________________________

 There is .... /  There are .... ကို အသုံးမပြုရသည့်နေရာ 

There is .... /  There are .... ကို
(၁) the, this, that, these, those  ပါသော ကတ္တားများ
(၂) I, we, you, you, he, she, it, they နာမ်စား ကတ္တားများ
(၃) my, our, your, his, her, theirs, its တို့ဖြင့်တွဲထားသော (my book, his sisters, etc.) ကတ္တားများ တို့ဖြင့် လုံးဝ (လုံးဝ) မသုံးရ။

ဥပမာ။  
အောက်ပါကဲ့သို့မရေးရပါ။

There am I in the class room.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

There are the books on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

There is your sister in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။


အထက်ပါဝါကျတို့အား အောက်ပါကဲ့သို့ရေးသားရလေသည်။

I am in the class.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

The books are on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

Your sister is in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။

မှတ်ချက်။  ။ There will be.... ဟုသုံးသော်လည်း There shall be .... ဟုမသုံးရ။ 
There is....../ There are....../ There was..../ There were...../ There will be..... စသည်ဖြင့် မိမိရေး ပြောချင်သောကာလကိုကြည့်၍ ရေးသားပါလေ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Tuesday, August 25, 2015

Vocabulary : Body ခန္ဓာကိုယ်ရှိ ဝေါဟာရများ

ဒီနေ့ကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရှိပေါ်မှာ ပါသမျှတွေကို စုစည်းတင်ပေးလိုက်ပါတယ်။

Hair = ဆံပင်
Brain = ဦးနှောက်
Scalp = ဦးခေါင်းအ ရေပြား
Skull = ဦးခေါင်းခွံ
Dandruff = ဗောက်,ဒက်
Forehead = နဖူး
Nerve = အာရုံကြော
Eye = မျက်စိ
Eyeball = မျက်လုံး
Eyebrow = မျက်ခုံးမွှေး
Eyelash = မျက်တောင်
Eyelid = မျက်ခွံ
Pupil = မျက်စိသူငယ်အိမ်
Cataract = မျက်စိအတွင်းတိမ်
Tear = မျက် ရည်
Pimple = ၀က်ခြံ
Blackhead = မှဲ့ခြောက်
Mole = မှဲ့
Scar = အနာရွတ်
Nose = နှာခေါင်း
Nostril = နှာခေါင်းပေါက်
Temple = နားထင်
Cheek = ပါး
Lip = နှုတ်ခမ်း
Mouth = ပါးစပ်
Tooth = သွား
Teeth = သွားများ
Saliva = သွားရည်
Spit, Spittle = တံတွေး
Canine tooth = အစွယ်သွား
Molar tooth = အံသွား
Wisdom tooth = အံဆုံး
Incisor tooth = ရှေ့သွား
Gum = သွားဖုံး
Tongue = လျှာ
Palate = အာခေါင်
Tonsil = အာသီး
Nape = ဇက်ပိုး
Dimple = ပါးချိုင့်
Chin = မေးစေ့
Jaw = မေးရိုး
Moustache, Mustache = နှုတ်ခမ်းမွှေး
Beard = မုတ်ဆိတ်မွှေး
Sideburns = ပါးသိုင်းမွှေး
Neck = လည်ပင်း
Throat = လည်ချောင်း
Shoulder = ပခုံး
Back = နောက်ကျော
Spine = ကျောရိုး
Chest = ရင် ဘတ်, ရင်အုံ
Breast = ရင် အုတ်, သားမြတ်
Nipple = နို့သီး
Muscle = ကြွက်သား
Arm = လက်မောင်း
Armpit = ချိုင်း
Biceps = လက်မောင်းကြွက်သား
Hand = လက်(လက်ကောက်ဝတ်အထက်အစိတ်အပိုင်း)
Elbow = တံ တောင် ဆစ်
Wrist = လက်ကောက်ဝတ်
Palm = လက်ဖ၀ါး..
Back of the hand = လက်ဖမိုး
Finger = လက်ချောင်း
Thumb = လက်မ
First finger, Index finger = လက်ညိုး
Second finger, Middle finger = လက်ခလယ်
Third finger, Ring finger = လက်သူကြွယ်
Little finger = လက်သန်း
Kunckle = လက်ဆစ်
Fingernail = လက်သည်း
Fingerprint = လက်ဗွေရာ
Fingertip = လက်ချောင်းထိပ်, လက်ဖျား
Fist = လက်သီး
Liver = အသည်း
Heart = နှလုံး
Lung = အဆုတ်
Kidney = ကျောက်ကပ်
Rib = နံရိုး
Belly = ၀မ်းဗိုက်
Stomach = အစာအိမ်
Intestine = အူ
Colon = အူမ
Bowel = အူသိမ်အူမ
Navel = ချက်
Waist = ခါး
Gall = သည်းခြေ
Womb = သားအိမ်, ၀မ်းဗိုက်
Uterous = သားအိမ်
Blood = သွေး
Bladder = ဆီးအိမ်
Urine = ဆီး
Anus = စအို
Excrement , Feces, Ordure, Stool = ၀မ်း,မစင်
Rectum = စအိုလမ်းကြောင်း, အူမကြီး
အောက်ဆုံးပိုင်းမစင် အိတ်
Sweat = ချွေး
Vein = သွေးပြန်ကြော
Main vein = သွေးပြန်ကြောမကြီး
Artery = သွေးလွှတ်ကြော
Aorta = သွေးလွှတ်ကြောမကြီး
Capillary = ဆံချည်မျှင်သွေးကြော
Hip, Buttock = တင် ပါး
Thigh = ပေါင်
Knee = ဒူး
Calf = ခြေသလုံး
Leg = ခြေ ထောက်
Shin = ညို့သကျည်း
Foot = ခြေ ထောက် (ခြေမျက်စေ့အောက်ပိုင်း)
Ankle = ခြေကျင်းဝတ်
Lateral malleolus = ခြေမျက်စေ့
Instep = ခြေဖမိုး
Heel = ခြေဖ နောင့်
Sole = ခြေဖ၀ါး
Toe = ခြေ ချောင်း
Big toe = ခြေမ..
Toenail = ခြေသည်း
Bone = အရိုး
Skin = အ ရေ ပြား
Flesh = အသား

___Credit: Original Writer 

Sunday, August 16, 2015

Vocabulary: Health and fitness

ဒီနေ့ Vocabulary ကဏ္ဍအတွက်ကတော့ ကျန်းမာရေးနှင့် ကိုယ်ကာယအလှဆိုင်ရာလေ့ကျင့်ခန်းနှင့်ဆိုင်သော စကားလုံးအချို့ကိုတင်ပြပေးပါမယ်။

Taking exercise - လေ့ကျင့်ခန်းပြုလုပ်ခြင်း

do - ပြုလုပ်သည်
warm - အပူပေးသည်။ နွေးအောင်လုပ်သည်
pull - ဆွဲသည်။
keep - သိမ်းဆည်းသည်
injure - ဒဏ်ရာရသည်
lift - မ,သည်။

keep fit - ကိုယ်ကာယလှပဖို့အတွက်လေ့ခန်းပြုလုပ်သည်။
warm up - သွေးပူလေ့ကျင့်သည်
do some stretching exercise - ကိုယ်ခန္ဓာကိုယ်ကို ဘယ်ညာယိမ်း၍ လေ့ကျင့်ခန်းလုပ်သည်။
lift weights - အလေးမ,သည်
pull a muscle - ကြွက်သားကိုလက်နှစ်ဘက်ဖြင့် နှိပ်ပေးသည်
injure a joint (your knee/ back) - (ဒူးဆစ်) အဆစ်ဒဏ်ရာရသည်


A Health lifestyle - ကျန်းမာသော ဘဝနေထိုင်မှု

lose - ပျောက်ဆုံးသည်။
give up - လက်မြှောက်သည်။ အဆုံးပေးသည်။ ရပ်တန့်သည်။
eat - စားသည်
take - ယူဆောင်သည်။ စားသည်။
get - ရရှိသည်။ ရောက်ရှိသည်။
cut down on - ကျန်းမာရေးအတွက် အစားအသောက်လျော့စားသည်

eat a healthy diet - အဟာရပြည့်ဝ၍ကျန်းမာရေးနှင့်ကိုက်ညီသောအစားအစာကိုစားသည်
lose weight/ pull on weight - ကိုယ်အလေးချိန်ကျသည်။
cut down on sugar/ fat - သကြားလျော့စားသည်။
take vitamins - ဗီတာမင်ဓာတ်ပြည့်ဝသော အစားအစာ စားသည်
give up smoking/ junk food - ဆေးလိပ်ဖြတ်သည်။ အသင့်ပြင်ပြီးသား အစားအသောက် (ပီစာ စသည်) တို့ကို ဖြတ်လိုက်သည်။
get a good night's sleep - အိပ်ရေးဝဝ အိပ်သည်။

go jogging - ပြေးသည်။ (လေ့ကျင့်ခန်းအတွက် ဖြေးဖြေးပြေးသည်)
go swimming - ရေသွားကူးသည်။
go cycling - စက်ဘီးသွားစီးသည်
go  skiing - နှင်းလျော့ သွားစီးသည်

go for a walk - လမ်းလျောက်ထွက်သည်
go for a swim - ရေကူးဖို့သွားသည်
go for a run - ပြေးဖို့သွားသည်
go to the gym - အားကစားရုံသို့သွားသည်။
go to an exercise class - လေ့ကျင့်ခန်းလုပ်သည့် သင်တန်းသို့သွားသည်
go to a tennis club - တန်းနစ်ကလပ်သို့သွားသည်

____ Tom Hutchinson ရေးတဲ့ English for Life, Intermediate Student's Book စာအုပ်မှ ကူးယူဖော်ပြပါသည်။
 

Saturday, August 15, 2015

Omusubi Kororin (The Tumbling Rice Balls)

A Folktale from Japan

Once upon a time, an old couple lived in the countryside. They were happy, but they were poor.

One day, the old man went to work in the forest and took his usual lunch of three rice balls. During lunch, he dropped a rice ball, and it rolled into a hole in the ground.

He heard happy singing coming from the hole, so he dropped the other two rice balls into it. Inside the hole, some mice were having a party. They thanked him for the rice balls and invited him to join them.

After a while, the mice told him to choose a box as a reward for his generosity. He could choose a big box, or he could choose a small one. He thought about taking a big box, but he finally chose a small one. Back at home, he and his wife discovered that the box was full of gold coins.

A greedy neighbor heard about their good fortune and quickly made plans to visit the same hole. At the hole, he pushed several rice balls into it, and sure enough, the mice invited him in.

The greedy man wanted all of the mice's gold, so he pretended to be a cat. He started meowing loudly, and the frightened mice ran away.

The gold disappeared with the mice, so the greedy man got nothing, not even a rice ball.

Vocabulary

tumble (tumble, tumbling, tumbled, tumbled) - လိမ့်ကျသည်
countryside - တောရွာကျေးလက်
sure enough - မျှောင်လင့်ထားသကဲ့သို့ဖြစ်လာသည်
Once upon a time- တစ်ချိန်တုန်းက၊ ဟိုး…ရှေးရှေးတုန်းက
mice-ကြွက်များ
mouse-ကြွက်
in the forest- တောအုပ်တွင် ၊ တောအုပ်သို့
took- (take, taking, took, taken) - ယူဆောင်ခဲ့သည်
his usual lunch of three rice balls - သူရဲ့ပုံမှန်ယူနေကျနေ့လည်စာ ထမင်းဆုပ် သုံးဆုပ် (ဘောလုံးလေးကို လုံးထားသော ထမင်းဆုပ်)
during lunch- နေ့လည်စာစားနေစဉ်တွင်
dropped- (drop, dropping, dropped, dropped) - လွှင့်/လွှတ်ချလိုက်ခဲ့သည်
into a hole in the ground-မြေကြီးရှိ အခေါင်းထဲသို့
heard- (hear, hearing, heard, hear) - ကြားခဲ့သည်
happy singing coming from the hole-အခေါင်းထဲမှထွက်လာပေါ်သည့် ပျော်ရွှင်သောသီဆိုသံ
into it-ထိုအခေါင်းထဲသို့
inside the hole-တွင်းခေါင်းထဲမှာ / အခေါင်းထဲမှာ
having a party - ပါတီပွဲတစ်ခုကျင်းပနေကြသည်။ ပါတီပွဲတစ်ခု ရှိနေသည်
thanked him for  (thank, thanking, thanked, thanked)- အတွက် သူ့ကိုကျေးဇူးတင်သည်
invited (invite inviting, invited, invited) - ဖိတ်ကြားသည်။ ဖိတ်မန်တကပြုသည်
to join them - သူတို့ (ကြွက်များ)နှင့်အတူပါဝင်ဆင်နွဲဖို့
after a while - ခဏကြာပြီးတဲ့နောက်မှာတော့
as a reward - လက်ဆောင် ဆုကြေးတစ်ခုအနေဖြင့် /အဖြစ်
for his generosity - သူ့ရဲ့ရက်ရက်ရောရောပေးကမ်းလှူဒါန်းမှုအတွက်
thought (think, thinking, thought, thought) တွေးတောသည်။ စဉ်းစားသည်
think about +V-ing - ဖို့စဉ်းစားသည်
about taking a big box - သေတ္တာကြီးကိုယူဖို့
finally - နောက်ဆုံးမှာတော့
back at home - အိမ်သို့ပြန်ရောက်သောအခါ
discovered (discover, discovering, discovered, discovered) - တွေ့ရှိခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သည်။
was full of gold coins - ရွှေဒင်္ဂါးများဖြင့်ပြည့်နေသည်
a greedy neighbor-လောဘကြီးသော အိမ်နီးနားချင်းတစ်ယောက်
about their good fortune - သူတို့ကံကောင်းတာနှင့်ပတ်သက်လို့
fortune - ကံတရား။  
good fortune - ကံကောင်းသော
 quickly - အဆော့တလျင် ။ အလျင်အမြန်။ လျင်မြန်စွာ 
made plans (make, making, made,made)- အစီအစဉ်များရေးဆွဲခဲ့သည်။
pushed (push, pushing, pushed, pushed) - တွန်းချလိုက်သည်။ လှိမ့်ချလိုက်သည်
several - များစွာသော
invited him in - သူ့ကို အခေါင်းထဲသို့ဖိတ်ကြားခဲ့သည်
wanted (want, wanting, wanted, wanted) - လိုချင်ခဲ့သည်
all of the mice's gold - ကြွက်တွေမှရှိတဲ့ရွှေအားလုံးကို
pretended (pretend, pretending. pretended, pretended) - ဟန်ဆောင်သည်။ အယောင်ဆောင်သည်
he pretended to be a cat - သူဟာ ကြွက်ဟန်ဆောင်ခဲ့သည်။ ကြွက်အယောင်ဆောင်ခဲ့သည်။
started meowing loudly - မိညောင်ဟု အသံအကျယ်ကြီးအော်လိုက်သည်။
loudly  - ကျယ်လောင်စွာ
meowing (meow, meowing, meowed, meowed) - မိညောင်ဟုအော်သည် (ကြောင်အော်သည်)
miaow (US) - မိညောင်ဟုအော်သည် (ကြောင်အော်သည်)
the frightened mice ran away - ကြွက်များဟာ ကြောက်ရွံ့၍ပြေးကြကုန်၏
frightened - ကြောက်ရွံ့သော
ran away (run, running, ran, run) - အဝေးသို့ထွက်ပြေးကြသည်
disappeared (disappear, disappearing, disappeared, disappeared) – ပျောက်ကွယ်သွားသည်
appear - ပေါ်ထွက်လာသည်။ ပေါ်လာသည်
with the mice - ကြွက်များနှင့်အတူ
got nothing (get, getting, got, gotten or got)- ဘာမှမရခဲ့ဘူး။
not even a rice ball - ထမင်းဆုပ်လေးတစ်ဆုပ်တောင် မရခဲ့ဘူး။ 


____Ref: The Longman Academic Writing Series Level 3 : Introduction to Academic Writing - Page 29  မှ ကူးယူဖော်ပြသည်။

____အကျောင်ချေ (ကျောက်ရိုး)
၁၅-၀-၂၀၁၅

Friday, August 14, 2015

Vocabulary Skills

aggressive (adj) - ရန်လိုသော
big-headed (adj) - မိမိုကိုယ်ကို အထင်ကြီးသော
compatible (adj) - လိုက်ဖက်သော
cruel (adj) - ရက်စက်သော၊ ကြမ်းကြုတ်သော
neat (adj) - သေသပ်သော
punctual (adj) - အချိန်ကိုက်ဖြစ်သော၊ နောက်မကျသော

အောက်ပါကွက်လပ်တို့တွင် အထက်တွင်ပေးထားသော Adjective တို့ဖြင့် မှန်ကန်စွာဖြည့်ပေးပါ။

a. ____________ carefully arranged and looking nice
b. ____________ behaving in a way that shows you think you are very important or intelligent
c. some who is __________ enjoys causing pain to other people or animals
d. ____________ behaving in an angry or rude way
e. ____________ arriving or happening at the time agreed on
f. ____________ likely to have a good relationship because of being similar

happy (adj) - ပျော်ရွှင်သော
happiness (n) - ပျော်ရွှင်မှု
happily (adv) ပျော်ရွှင်စွာ
enjoyable (adj) - ပျော်ရွှင်သော
enjoyment (n) - ပျော်ရွှင်မှု
enjoyably (adv) - ပျော်ရွှင်စွာ
pleasing (adj) - ဝမ်းသာအားရဖြစ်သော
pleasure (n) - ဝမ်းသာအားရဖြစ်မှု
pleasingly (adv) - ဝမ်းသာအားရစွာ
amusing (adj) - ရွှင်မြူးဖွယ်ရာဖြစ်သော
amusement (n) - ရွှင်မြူးဖွယ်ရာ
amusingly (adv) - ရွှင်မြူးစွာ

အောက်ပါကွက်လပ်တို့တွင် အထက်တွင် ပေးထားသော (adj/ n/ adv ) တို့ကိုမှန်ကတ်စွာဖြည့်ပေးပါ။

a. We all laughed a lot because the joke was so ___________.
b. "It was a ___________ to meet you, Mr. Jones."
c. Sally and Tom said the party was really ________________.
d. "Thank you for a wonderful evening," I said ____________.
e. I finally found ___________ the day I met Clarissa.

___ အကောင်ချေ (ကျောက်ရိုး)
၁၄ - ၀၈ - ၂၀၁၅

မှတ်ချက်။  ။ ဆရာ့တီကရတဲ့ Hand out ကနေကူးယူဖော်ပြပါသည်။

Thursday, August 13, 2015

The Key to Happiness

Read this text. Then choose which statements you can infer.

The key to happiness may be great relationships with family and friends, or it might be a full and busy life. It could be having a job that you really enjoy. But whatever the key is for you, you must try to make it happen! If you're not happy, you should ask yourself why and try to change things. Think about your abilities and interests. What are you doing at? What do you like doing? What kind of life do you want to have? You don't have to change everything immediately, but never think that what you want is impossible. What you decide to change, you shouldn't worry about what other people may think. Just do it!

  1. It's always good to be busy.
  2. Different things make different people happy.
  3. It's important to change your situation if you are unhappy.
  4. Married people are happier than single people.
  5. It's important to listen to the advice of other people.

Modal Verbs

Possibility (ဖြစ်နိုင်ခြေကိုဖော်ခြင်း) -- may, might, could  - နိုင်သည်။
The key to happiness may/ might/ could be great relationship.

Impossibility (ဖြစ်နိုင်ခြေမရှိကြောင်းဖော်ပြခြင်း) -- can't - မ..... နိုင်။
Some people say you can't be happy without money.

Strong Obligation (လေးလေးနက်နက်ပြင်းပြင်းထန်ထန်အကြံပြုချက်ကိုဖော်ပြခြင်း) -- must - ရမယ်။ 
Whatever the key is for you, you must try to make it happen.

Weak Obligation (သာမန်အကြံပြုချက်ကိုဖော်ပြခြင်း) - should - သင့်သည်။
If you're not happy, you should ask yourself why.

No Obligation (မလိုအပ်ကြောင်းကိုဖော်ပြခြင်း) - don't have to - မလိုအပ်ဘူး။
You don't have to change everything immediately.


Study the modal verbs above, and then choose the best answer to complete each sentence.

1. Believe it or not, you _____ be rich to be happy.
(a)  must not   (b)  shouldn't (c)  don't have to  (d) might not

2. Continuing to do a job you dislike _______make you unhappy.
(a) should (b) could (c) shall (d) ought to

3. Expert agree that you _____ except to be completely happy all the time.
(a) shall not (b) may not (c) should not to (d) shouldn't

4.  Happiness _______ be connected to religious beliefs, too.
(a) would (b) had better (c) shall (d) might

5.  Some people think that you _______ measure happiness.
(a) wouldn't (b) can't (c) must not (d) may not

6.  It _____ sound strange, but the best way to find out is simply to ask yourself "How happy am I?"
(a) can't (b) would (c) might (d) should

7. Research shows that you _____ be healthy to be happy, but it helps.
(a) shouldn't (b) can't (c) don't have to (d) must not

8.  To say happy in difficult situations, you ______ keep thinking positively.
(a) must (b) must not (c) can't (d) might not



မှတ်ချက်။  ။ ဆရာ့တီကရတဲ့ Hand out ကနေကူးယူဖော်ပြပါသည်။

____အကောင်ချေ (ကျောက်ရိုး)
၀၃-၀၈-၂၀၁၅

Wednesday, August 12, 2015

ဘာသာပြန်အပိုင်းအစများ (၂) ရုရှားစစ်လေယာဉ်များအား စုံစမ်းထောက်လှန်ဖို့အတွက် RAF ဂျက်တိုက်လေယာဉ်များအား အရေးပေါ်စွှေလွှတ်ခဲ့

RAF fighter jets scrambled to investigate Russian planes
ရုရှားစစ်လေယာဉ်များအား စုံစမ်းထောက်လှန်ဖို့အတွက် RAF ဂျက်တိုက်လေယာဉ်များအား အရေးပေါ်စွှေလွှတ်ခဲ့


(2)

Fighter jets were scrambled after two Russian military aircraft were spotted approaching UK airspace, the Ministry of Defence (MoD) has said.

Royal Air Force Typhoon fighter jets took off from RAF Leuchars in St Andrews, Fife, on Wednesday.
ဗုဒ္ဓဟူးနေ့က တော်ဝင်လေတပ်တိုင်ဖုန်း(Royal Air Force Typhoon) ဂျက်တိုက်လေယာဉ်များဟာ စိန့်အန်ဒရော (St Andrews) နှင့် ဖိဖီ (Fife) ရှိ RAF Leuchars မှ ပျံတက်ခဲ့ပါတယ်။

= Royal Air Force - တော်ဝင်လေတပ်မတော်
= take off - မြေပြင်မှပျံတက်သည် (လေယာဉ်)
take off, taking off, took off, taken off


(3)
The jets were sent to investigate the Russian planes, which are believed to have turned away shortly afterwards.
များမကြာမီနောက်မှာတော့ ပြန်လည်လှည့်ပြန်သွားတယ်ဟု ယုံကြည်ရတဲ့ ရုရှားလေယာဉ်တို့ကို  စုံးစစ်ဆေးဖို့ရန်အတွက် (RAF) ဂျက်တိုက်လေယာဉ်တို့အား လွှတ်လိုက်ပါတယ်။

(ရုရှားလေယာဉ်တို့ကို  စုံးစစ်ဆေးဖို့ရန်အတွက် (RAF) ဂျက်တိုက်လေယာဉ်တို့အား လွှတ်လိုက်ပါတယ်။ 
၎င်းရုရှား လေယာဉ်တွေဟာ များမကြာမီနောက်မှာတော့ ပြန်လည်လှည့်ပြန်သွားတယ်ဟု ယုံကြည်ရပါတယ်။)

=jets (n) - ဂျက်တိုက်လေယာဉ်များ။
=to investigate (infinite)- စုံစမ်းစစ်ဆေးဖို့/ရန်အတွက်။
= the Russian planes - ရုရှားလေယာဉ်များ။
= believed (v3) believe, believing, believed, believed, - ယုံကြည်ရသည်။ ယုံကြည်သည်။
=turn away - အဝေးကိုလှည့်ပြန်သွားသည်။
=afterwards (adv) - နောက်မှ။
=shortly  (adv)  -  တိုတောင်းစွာ။ အချိန်တိုအတွင်း။

---------------------
ဥပမာဝါကျများ
======
 S+Be+V3 - ခံရကြောင်းကိုပြခြင်း (Passive Voice)
The jets were sent. (Passive Voice)
ဂျက်တိုက်လေယာဉ်တို့ကို ပို့လိုက်သည်/ လွှတ်လိုက်ခဲ့သည်။
Some sent the jets. (Active Voice)
တစ်ယောက်ယောက်က ဂျက်လေယာဉ်တွေကို လွှတ်လိုက်ခဲ့သည်။
The tourist were robed on the beach yesterday.
မနေ့က ကမ်းခြေမှာ ခရီးသည်တွေလုယက်ခြင်းကို ခံခဲ့ကြရတယ်။

N+ which+ V
the Russian planes, which are believed - ယုံကြည်ရသော ရုရှားလေယာဉ်များ
 (which ဟာ Relative Pronoun (conjunction) ဖြစ်တယ်။ ဒါကို Adjective Clause ဟုခေါ်တယ်။ ၎င်း Which က the Russian planes ကိုအထူးပြုတယ်။)

Who - ဘယ်သူသည် (လူ - Subject)
Whom - သယ်သူ့ကို (လူ - Object)
With whom - ဘယ်သူနှင့် (လူ - Preposition)
Which - ဘယ်အရာ (အရာဝတ္ထု နှင့် တိရစ္ဆာန် - Subject နှင့် Object)
That -  ဘယ်အရာ (လူ၊ အရာဝတ္ထုနှင့် တိရစ္ဆာန် - Subject နှင့် Object)

San San who is a nurse - နာ့စ်မလေးတစ်ယောက်ဖြစ်သော စန်းစန်း။
Twan Twan who is kissed - အနမ်းခံရသော ထွန်းထွန်း
The books which/ that were bought yesterday - မနေ့ကဝယ်ခဲ့သောစာအုပ်များ
San San with whom I have studied English ငါ့နှင့်အတူ အင်္ဂလိပ်စာ လေ့လာဖူးသော စန်းစန်း

I love San San who is a nurse.
နာ့စ်မလေးတစ်ယောက်ဖြစ်တဲ့ စန်းစန်းကို ငါချစ်တယ်။
San San who is a nurse is my younger sister.
နာ့စ်မလေးတစ်ဦးဖြစ်သော စန်းစန်းဟာ ငါ့ရဲ့ ညီမငယ်လေးတစ်ယောက်ဖြစ်တယ်။
The books which/ that were bought yesterday are very popular now.
မနေ့က ငါဝယ်ခဲ့တဲ့ စာအုပ်က အခုအချိန်မှာ တော်တော့်ကို ပေါ်ပျူလာဖြစ်နေတယ်။
Do you want to read  The books which/ that were bought yesterday?
မနေ့က ငါဝယ်ခဲ့တဲ့ စာအုပ်ကို ခင်ဗျားဖတ်ချင်လား။

RAF fighter planes were scrambled to incidents such as this eight times last year, an MOD spokesman said.

=scramble - (v) (လေယာဉ်) အရေးပေါ်ချက်ချင်းပျံတက်သည်။
=incidents - (n)  ဖြစ်ရပ်များ
=spokesman - (n) ပြောရေးဆိုခွင့်ရှိသူ


http://www.bbc.com/news/uk-27130125?ocid=socialflow_facebook

Common Verbs to Study by Heart = အလွတ်ကျက်မှတ်ရန်အသုံးများသော ကြိယာများ

Common Verbs to Study by Heart = အလွတ်ကျက်မှတ်ရန်အသုံးများသော ကြိယာများ

Come
= လာသည်
Go abroad
= နိုင်ငံခြားကိုသွားသည်
Close
= ပိတ်သည်
Open
= ဖွင့်သည်
Sit
= ထိုင်သည်
Stand
= မတ်တပ်ရပ်သည်
wake up
= အိပ်ရာမှ နိုးသည်
Get up
= အိပ်ရာမှ ထသည်
Eat
= စားသည်
Drink
= သောက်
Have
= စားသည်၊ သောက်သည်၊ ပိုင်ရှိသည်
Sleep
= အိပ်သည်
Tell
= ပြောပြသည်
Speak
= စကားပြောသည်
Dance
= ကသည်
Jump
= ခုန်သည်
Walk
= လမ်းလျှောက်သည်
Look at
= ကြည့်သည်
Look for
= ရှာဖွေသည်
Look after
= ကြည့်ရှုစောင့်ရှောက်သည်
Look down
= အထင်အမြင်သေးသည်
Read
= စာဖတ်သည်
Write
= စာရေးသည်
Break
= ချိုးဖဲ့သည်
Turn
= လှည့်သည်
Apply (for)
= (အလုပ်စသည်)လျှောက်ထားသည်
Live (in)
= နေသည်
Stay
= ခဏနေသည်
Take
= သောက်/စား/ ယူဆောင်သည်
Wash
= လျှော်ဖွပ်သည်
Switch on
= ခလုတ်ဖွင့်သည်
Switch off
= ခလုတ်ပိတ်သည်
Turn on
= ခလုတ်ဖွင့်သည်
Turn off
= ခလုတ်ပိတ်သည်
Die
= သေဆုံးသည်
Pass away
= အနိစ္စရောက်သည်
Drive
= မောင်းနှင်သည်
Ride
= စီးသည်
Watch
= စောင့်ကြည့်သည်
Draw
= ရေးဆွဲသည်
Swim
= ရေကူးသည်
Get dressed
= အဝတ်လဲသည်၊ ဝတ်ဆင်သည်
Attend
= တက်ရောက်သည်
Type
စာရိုက်သည်
Spend
= အချိန်ဖြုန်းသည်
Differ
= ခြားနားသည်
Bear
= မွေးဖွားသည်၊ အသီးသီးသည်
Build
= တည်ဆောက်သည်
Succeed
= အောင်မြင်သည်
Meet
= တွေ့ဆုံသည်
Prepare
= ပြင်ဆင်သည် (အသင့်ဖြစ်အောင်)
Excite
= စိတ်လှုပ်ရှားစေသည်
Take interest in
= စိတ်ဝင်စားသည်
Cook
= ချက်ပြုတ်သည်
Destroy
= ဖျက်ဆီးသည်
Discuss (with)
= ဆွေးနွေးသည်
Agree (with/to)
သဘောတူညီသည်
Guess
= ခန့်မှန်းသည်
Explain
= ရှင်းပြသည်
Depend (on/upon)
= မှီခိုသည်၊ အမှီပြုသည်
Remember
= သတိရသည်
Recognize
= ရုပ်ရည်ကိုမှတ်မိသည်
Finish
= ပြီးဆုံးသည်
Waste
= ဖြုန်းတီးသည်
Can’t resist + V-ing
= (မစားဘဲ) မနေနိုင်
Fry
= ဆီဖြင့်ကြော်သည်
Interest
= စိတ်ဝင်စားစေသည်
Please
= နှစ်သက်သဘောကျစေသည်
Annoy
= စိတ်အနှောင့်အယှက်ဖြစ်စေသည်
Disappoint
= စိတ်မကျေမနပ်ဖြစ်စေသည်
Infect
= ကူးစက်သည်
Rain
= မိုးရွာသည်
Ruin
= ပျက်စီးသည်
Satisfy
= ကျေနပ်စေသည်
Attract
= ဆွဲဆောင်သည်
Act
= ပြုမူလှုပ်ရှားသည်
Obey
= နာခံသည်
Help
= ကူညီသည်
Care
= ဂရုစိုက်သည်
Take care of
=ဂရုစိုက်သည်
Doubt
= သံသယရှိသည်
Desire
= ဆန္ဒရှိသည်
Believe
= ယုံကြည်သည်
Complete
= ပြီးပြည့်စုံစေသည်
Effect
= ထိရောက်သည်
Affect
= ထိခိုက်ပျက်ပြားစေသည်
Continue
= ဆက်လက်သည်
Disturb
= နှောင့်ယှက်သည်
Hope
= မျှော်လင့်သည်
Happen
= ဖြစ်ပျက်သည်
Manage
= စီမံအုပ်ချုပ်သည်
Marry
= လက်ထပ်သည်
Engage
= စေ့စပ်သည်
Brush
= ပွတ်တိုက်သည်
Deliver
= ပေးပို့သည်
Boast
= ကြွားဝါသည်
Increase
= တိုးတက်လာသည်
Decrease
= ဆုတ်ယုတ်လာသည်
Boil
= ဆူပွက်သည်၊ ကျိုချက်သည်၊ ပြုတ်သည် (ကြက်ဥစသည်..)
Operate
= စက်ပစ္စည်းစသည်ကို ကိုင်တွယ် အသုံးပြုသည်
Confess
= ဝန်ခံသည်၊ ဒေသနာကြားသည်
Respect
= ရိုသေ/ လေးစားသည်
Quarrel (with)
= ရန်ဖြစ်သည်
Produce
= ထုတ်လုပ်သည်
Operate on
= လူနာကိုခွဲစိတ်သည်
Confirm
= အတည်ပြုသည်
Declare
= ကြေညာသည် (စစ်/အရေးတကြီးကိစ္စ စသည်..)
Appoint
= အခုပ်ခန့်သည်၊ ချိန်းချက်သည်
Wait (for)
= စောင့်သည်
Admire
= လေးစားကြည်ညိုသည်
Honour
= ဂုဏ်ပြုသည်
Advertise
= ကြော်ငြာသည်
Advise
အကြံပေးသည်
Allow
= ခွင့်ပြုသည်
Arrange
= စီစဉ်သည်
Ashame
= အရှက်တကွဲဖြစ်စေသည်
Attempt
= ကြိုးစားသည်
Blame
= အပြစ်တင်သည်
Broadcast
= သတင်းကြေညာ အသံလွင့်သည်
Cancel
= ပယ်ဖျက်သည်
Check
= စစ်ဆေးသည်
Choose
= ရွေးချယ်သည်
Escape
= လွတ်မြောက်သည်
Examine
= စစ်ဆေးသည်
Frighten
= ခြိမမ်းခြောက်သည်
Guide
= လမ်းညွှန်သည်
Know
= သိသည်
Imagine
= တွေးတောသည်
Celebrate
= ပွဲလမ်းသဘင်ကျင်းပသည်
Develop
= ဖွံ့ဖြိုးတိုးတက်သည်
Hate
= မုန်းတီးသည်
Improve
= တိုးတက်ကောင်းမွန်စေသည်
Import
= နိုင်ငံခြားမှ ကုန်ပစ္စည်းများ တင်သွင်းသည်
Export
= နိုင်ငံခြားသို့ ကုန်ပစ္စည်းများ တင်ပို့သည်
Inform
= သတင်းပေးပို့သည်
Intend
= ရည်ရွယ်သည်
Keep
= သိမ်းဆည်းသည်
Knock (at)
= (တံခါး) ခေါက်သည်
Manufacture
= ကုန်ပစ္စည်းပြုလုပ်သည်
Pretend
= ဟန်ဆောင်သည်
Realize
= အမှန်ကိုသိမြင်သည်
Rent
= (အိမ် စသည်ကို..) ငှားသည်
Request
= ပန်ကြားသည်
Scatter
= ပြန့်ကြဲသည်
Search
= ရှာဖွေသည်
Surprise
= အံ့သြသင့်စေသည်
Tear
=ဆုပ်ဖြဲသည်
Translate
= ဘာသာပြန်သည်
Travel
= ခရီးသွားသည်
Trouble
= ဒုက္ခပေးသည်
Visit
= အလည်အပတ်သွားသည်
Wander
= ခြေဦးတည်ရာ သွားသည်
Talk
= စကားပြောသည်
Receive
= လက်ခံရရှိသည်
Graduate (from)
= မှ..ဘွဲ့ရသည်၊ ဘွဲ့ယူသည်
Enjoy
= ပျော်ရွှင်ခံစားသည်
Cultivate
= စိုက်ပျိုးသည်
Explain
= ရှင်းပြသည်
Learn
= သင်ယူသည်
Enter
= အထဲသို့ဝင်သည်
Practice
= လေ့ကျင့်သည်
Include
= ပါဝင်သည်
Publish
= ထုတ်ဝေဖြန့်ချီသည်
Encourage
= အားပေးသည်
Teach
= သင်ပေးသည်
See
= မြင်သည်
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories