Showing posts with label Essential Pattern. Show all posts
Showing posts with label Essential Pattern. Show all posts

Sunday, October 11, 2015

I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။

"မဖြစ်ခဲ့တာကို စဉ်းစားခြင်း၊ ဖြစ်နိုင်ခြေမရှိတာကိုတွေးတောခြင်း" စသည်တို့ကိုရေးသားပြောဆို လိုသောအခါတွင်  "I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။" ___  I wish+ S+ Past tense....... ___ Pattern ဖြင့်ရေးသားပြောဆိုရသည်။

လက်ရှိအချိန်တွင် လူတစ်ယောက်က တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်ဆိုပါစို့။ ဒါပေမယ့် အဲဒီ ၅ ရက်အလုပ်လုပ်ရတာကို အဲဒီလူက ငြီးငွေ့ပြီးတော့ "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ" (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)။
I work five days a week.
ကျွန်တော်ဟာ တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်။ (ယခုလက်ရှိ အလုပ်ဆင်းနေရသည့် ရက်အရေအတွက်)
အဲဒါကို "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)" ဟု အတွေးပုံစံဖြင့်ရေးသားပြောဆိုမယ်ဆိုရင်တော့ ___  I wish+ S+ Past tense....... ___ဖြင့်ရေးသားရတယ်။

ဥပမာ။ ။

ပစ္စုပ္ပန်ကာလအတွက်

 >>I work five days a week. 
ကျွန်တော် တပတ်မှာ ၅ ရက်အလုပ်လုပ်တယ်။
I wish I worked only three days a week.
ကျွန်တော်ကတော့ဗျာ တပတ်သုံးရက်သာ အလုပ်လုပ်ချင်တာ။ (တစ်ပတ် ၃ ရက်သာ အလုပ်လုပ်ချင်းစမ်းပါဘိ။ တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ရရင် ဘယ်လောက်ကောင်းမှာလဲ။)

>> You are not here. 
မင်းက ဒီမှာမရှိဘူး။
I wish you were here.
မင်းကို ဒီမှာရှိနေစေချင်းလိုက်ပါဘိ။

>> I am not near you.
ငါဟာ မင်းအနားမှာမရှိဘူး။
I wish I were near you.
မင်းအနားမှာပဲရှိချင်စမ်းပါဘိ။


အတိတ်ကာလအတွက်
အတိတ်က ပြုလုပ်ခဲ့သည့် အတွက် နောင်တရသောအခါ --

>> I worked five days a week last year.
လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဟာ တစ်ပတ်မှာ ၅ ရက်အလုပ်လုပ်ခဲ့တယ်။
I wish I had worked only three days a week last year.
ပြီးခဲ့တဲ့နှစ်က တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ခဲ့ရင်သိပ်ကောင်းမှာပဲ။

>> I did not study English last year.
ပြီးခဲ့တဲ့နှစ်က ကျွန်တော် အင်္ဂလိပ်စာမသင်ခဲ့ဘူး။
I wish I had studied English last year.
ပြီးခဲ့တဲ့နှစ်က အင်္ဂလိပ်စာကိုသာလေ့လာခဲ့ရင် သိပ်ကောင်းမှာပဲ။


အထူးမှတ်ထားဖို့ကတော့  
____လက်ရှိပစ္စုပ္ပန် မျက်မှောက်ကာလတွင် "အလုပ်တစ်ခုကို လုပ်နေတယ်။ ဒါမှမဟုတ် ချစ်သူနဲ့ဝေးနေတယ်။ အိမ်နှင့်ဝေးနေတယ်"  အဲဒီအလုပ်ကို မလုပ်ချင်ဘူး။ ဒါပေမယ့် လုပ်နေရတယ်။ ချစ်သူနဲ့မဝေးချင်ဘူး ဒါပေမယ့် ဝေးနေရတယ်။ အိမ်နဲ့မဝေးချင်ဘူး။ ဒါပေမယ့် ဝေးနေရတယ်။ အဲဒီလိုအခြေမျိုးမှာ ပစ္စုပ္ပန်ကာလအတွက် ပေးထားတဲ့ပုံစံဖြင့်ရေးသားပြောဆိုရပါတယ်။
____အတိတ်ကာမှာ ဖြစ်ပျက်ခဲ့သည် နောင်တရသည့်အခါတွင် "ချစ်သူနဲ့ဝေးနေခဲ့တယ်။ အလုပ်ကိုလုပ်နေခဲ့တယ်။ အိမ်နှင့်ဝေးနေခဲ့တယ်" အဲဒါကို ပြန်လည်၍ တမ်းတပြောဆိုသောအခါတွင် အတိတ်ကာလအတွက် ပေးထားသော ပုံစုံဖြင့်ရေးသားပြောဆိုရတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

There is .... / There are .... အသုံးအနှုန်းများ

အင်္ဂလိပ်စာလေ့လာရာတွင် There is .... /  There are .... အသုံးအနှုန်းများ ဆိုတာ အလယ်တန်းအထက်တန်း ကျောင်းသူ/သားတို့ကိုသာမက တက္ကသိုလ်ကျောင်းသူ/သားများကိုပါ ဒုက္ခကြီးကြီးပေးလေ့ရှိတယ်။ ဒါကြောင့် There is .... /  There are .... ဖြင့်ရေးသားတဲ့အတခါ တော်တော်များများ မှားတတ်ကြတယ်။
ဒီနေ့တော့ There is .... /  There are .... အသုံးအနှုန်းများ နဲ့ပတ်သက်၍ အလွယ်ကူဆုံးနည်းကို လေ့လာကြာရအောင်။ ကိုင်...ဘယ်လိုသုံးကြမလဲ။

There is .... /  There are .... ကိုသုံးမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်များကို ကြေညက်အောင် လေ့လာကျက်မှတ်ထားဖို့တိုက်တွန်းပါတယ်။

 There is .... /  There are .... ကို အသုံးရသည့်နေရာ

There is .... /  There are .... ကို
(၁)Article (အာတီကယ် - နာမ်ညွှန်းစကားလုံး) "a, an" ပါသော ကတ္တားပုဒ်များ (a boy, a book, an apple, etc.)
(၂) Some, all, any, no စသည့် ပမာဏပြ နာမဝိသေသနပါသော ကတ္တားများ (all students, no one, etc.)
(၃) Two, three, many, a few စသည့် သင်္ချာပြနာမဝိသေသနပါသော ကတ္တားများ (three books, many apples, etc.)
(၄) Countable Plural Noun ကတ္တားများ ( books, students, girls, etc.)
(၅) Uncountable Singular Noun ကတ္တားများ (milk, sand, gold, etc.)
(၆) ယူနစ်တစ်ခုရဲ့အစိပ်အပိုင်းများ
(၇) Some, anyone, no one, something, anything, nothing စသည့်မတိကျ၊ မသေချာသော လူ/ အရာဝတ္ထုတို့ရှိခြင်း တို့ကို There is .... /  There are .... အသုံးအနှုန်းများဖြင့် ရေးသားပြောဆိုရလေသည်။

-- Countable Nouns နှင့် Uncountable Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Singular Nouns နှင့် Plural Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Adjective အမျိုးအစားများကို ဤနေရာတွင်လေ့လာပါ။
-- Articles အကြောင်းကို ဤနေရာတွင် လေ့လာပါ။

ဥပမာ။ ။
(a) There is a girl in the class room.
စာသင်ခန်းထဲတွင် ကောင်းမလေးတစ်ယောက်ရှိတယ်။
(b) A girl is in the class room.

(a) There will be some girls in the class.
သင်တန်းထဲမှာ ကောင်းမလေးအချို့ရှိကြလိမ့်မည်။
(b) Some girls will be in the class.

(a) There were boys in the room.
ကောင်းလေးတွေ အခန်းထဲတွင်ရှိကြတယ်။
(b) Boys were in the room.

(a) There will be milk in the bottle.
ပုလင်းထဲမှာနို့ရှိမှာပါ။
(b) Milk will be in the bottle.

(a) There are 60 seconds in a minute.
တစ်မိနစ်တွင် စက္ကန့်ခြောက်ဆယ်ရှိတယ်။
(b) 60 seconds are in a minute.

(a) There are 24 hours in a day.
တစ်ရက်မှာ ၂၄ နာရီရှိတယ်။
(b) 24 hours are in a day.

(a) There is nobody in the office.
ရုံးခန်းထဲမှာ ဘယ်သူမှမရှိဘူး။
(b) Nobody is in the office.

(a) There are seven days in a week.
တစ်ပတ်မှာ ၇ ရက်ရှိတယ်။
(b) Seven days are in a week.

မှတ်ချက်။ ။ 
အထက်ပါ ဥပမာဝါကျအသီးသီးရှိ (a) နှင့် (b) တို့တွင် (b) ဝါကျပုံစံလည်း သဒ္ဒါ (Grammar) နည်းအရ လုံးဝမှန်ကန်၏။ သို့သော်လည်း Usage မရှိ။ ထိုကြောင့် (a) ပုံစံ There is..../ There are... ဖြင့်သာရေးသား ပြောဆိုပါလေ။ 
________________________

 There is .... /  There are .... ကို အသုံးမပြုရသည့်နေရာ 

There is .... /  There are .... ကို
(၁) the, this, that, these, those  ပါသော ကတ္တားများ
(၂) I, we, you, you, he, she, it, they နာမ်စား ကတ္တားများ
(၃) my, our, your, his, her, theirs, its တို့ဖြင့်တွဲထားသော (my book, his sisters, etc.) ကတ္တားများ တို့ဖြင့် လုံးဝ (လုံးဝ) မသုံးရ။

ဥပမာ။  
အောက်ပါကဲ့သို့မရေးရပါ။

There am I in the class room.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

There are the books on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

There is your sister in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။


အထက်ပါဝါကျတို့အား အောက်ပါကဲ့သို့ရေးသားရလေသည်။

I am in the class.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

The books are on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

Your sister is in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။

မှတ်ချက်။  ။ There will be.... ဟုသုံးသော်လည်း There shall be .... ဟုမသုံးရ။ 
There is....../ There are....../ There was..../ There were...../ There will be..... စသည်ဖြင့် မိမိရေး ပြောချင်သောကာလကိုကြည့်၍ ရေးသားပါလေ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Friday, October 9, 2015

If I were you, I would (I'd)........ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်....

If I were you, I would (I'd)........ ကျွန်တော်သာ  ခင်ဗျားနေရာမှာဆိုရင်.... ဒီအသုံးအနှုံးကို နှိုင်းယှဉ်ပြောဆိုတဲ့အခါသုံးတယ်။ ငါသာ မင်းနေရာမှာဆိုရင်.....၊ ငါသာ မင်းဖြစ်ဆိုရင်တော့....၊ စသည်ဖြင့် လူတစ်ဦးတစ်ယောက် လုပ်ကိုင်ပုံပြောဆိုပုံ စသည်တို့ကို အားမလို အားမရဖြစ်တဲ့အခါ ရေးသား ပြောဆိုရတယ်။

If I were you, ဝါကျတွင် အင်္ဂလိပ်သဒ္ဒါစည်းကမ်းအရ I ကို အတိတ်ကာလ (Past Tense) အတွက် Verb to be (am, is, are, was, were) was နှင့်တွဲပြီး I was ဖြင့်တွဲသုံးရသော်လည်း ဒီ Pattern မှာတော့ was အစား were ကိုပဲသုံးရပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်နိုင်တာကို တွေးတော့လို့ပါပဲ။ ဒါကြောင့် - ငါ သာမင်းဖြစ်(ခဲ့)ရင် If I were you, ငါသာ သူမနေရာမှာဆိုရင် If I were her, စသည်ဖြင့် Subject က နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အမြဲတမ်း were နှင့်သာတွဲ၍ ရေးသားပြောဆိုရပါသည်။ ကိုင်! ဥပမာ ဝါကျလေးတွေကို လေ့လာကြည့်ကြရအောင်။

If I were you, I'd refuse what she asked help from you.
ကျွန်တော်သာ မင်းနေရာမှာဆိုရင် ခင်ဗျားဆီက သူမအကူအညီတောင်တာကို ငြင်းပယ်လိုက်မယ်။

If I were you, I'd elope with him last year.
ငါသာ နင့်နေရာမှာဆိုရင်တော့ လွန်ခဲ့နှစ်က သူနှင့်အတူ ခိုးရာလိုက်ပြေးသွားမှာ။

If I were her, I wouldn't date him.
ငါသာ သူမနေရာမှာဆိုရင် သူနဲ့ချိန်းတွေ့မှာမဟုတ်ဘူး။

If I were him, I'd listen to what his parents.
ကျွန်တော်သာ သူ့နေရာမှာဆို သူ့မိဘတွေပြောပြတာကို နားထောင်လိုက်မယ်။

I wouldn't speak Japanese if I were you.
ငါသာ မင်းဆိုရင်တော့ကွာ ဂျပန်စကားပြောမှာမဟုတ်ဘူး။

I'd study English if I were you.
ကျွန်တော်သာ မင်းနေရာမှာဆို အင်္ဂလိပ်စာလေ့လာမှာ။

အထူးမှတ်ချက်။  ။ If နှင့်စသည့် ဝါကျကို ဝါကအစတွင်ထားရေးသောအခါ comma (,) ထည့်ပေးရတာကို သတိထားပါ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Wednesday, August 12, 2015

'Used to do' and 'Be used to + N/ V-ing အသုံးပြုပုံ

  • Used to အသုံးပြုပုံ
အတိတ်ကပြုလုပ်တဲ့အလေ့အထရှိခဲ့တယ်။ သို့သော်လည်း ယခုတွင် မလုပ်တော့ ဆိုသည့်သဘော ကိုပြောဆို ရေးသားလိုသောအခါတွင် used to +v1 ဖြင့်ရေး ပြောရသည်။
အတိတ်က ပြုလုပ်လေ့မရှိခဲ့။ သို့သော် ယခုတွင် ပြုလုပ်နေကြောင်းကို ပြောဆိုရေးသားချင်ရင်တော့ didn't use to + v1 ဖြင့်ရေး ပြောရသည်။

  • S+used to +V အလေ့အထရှိခဲ့သည် 
I used to smoke 20 cigarettes a day.
ကျွန်တော် တစ်နေ့ကို စီကရက် အလိပ် ၂၀ သောက်လေ့ရှိခဲ့တယ်။

Everyday I used to play football with my friends when I was a child.
ကျွန်တော်ဟာ ကလေးဘဝတုန်းက သူငယ်ချင်းတွေနှင့် နေ့တိုင်း ဘောလုံးကစားလေ့ရှိခဲ့တယ်။

She used to get angry with me.
သူမဟာ ကျွန်တော်ကို စိတ်ဆိုးလေ့ရှိခဲ့တယ်။

My students used to be lazy to do their homework.
ငါ့ကျောင်းသားတွေကတော့ အိမ်စာလုပ်ရမှာကို ပျင်းလေ့ရှိခဲ့တယ်။

  • S+didn't use to +V1 အလေ့အထမရှိခဲ့။
I didn't use to walk anywhere.
ကျွန်တော်ကတော့ ဘယ်ကိုမှ လမ်းလျောက်လေ့မရှိခဲ့ဘူး။

I didn't use to do any exercise.
ကျွန်တော်က ဘာလေ့ကျင့်မှ လုပ်လေ့မရှိခဲ့ဘူး။

They didn't use to write even a letter well.
သူတို့ဟာ စာတစ်စောင်ကိုတောင်မှ ကောင်းကောင်းမရေးတတ်ခဲ့ကြဘူး။
  • used to နှင့် didn't used to တို့တွင် အမြဲတမ်းဆန့်ကျင်ဖက် သဘောဆောင်တဲ့ အဓိပ္ပါယ်ရှိတယ်။ များသောအားဖြင့် but ဖြင့်တွဲရေးရတဲ့ ဝါကျရှိတယ်။ ဟိုတုန်းကတော့ လုပ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ မလုပ်တော့ဘူး ဆိုတဲ့အဓပ္ပါယ်ပါပဲ။
ဥပမာ။ ။

I used to smoke 20 cigarettes a day, but I stop smoking now.
ကျွန်တော် တစ်နေ့ကို စီကရက် အလိပ် ၂၀ သောက်လေ့ရှိခဲ့တယ်။ ဒါပေမယ့် ခုတော့ ကျွန်တော်ဟာ ဆေးလိပ်ဖြတ်လိုက်ပြီဗျ။

When I was young, I used to play with dolls, but I don't anymore.
ကလေးဘဝတုန်းကတော့ အရုပ်ကလေးတွေနှင့်ကစးလေ့ရှိခဲ့တာပေါ့။ ဒါပေမယ့် ခုတော့ မကစားတော့ပါဘူးဗျ။

My students didn't use to write even a letter well when they came to study at my class, but now they can do it (write a letter) very well.
သူတို့ငါ့သင်တန်းကိုလာတုန်းက စာတစ်စောင်ကိုတောင်မှ ကောင်းကောင်းမရေးတတ်ခဲ့ကြဘူး။ ဒါပေမယ့် အခုတော့ သူတို့က စာကောင်းကောင်းရေးတတ်နေကြပြီ။

  • S+ be used to + N/ V-ing - အသားကျလာပြီ။ Or S+get/ got used to + N/V-ing
(ဆိုလိုချက်က - တစ်စုံတစ်ခုနှင့် အစပိုင်းမှာတော့ တရင်းတနှီးမရှိလှဘူး။ အဆန်းတကြယ်ဖြစ်နေတယ်။ ဒါပေမယ့် အခုတော့ ယဉ်ပါးလာပြီ။ အသားကျလာပြီ။ မခက်ခဲ့တော့ဘူး။- ဆိုတဲ့အဓိပ္ပါယ်ကိုဆောင်သည်။)
(be နေရာတွင် subject ကိုလိုက်၍ am, is, are, was, were, တို့ကို သုံးပါ)

I am used to drinking green tea.
ရေနွေးကြမ်းသောက်ရတာ အသားကျလာပြီ။

I don't understand him; I'm not used to his accent yet.
သူပြောတာကို ငါနားမလည်ဘူးဟ။ ငါက သူ့စကားပြောဆိုပုံလေသံနဲ့ အခုထိ မယဉ်ပါးသေးဘူး။

I got used to his Arakanese accent after a while.
ခဏနေပြီးတဲ့နောက်မှာတော့ ငါဟာ သူရဲ့ရခိုင်အသံနဲ့ အသားကျလာတယ်။

My younger sister got used to waking up early in the morning.
ငါ့ညီမလေးက မနက်အစောကြီးထတာ ရိုးနေပါပြီ။

I'm used to the cold weather.
ရာသီဥတုအေးတာကတော့ကွာ ငါ့အတွက် အဆန်းမဟုတ်တော့ပါဘူး။ ရိုးနေပါပြီ။
  1. Question - used to + 
Did you use to exercise regularly?
ခင်ဗျားက လေ့ကျင့်ခန်းပုံမှန်လုပ်လား။

Yes, I used to go jogging nearly everyday.
အင်း။ နေတိုင်းလိုလိုပဲ လမ်းလျောက်တယ်ဗျ။
No, I didn't use to exercise on a regular basis.
ဟင်အင်း။ ပုံမှန်လေ့ကျင့်ခန်းတော့ မလုပ်ပါဘူး။

Are you use to drinking green tea?
ရေနွေးကြမ်းသောက်ရတာ အသားကျလာပြီလား

Yes, I am used to drinking green tea.
ဟုတ်ကဲ့။ ရနွေးကြမ်းသောက်ရတာ အသားကျလာပြီ။
No, I am not  used to drinking green tea.
ဟင်အင်။  ရနွေးကြမ်းသောက်ရတာ အသားကျမကျသေးဘူး။

Are you use to the cold weather?
အေးတဲ့ ရာသီဥတုနဲ့ နေသားကျနေပြီလား။

Yes,  I'm used to the cold weather.
အင်း။ အးတဲ့ ရာသီဥတုနဲ့ နေသားကျနေပြီ။
No' I'm not used to the cold weather.
ဟင်အင်။ အေးတဲ့ ရာသီဥတုနဲ့ နေသားမကျသေးဘူး။

Did you get used to his Arakanese accent?
မင်း သူရဲ့ရခိုင်အသံနဲ့ အသားကျနေပြီလား။

Yes, I got used to his Arakanese accent.
အင်း။  သူရဲ့ရခိုင်အသံနဲ့ ကျွန်တော်အသားကျနေပြီ။
No, I didn't get used to his Arakanese accent.
ဟင်အင်။  သူရဲ့ရခိုင်အသံနဲ့ ကျွန်တော်အသားမကျသေးဘူး။

အထူးမှတ်ချက်။ ။
ယခုမျက်မှောက်ကာလမှာ လုပ်လေ့လုပ်ထ ရှိနေကြောင်းကို ပြောဆိုရေးသားချင်ရင်တော့ usually နှင့် ကိုသုံးပြီးပြောရတယ်။

ဥပမာ။  ။

I usually arrive home at 4:20 pm.
ကျွန်တော်ဟာ အိမ်ကို လေးနှစ်ဆယ်မိနစ်မှာ ရောက်လေ့ရှိပါတယ်။

My mom usually wakes up very early in the morning.
မနက်ဆိုရင် အမေက အစောကြီးထလေ့ရှိတယ်ဗျ။

Do you usually go shopping on Sunday?
တနင်္ဂနွေနေ့ဆို ချော့ပင်းထွက်လေ့ရှိလား။

English Grammar in Use, Intermediate 4th Edit မှာပေးထားတဲ့ ဥပမာလေးတွေကိုလည်း ဆက်လက်ပြီး လေ့လာကြည့်ပါအုံး။ 

Study this example situation:
Nicola doesn't travel much these days.
She prefers to stay at home.
But she used to travel a lot.
She used to go away two or three times a year.
She used to travel a lot= she travelled a lot often in the
past, but she doesn't do this any more.

Study this example situation:
Lisa is American, but she lives in Britain. When she first drove a car in Britain, she found it very difficult because she had to drive on the left, not on the right. Driving on the left was strange and difficult for her because:

She wasn't used to it.
She wasn't used to driving on the left.

But after a lot of practice, driving on t he left became less strange. So:
She got used to driving on the left. Now ifs no problem for Lisa:
She is used to driving on the left .

___အကောင်ချေ (ကျောက်ရိုး)
၁၂-၀၈-၂၀၁၅

Monday, April 21, 2014

Be going to .... အသုံးအနှုန်း

Be going to .... အသုံးအနှုန်း

S+be going to + V1  (သွား/စား/အိပ်) တော့မလို့။ (ဖြစ်လုဆဲဆဲ ကာလကိုညွှန်းဆို)။ (တစ်စုံတစ်ခုကိုပြုလုပ်ရန် ရည်ရွယ်ထားသောအခါတွင်လည်း သုံးသည်။)

(Note: Be = am, is, are, was, were)
I'm going to study English. ငါ အင်္ဂလိပ်စာကို လေ့လာတော့မလို့ပါ။
She's going to sing the song on the stage. သူမ စတိတ်စင်မြင်မှာ သီချင်းဆိုတော့မယ်။
The students are going to start speaking English. ကျောင်းသားများဟာ အင်္ဂလိပ်စကားကို စပြောကြတော့မလို့။

S+ be going to+N ....ကို/ဆီသို့ သွားလိမ့်မည် (Going နေရာတွင် တခြားသော V-ing ကိုအသုံးပြု၍လည်းရေး၊ ပြောနိုင်သည်)
ဒီလိုမျိုး (present progressive or present continue) နဲ့ သုံးနှုန်းပြောဆိုရင်တော့ ချိန်းဆိုထားပြီးအခြေအနေ၊ ကတိကဝတ်ပြုထားပြီးအခြေအနေနဲ့ တိကျတဲ့ အခြေအနေတို့တွင် သုံးတယ်။

I'm (I am) going to the doctor tomorrow. ကျွန်တော် မနက်ဖန် ဆရာဝန်ဆီသွားမယ်။ (ဆရာဝန်ကိုသွားပြန်မယ်။)
My younger sister is going to Kyaukphru next week. ငါ့ညီမငယ်ဟာ နောက်ရက်သတ္တတ်ပတ်တွင် ကျောက်ဖြူကိုသွားတော့မယ်။

I am flying to Hungry next month. နောက်လတွင် ကျွန်တော် ဟန်ဂယ်ရီကို (လေယာဉ်)ဖြင့်သွားမယ်။
(လေယာဉ်လက်မှတ်ဝယ်ထားပြီးသည့်အခါမျိုးတွင် အထက်ပါကဲ့သို့ရေးပြောနိုင်သည်)

I'm going to go to Mrauk-U for my summer holiday this year. ဒီနှစ် နွေရာသီအားလပ်ရက်တွင် ငါ မြောက်ဦးကိုသွားမှာ။
(မသေချာသေးတဲ့အခါမျိုး။ ရည်ရွယ်ထားရုံ၊ စိတ်ကူးထားရုံသာ ရှိသေးတဲ့အခါမျိုးတွင် အထက်ပါအတိုင်းရေး၊ ပြောနိုင်သည်။)
-------
အကောင်ချေ (ကျောက်ရိုး)

Ref: http://www.bbc.co.uk/worldservice/learningenglish/radio/specials/1535_questionanswer/page14.shtml
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories