Showing posts with label အခြေခံ အင်္ဂလိပ်သဒ္ဒါ. Show all posts
Showing posts with label အခြေခံ အင်္ဂလိပ်သဒ္ဒါ. Show all posts

Saturday, October 10, 2015

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

ဒီနေ့မှာတော့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ အကြောင်းကိုလေ့ကြရအောင်နော်။ ဒီအကြောင်းကိုမလေ့လာမီ အင်္ဂလိပ်စာကိုစတင်လေ့လာသူများအနေဖြင့် Prepositions - ဝိဘတ်များကို ဤနေရာတွင်လေ့လာပါ။ အသုံးများသော Preposition (ဝိဘတ်) တို့အသုံးပြုပုံ အသုံးပြုနည်းကိုတော့ ဤနေရာတွင် ဆောင်ပုဒ်များဖြင့်ဖော်ပြဖူးပြီးဖြစ်ပါတယ်။

Prepositional Phrases - ဝိဘတ်တွဲစကားစုများသင်္ခန်းစာကို First Steps in Academic Writing စာအုပ်ကနေ ထုတ်နှုတ်၍တင်ပြပေးသွားပါမယ်။ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ ဘာကိုဆိုတာလဲ။ ဘယ်လိုတည်ဆောက်ထားသလဲ။ အလွယ်ဆုံး အရှင်းဆုံးပြောရရင်တော့ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ  at, in, from စတဲ့ Preposition (ဝိတ်ဘတ်) တစ်ခုကို Noun -နာမ်ပုဒ်တစ်ခုနှင့်တွဲလျက်ရေးသားခြင်းကို ဆိုလိုသည်ဟု သာမန်အားဖြင့်မှတ်သားထားပါ။ ဥပမာ - in the class, in the house, at six o'clock အစရှိသည်ဖြင့်ပေါ့နော်။

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

Prepositional Phrases - ဝိဘတ်တွဲစကားစုကိုခွဲခြားလိုက်တဲ့အခါ အုပ်စု ၄ မျိုးထွက်လာတယ်။
၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ where (ဘယ်မှာလဲ) ဖြင့်မေးမြန်းသော မေးခွန်းတို့ဖြေဆိုရန်အတွက်။
၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ when (ဘယ်အချိန်) ဖြင့်မေးမြန်းသော မေးခွန်းတို့ကိုဖြေဆိုရန်အတွက်။
၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the name) of my boss-သူဌေးအမည် အစရှိသည်။
၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the woman) with red hair - ဆံပင်အနီရောင်နဲ့ မိန်းမကြီး။ (the student) from Arakan - ရခိုင်ပြည်က ကျောင်းသား အစရှိသည်ဖြင့်။

၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

on the desk - စာပွဲခုံပေါ်တွင်
next to the window - ပြတင်းပေါက်နှင့်ကပ်လျက်
under the bed - အိပ်ရာအောက်တွင်
in front of the house - အိမ်ရှေ့တွင်
opposite to the door - မျက်နှာချင်းဆိုင်
in the closet - ဗီရိုထဲတွင်
in the middle of the room - အခန်းအလယ်တွင်
in/ into  the distance - အဝေးကြီးမှာ။ အဝေးကြီးသို့

Where is my book? ငါ့ စာအုပ်ဘယ်မှာလဲ
It is on the desk. စာပွဲခုံထက်မှာလေ။

Where is the table? စားပွဲဘယ်မှာလဲ။
It is next to the window. ပြတင်းနှင့်ကပ်လျက်ပဲ။

Where is your house? ခင်ဗျားအိမ်က ဘယ်မှာလဲ။
My house is opposite to the Kyaukphru Post Office.  ကျောက်ဖြူစာတိုက်နှင့်မျက်နှာချင်းပဲလေ။


၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

at last - နောက်ဆုံးတွင်။ နောက်ဆုံးမှာတော့
after that - ထိုနောက်
after class - သင်တန်းပြီးနောက်
on New's Year Day - နှစ်သစ်ကူးနေ့မှာ
before the test - စာမေးပွဲမတိုင်ခင်
upon arrival - ဆိုက်ရောက်တဲ့အခါ ။ ဆိုက်ရောက်လုနီးပါး
in the morning - မနက်ခင်းမှာ
at midnight - ညဥ့်သန်ခေါင်ယံအချိန်တွင်

When will we go shopping? ဘယ်တော့ ရှော့ပင်းထွက်ကြမလဲ။
We will go shopping after class. သင်တန်းပြီးရင် သွားကြမယ်လေ။

When will you do your homework taught in the class?
အတန်းထဲမှာသင်တဲ့ အိမ်စာကို ဘယ်တော့လုပ်မလဲ။
I will do my homework taught in the class in the morning.
မနက်ကျရင် လုပ်မှာပေါ့။

၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the father) of the bride - သူတိုးသမီးအဖေရဲ့အမည်
(the name) of my boss  - ကျွန်တော်တို့သူဌေးရဲ့ အမည်
(the colors) of the rainbow - သက်တံရောင်များ
(the president) of the company  - ကုမ္ပဏီလူကြီး

The father of the bride is my closed friend.
သူတိုးသမီးအဖေဟာ ကျွန်တော်ရဲ့ အခင်ဆုံးမိတ်ဆွေပဲ။

The name of my boss is Mr. John.
ကျွန်တော်ရဲ့ သူဌေးအမည်စာ မစ္စတာဂျွန်ဖြစ်တယ်။

The colors of the rainbow are so amazing.
သက်တံရောင်တွေ အံ့အားသင့်စရာကောင်းတယ်။

၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the woman) with red hair
(the student) from Ecuador
(the man) in the blue shirt
(the car) with the flat tire

The woman with red hair is coming toward us.
ဆံပင်အနီရောင်နဲ့ အမျိုးသမီးကြီး ငါတို့ဆီသို့ဦးတည်လာနေတယ်ကွ။

I met the student from Kyaukphru.
ကျောက်ဖြူက ကျောင်းသားကို ငါတွေ့ခဲ့တယ်။

The student from Ramree is very good at English.
ရမ်းဗြဲက ကျောင်းသားဟာ အင်္ဂလိပ်စာတော်တယ်။

The man in the blue shirt looks like a spy.
အပြာရောင်ရှပ်အကျီဝတ်ထားတဲ့လူဟာ သူလျို့ဖြစ်ပုံရတယ်။

Ref: First Steps in Academic Writing, P. 113

အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Wednesday, August 12, 2015

'Used to do' and 'Be used to + N/ V-ing အသုံးပြုပုံ

  • Used to အသုံးပြုပုံ
အတိတ်ကပြုလုပ်တဲ့အလေ့အထရှိခဲ့တယ်။ သို့သော်လည်း ယခုတွင် မလုပ်တော့ ဆိုသည့်သဘော ကိုပြောဆို ရေးသားလိုသောအခါတွင် used to +v1 ဖြင့်ရေး ပြောရသည်။
အတိတ်က ပြုလုပ်လေ့မရှိခဲ့။ သို့သော် ယခုတွင် ပြုလုပ်နေကြောင်းကို ပြောဆိုရေးသားချင်ရင်တော့ didn't use to + v1 ဖြင့်ရေး ပြောရသည်။

  • S+used to +V အလေ့အထရှိခဲ့သည် 
I used to smoke 20 cigarettes a day.
ကျွန်တော် တစ်နေ့ကို စီကရက် အလိပ် ၂၀ သောက်လေ့ရှိခဲ့တယ်။

Everyday I used to play football with my friends when I was a child.
ကျွန်တော်ဟာ ကလေးဘဝတုန်းက သူငယ်ချင်းတွေနှင့် နေ့တိုင်း ဘောလုံးကစားလေ့ရှိခဲ့တယ်။

She used to get angry with me.
သူမဟာ ကျွန်တော်ကို စိတ်ဆိုးလေ့ရှိခဲ့တယ်။

My students used to be lazy to do their homework.
ငါ့ကျောင်းသားတွေကတော့ အိမ်စာလုပ်ရမှာကို ပျင်းလေ့ရှိခဲ့တယ်။

  • S+didn't use to +V1 အလေ့အထမရှိခဲ့။
I didn't use to walk anywhere.
ကျွန်တော်ကတော့ ဘယ်ကိုမှ လမ်းလျောက်လေ့မရှိခဲ့ဘူး။

I didn't use to do any exercise.
ကျွန်တော်က ဘာလေ့ကျင့်မှ လုပ်လေ့မရှိခဲ့ဘူး။

They didn't use to write even a letter well.
သူတို့ဟာ စာတစ်စောင်ကိုတောင်မှ ကောင်းကောင်းမရေးတတ်ခဲ့ကြဘူး။
  • used to နှင့် didn't used to တို့တွင် အမြဲတမ်းဆန့်ကျင်ဖက် သဘောဆောင်တဲ့ အဓိပ္ပါယ်ရှိတယ်။ များသောအားဖြင့် but ဖြင့်တွဲရေးရတဲ့ ဝါကျရှိတယ်။ ဟိုတုန်းကတော့ လုပ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ မလုပ်တော့ဘူး ဆိုတဲ့အဓပ္ပါယ်ပါပဲ။
ဥပမာ။ ။

I used to smoke 20 cigarettes a day, but I stop smoking now.
ကျွန်တော် တစ်နေ့ကို စီကရက် အလိပ် ၂၀ သောက်လေ့ရှိခဲ့တယ်။ ဒါပေမယ့် ခုတော့ ကျွန်တော်ဟာ ဆေးလိပ်ဖြတ်လိုက်ပြီဗျ။

When I was young, I used to play with dolls, but I don't anymore.
ကလေးဘဝတုန်းကတော့ အရုပ်ကလေးတွေနှင့်ကစးလေ့ရှိခဲ့တာပေါ့။ ဒါပေမယ့် ခုတော့ မကစားတော့ပါဘူးဗျ။

My students didn't use to write even a letter well when they came to study at my class, but now they can do it (write a letter) very well.
သူတို့ငါ့သင်တန်းကိုလာတုန်းက စာတစ်စောင်ကိုတောင်မှ ကောင်းကောင်းမရေးတတ်ခဲ့ကြဘူး။ ဒါပေမယ့် အခုတော့ သူတို့က စာကောင်းကောင်းရေးတတ်နေကြပြီ။

  • S+ be used to + N/ V-ing - အသားကျလာပြီ။ Or S+get/ got used to + N/V-ing
(ဆိုလိုချက်က - တစ်စုံတစ်ခုနှင့် အစပိုင်းမှာတော့ တရင်းတနှီးမရှိလှဘူး။ အဆန်းတကြယ်ဖြစ်နေတယ်။ ဒါပေမယ့် အခုတော့ ယဉ်ပါးလာပြီ။ အသားကျလာပြီ။ မခက်ခဲ့တော့ဘူး။- ဆိုတဲ့အဓိပ္ပါယ်ကိုဆောင်သည်။)
(be နေရာတွင် subject ကိုလိုက်၍ am, is, are, was, were, တို့ကို သုံးပါ)

I am used to drinking green tea.
ရေနွေးကြမ်းသောက်ရတာ အသားကျလာပြီ။

I don't understand him; I'm not used to his accent yet.
သူပြောတာကို ငါနားမလည်ဘူးဟ။ ငါက သူ့စကားပြောဆိုပုံလေသံနဲ့ အခုထိ မယဉ်ပါးသေးဘူး။

I got used to his Arakanese accent after a while.
ခဏနေပြီးတဲ့နောက်မှာတော့ ငါဟာ သူရဲ့ရခိုင်အသံနဲ့ အသားကျလာတယ်။

My younger sister got used to waking up early in the morning.
ငါ့ညီမလေးက မနက်အစောကြီးထတာ ရိုးနေပါပြီ။

I'm used to the cold weather.
ရာသီဥတုအေးတာကတော့ကွာ ငါ့အတွက် အဆန်းမဟုတ်တော့ပါဘူး။ ရိုးနေပါပြီ။
  1. Question - used to + 
Did you use to exercise regularly?
ခင်ဗျားက လေ့ကျင့်ခန်းပုံမှန်လုပ်လား။

Yes, I used to go jogging nearly everyday.
အင်း။ နေတိုင်းလိုလိုပဲ လမ်းလျောက်တယ်ဗျ။
No, I didn't use to exercise on a regular basis.
ဟင်အင်း။ ပုံမှန်လေ့ကျင့်ခန်းတော့ မလုပ်ပါဘူး။

Are you use to drinking green tea?
ရေနွေးကြမ်းသောက်ရတာ အသားကျလာပြီလား

Yes, I am used to drinking green tea.
ဟုတ်ကဲ့။ ရနွေးကြမ်းသောက်ရတာ အသားကျလာပြီ။
No, I am not  used to drinking green tea.
ဟင်အင်။  ရနွေးကြမ်းသောက်ရတာ အသားကျမကျသေးဘူး။

Are you use to the cold weather?
အေးတဲ့ ရာသီဥတုနဲ့ နေသားကျနေပြီလား။

Yes,  I'm used to the cold weather.
အင်း။ အးတဲ့ ရာသီဥတုနဲ့ နေသားကျနေပြီ။
No' I'm not used to the cold weather.
ဟင်အင်။ အေးတဲ့ ရာသီဥတုနဲ့ နေသားမကျသေးဘူး။

Did you get used to his Arakanese accent?
မင်း သူရဲ့ရခိုင်အသံနဲ့ အသားကျနေပြီလား။

Yes, I got used to his Arakanese accent.
အင်း။  သူရဲ့ရခိုင်အသံနဲ့ ကျွန်တော်အသားကျနေပြီ။
No, I didn't get used to his Arakanese accent.
ဟင်အင်။  သူရဲ့ရခိုင်အသံနဲ့ ကျွန်တော်အသားမကျသေးဘူး။

အထူးမှတ်ချက်။ ။
ယခုမျက်မှောက်ကာလမှာ လုပ်လေ့လုပ်ထ ရှိနေကြောင်းကို ပြောဆိုရေးသားချင်ရင်တော့ usually နှင့် ကိုသုံးပြီးပြောရတယ်။

ဥပမာ။  ။

I usually arrive home at 4:20 pm.
ကျွန်တော်ဟာ အိမ်ကို လေးနှစ်ဆယ်မိနစ်မှာ ရောက်လေ့ရှိပါတယ်။

My mom usually wakes up very early in the morning.
မနက်ဆိုရင် အမေက အစောကြီးထလေ့ရှိတယ်ဗျ။

Do you usually go shopping on Sunday?
တနင်္ဂနွေနေ့ဆို ချော့ပင်းထွက်လေ့ရှိလား။

English Grammar in Use, Intermediate 4th Edit မှာပေးထားတဲ့ ဥပမာလေးတွေကိုလည်း ဆက်လက်ပြီး လေ့လာကြည့်ပါအုံး။ 

Study this example situation:
Nicola doesn't travel much these days.
She prefers to stay at home.
But she used to travel a lot.
She used to go away two or three times a year.
She used to travel a lot= she travelled a lot often in the
past, but she doesn't do this any more.

Study this example situation:
Lisa is American, but she lives in Britain. When she first drove a car in Britain, she found it very difficult because she had to drive on the left, not on the right. Driving on the left was strange and difficult for her because:

She wasn't used to it.
She wasn't used to driving on the left.

But after a lot of practice, driving on t he left became less strange. So:
She got used to driving on the left. Now ifs no problem for Lisa:
She is used to driving on the left .

___အကောင်ချေ (ကျောက်ရိုး)
၁၂-၀၈-၂၀၁၅

Friday, October 3, 2014

Present Simple Tense (ရိုးရိုးပစ္စုပ္ပန်ကာလ) နှင့် Present Continuous Tense (ပစ္စုပ္ပုန်ဆက်လက်ကာလ) အသုံးပြုပုံ


My name's Alan. I work in an office, but I'm not sitting at my desk this week. I'm doing a Leadership Course for new managers.

At the moment we're building a bridge, because we need to cross a river. We're all working hard, but I think it's great. I certainly prefer this to the office.
I'm really enjoying it.

It's nine o'clock in the evening and Alan doesn't feel very happy now. He usually watches TV in the evening, but he isn't watching TV today. He's putting up a tent.

I don't think this. It's raining and I feel cold, wet, and hungry. Perhaps I don't want to be a manager after all.



  *Present Simple Tense (ရိုးရိုးပစ္စုပ္ပန်ကာလ) ကို ----

 1. ပုံမှန် လုပ်ဆောင်ချက်များကိုဖော်ပြလိုသောအခါ 

  •  He usually watches TV in the evening.


  2. အမြဲတမ်း သို့မဟုတ် ယေဘုယျ ဖြစ်ပျက်နေသောအကြောင်းအအရာကို ဖော်ပြလိုသောအခါ

  • I work in an office. 
  • She goes to school. 


3. အောက်ပါ စကားလုံးများနှင့် တွဲသုံးလေ့ရှိသည်။

  • usually, often, always, everyday, on Saturdays  
  • I always get up early morning.
  • I usually read any kinds of historical books.
  • Everyday she goes to school. 


 * Present Continuous Tense (ပစ္စုပ္ပုန်ဆက်လက်ကာလ) ကို ------

  1. ယာယီဖြစ်ပျက်နေသောအကြောင်းအရာ၊ အခြေအနေများကိုဖော်ပြလိုသောအခါ 

  • He isn't wearing a suit today.
  • We're doing a leadership course this week. 


2. စကားပြောနေသောအချိန်တွင် ဖြစ်ပျက်နေသောအခါ

  • She's talking on her mobile at the moment.
  • I'm not using the Internet now. 


3. အနာဂတ်ကာလ၌ arrangements ကိုဖော်ပြလိုသေအခါ 

  • We're meeting for dinner on Friday.
  • I'm working this weekend. 


4. အောက်ပါစကားလုံးတို့ဖြင့် တွဲသုံးသောအခါ


  • now, at the moment, today, this week  

Now I'm reading a book by U San Tha Aung.
 They're going to Mrau-U for pilgrimage this week.




အထူးမှတ်ချက်။

 Describing States (Stative Verbs) ဟုခေါ်သော
"need, want, think, believe, know, like, prefer, love"  ကြိယာတို့နှင့် Present Continuous Tense နှင့် တွဲသုံးလေ့မရှိပေ။ I'm needing, I'm wanting စသည်ဖြင့် မသုံးရဟုမှတ်ပါ။

 Exercise 1. 
Make sentences. Put the verbs into the correct tense.

1. He / usually / work/ indoors. This week/  he/ work/ outdoors.
2. At the moment/ I/ cook/  a meal. I/ normally/ not cook/ anything.
3. He/ usually/ not walk/ a lot. H/ walk/ 10 kilometers today.
4. It's 5 a.m./ Alan/ get up/ now. He/ normally/ get up/ at 7.30.
5. I/ usually/ wear/ a suit. This week/ I/ wear/ jeans.



 Exercise 2. 
 Put the verbs into the correct tense.

1. A I____(go) to the show now. We____(need) some bread.
B Oh, I _______(think) the shop _________(close) at four on Sundays.
2. A The Director _________(want) to talk to Katrin, but I ________(not know) where she is. 
B I ________(believe) she _______(have) lunch at the moment. She usually _____(go) for lunch at 1.30.
3. A I _______ (make) a cup of coffee now. _______(you/ want) one?
B  No, thanks, I _______(not like) coffee. I _______(prefer) tea.

================================================ 
____ Tom Hutchinson ရေးတဲ့ English for Life, Intermediate Student's Book စာအုပ်မှ ကူးယူဖော်ပြပါသည်။
 

Thursday, October 2, 2014

Active Voice to Passive Voice အတွက် ကြိုတင် သိထားသင့်သော အချက်များ


Adverb of Manner ပါသော (ly - ဆုံးသောဝါကျကို Active Voice မှ Passive Voice သို့ပြောင်းရာတွင်  Adverb of Manner  (ly - ဆုံးသော Adverb) ကို Passive Voice ဝါကျ၌ များသောအားဖြင့် V3 ၏ရှေ့တွင်ထားပေးရသည်။  (Adverb အသုံးပြုပုံကို Adverb အသုံးပြုပုံကဏ္ဍ၌ ဆောင်ပုဒ်နှင့်တကွ ဖော်ပြခဲ့ပြီးပြီ။ ပြန်လည်ကြည့်ရှုပါ။)

Ø  I study English happily. (A V)  >>> English is happily studied (by me). (P V)
Active Voice ဝါကျတို့တွင် Subject သည်  No one, No body, None တို့ ဖြစ်ပါက Passive Voice ပြောင်းသောအခါ not ကိုပေးရသည်။ (Negative Sentence ပြောင်းပေးရသည်။)

Ø  No one likes death. (A V )  >>> Death is not liked. ( P V)
Ø  No body knows when we will pass away. ( A V) >>> When we will pass away is not known. ( P V)
                                                                              >>> It is not known when we will pass away. (P V)
            
Active Voice ဝါကျတွင Subject သည် They, We, People, Someone, Everyone, Somebody, Everybody တို့ဖြစ်က  Passive Voice ပြောင်းသောအခါတွင by them, by us စသည်ဖြင့် ပြန်မထည့်ဘဲ ချန်ထားနိုင်သော်လည်း  Noun     ( a boy, Su Su, etc. ) ပုဒ်များဖြစ်က  by a boy, by Su Su စသည်ဖြင့် ပြန်ထည့်ပေးရသည်။ ( I, You, He, She, It) တို့ဖြစ်က Passive Voice ပြောင်းရာတွင် by me, by you စသည်ဖြင့် ပြန်ထည့်လို့ ရသလို ပြန်မထည့်ဘဲလည်း ထားနိုင်သည်။

Ø  I play games with Mrat Thar Htun. (A V ) >>> Games are played with Mrat Thar Htun (by me). (P V)
Ø  Su Su is reading the books. ( A V )  >>> The books are read by Su Su. ( P V )

Object နှစ်ခုပါသော (Direct Object & Indirect Object ) Active Voice ဝါကျကို Passive Voice သို့ပြောင်းသောအခါ သက်ရှိဖြစ်သောအခါ Indirect Object ကို Subject နေရာ (ရှေ့ဆုံး) သို့ ပြောင်းပေးပါက ပိုကောင်းသည်။

A.     I give  San Htwe    a lovely present. ( A V)
              ID. O            D.O
B.     I give a lovely present to San Htwe.  (A V)
                    D.O                 ID. O
      A.  San Htwe is given a lovely present by me. ( P V)    or
             A lovely present is given to San Htwe by me. ( P V)
                   B.  A lovely present is given to San Htwe by me. ( P V) or
                          San Htwe is given a lovely present by me. ( P V )   

Three Kinds of Subject (အကြောင်းအရာ - ၃ မျိုး) နှင့် Kinds of Object (ကံပုဒ်အမျိုးအစား)


Three Kinds of Subject (အကြောင်းအရာ - ၃ မျိုး)
1.      ပြုလုပ်တဲ့ Subject
Ø  I write the letter. ငါဟာ စာရေးတယ်။


2.      ပြုလည်းမပြုလုပ် ခံလည်းမခံရတဲ့ Subject (ရှိကြောင်း၊ ဖြစ်ကြောင်းကိုဖော်ပြ)
Ø  The letter is on the table. စာဟာ စားပွဲပေါ်တွင်ရှိသည်။
3.      ခံရတဲ့ Subject (Passive Voice)
Ø  The Letter is written (by me). စာဟာ ငါ့ရဲ့ရေးခြင်းကိုခံရတယ်။


Kinds of Object (ကံပုဒ်အမျိုးအစား)


(a)   Object of the Verb - ကြိယာ၏ကံပုဒ်
Ø  I write a letter. ငါစာတစ်စောင်ကိုရေးတယ်။
(b)   Object of Preposition - ဝိဘတ်၏ကံပုဒ်
Ø  Don’t you sit on the chair? မင်းကုလားထိုင်ပေါ်မှာ မထိုင်ဘူးလား။
(c)     Direct Object - တိုက်ရိုက်ကံပုဒ်
Ø  San Hwe gave me a book. စန်းထွေးက ငါ့ကို စာအုပ်တစ်အုပ်ပေးတယ်။
Ø  The carpenter built me a house. လက်သမားက အိမ်တစ်ဆောင်ကို ငါ့အတွက် ဆောက်ပေးခဲ့တယ်။
(d)   Indirect Object - တစ်ဆင့်ခံကံပုဒ်
Ø  San Htwe gave a book to me. စန်းထွေးက စာအုပ်တစ်အုပ်ကို ငါ့အတွက်ပေးတယ်။
Ø  The carpenter built a house for me. လက်သမားက အိမ်တစ်ဆောင်ကို ငါ့အတွက် ဆောက်ပေးခဲ့တယ်။

Note:                Personal Noun or Pronoun တို့ကို Indirect Object (ID.O) ဟုခေါ်ပြီး၊ Impersonal Pronoun or Noun တို့ကို Direct Object (D.O) ဟုခေါ်သည်။ (ID.O) ကို Transitive Verb အနားမှာကပ်ထားပြီး၊  (D.O) ကို နောက်ဆုံးမှာထား၍ ရေးသားသောအခါ  To/For တို့ကိုထည့်စရာမလို။ (D.O) ကို Transitive Verb အနားမှာကပ်ထားပြီး၊  (ID.O) ကို နောက်ဆုံးမှာထား၍ ရေးသားလျှင်ကား To/For ကို (ID.O) ကြားနှင့် (D.O) ကြားတွင်ထည့်ပေးရသည်။

S + V + D.O + for/to + ID.O                              S + V + ID.O + D.O
The carpenter built a house for me.                       The carpenter built me a house.
San Htwe gave a book to me.                    San Hwe gave me a book.

Wednesday, October 1, 2014

Verbs (ကြိယာများ)ကို ‘s, es’ စသည်ပေါင်းထည့်ပြီး ‘Singular’ (အနည်းကိန်း) ပြုလုပ်ပုံ


Verbs (ကြိယာများ)ကို ‘s, es’ စသည်ပေါင်းထည့်ပြီးSingular’ (အနည်းကိန်း) ပြုလုပ်ပုံ
                   ၁။      Verb (ကြိယာ) တစ်လုံးဟာ 's, sh, x, ch, o ' တို့နှင့်ဆုံးသော မူလကြိယာကို Singular (ဧကဝုစ် (အနည်းကိန်း) ဖြစ်ရန်အတွက် 'es' ကိုသာပေါင်းပေးရသည်။
ဥပမာ။  kiss = kisses,  wash = washes, catch = catches, mix = mixes, go = goes, do = does, etc.
                 ၂။        Verb (ကြိယာ) တစ်လုံးသည် ' Y' နဲ့ဆုံးပြီး၊ 'Y' ရှေ့တွင် ဗျည်းရှိသောအခါ 'Y' ကို 'I' ပြောင်းပြီး 'es' ပေါင်းထည့်ပေးရသည်။
ဥပမာ။ try = tries, study = studies, marry = marries, fly = flies, cry = cries, etc.
                ၃။         Verb (ကြိယာ) တစ်လုံးဟာ 'Y' နှင့်ဆုံသော်လည်း 'Y' ရှေ့တွင် သရရှိသောအခါ  'Y' ကို 'I' မပြောင်းပဲ 's' ကိုသာဆက်ပေးရသည်။
ဥပမာ။  obey = obeys, play = plays, pray = prays, ect.
               ၄။            အထက်ပါ ဥပဒေ စည်းကမ်းကလွဲရင် ကျန်တဲ့ကြိယာတို့ကို အနည်းကိန်းဖြစ်ရန်အတွက် 's' ကိုဆက်ပေးရသည်။
ဥပမာ။ read = reads, meet = meets, write = writes, speak = speaks, sleep = sleeps, drive = drives, etc.
Verb တို့ကို V2, V3 & V-ing  ပြုလုပ်နည်းများ
၁။ E အက္ခရာတစ်လုံးတည်းဆုံးသော ကြိယာကို Past Tense (V2)  နှင့် Past Participle(v3)  ဖြစ်လာရန်အတွက် D ကိုသာဆက်ပေးရပြီး၊ Present Participle (V-ing)  ဖြစ်ရန်အတွက် E ကိုဖြုတ်ပြီး Ing ဆက်ပေးရသည်။
Present Tense

သည
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Love
Loving
Loved
Loved
ချစ်သည်၊ နှစ်သက်သည်
Live
Living
Lived
Lived
နေထိုင်သည်
Hate
Hating
Hated
Hated
မုန်းသည်
 Close
Closing
Closed
Closed
ပိတ်သည်
Bake
Baking
Baked
Baked
မုန့်ဖုတ်သည်

၂။ Y ဆုံး၍ ရှေ့က ဗျည်းရှိသော ကြိယာများတွင် Past Tense နှင့် Past Participle ဖြစ်လာရန်အတွက Y ကို I ပြောင်းပြီး Ed ဆက်ပေးရသည်၊ Present Participle ဖြစ်ရန်အတွက် Y ကိုဖြုတ်စရာမလိုပဲ(ဝါ) Y ကိုပြောင်းရန်မလိုပဲ Ingသာ ဆက်ပေးရသည်။
Present Tense

သည
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Fry
Frying
Fried
Fried
ဆီနှင့်ကြော်သည်
Cry
Crying
Cried
Cried
ငိုသည်
Carry
Carrying
Carried
Carried
သယ်ဆောင်သည်
Marry
Marrying
Married
Married
လက်ထပ်သည်
Bury
Burying
Buried
Buried
မြေမြှုပ်သည်

၃။ ဗျည်းတစ်လုံးတည်းဆုံး၍ ၄င်းဗျည်းရှေ့သရတစ်လုံးတည်းရှိသော ကြိယာများတွင် -
(က) အဆုံးဗျည်းသည် အားစိုက်သံနောက်တွင်ရှိပါက ဗျည်းတူတစ်လုံးထပ်တိုးပြီး Past Tense နှင့် Past Participle ဖြစ်လာရန်အတွက် Ed ကိုဆက်ပေးရပြီး၊ Present Participle ဖြစ်ရန်အတွက် ဗျည်းတူတစ်လုံးထပ်တိုးပြီး Ing ဆက်ပေးရသည်။
() အဆုံးဗျည်းသည် အားဖော့သံနောက်တွင် ရှိပါက Past Tense, Past Participle, Present Participle တို့ဖြစ်ရန်အတွက်နောက်ထပ် ဗျည်းတူထပ်တိုးစရာမလိုပဲ Ing, Ed တို့ထည့်ပေးရသည်။
(က) 
Present Tense

သည
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Stop
Stopping
Stopped
Stopped
ရပ်သည်
Drop
Dropping
Dropped
Dropped
လွှတ်ချသည်
Beg
Begging
Begged
Begged
တောင်းပန်/တောင်းရမ်းသည်

(ခ) 
Present Tense

သည်
Present Participle

နေသော
Past Tense

ခဲ့သည
Past Participle

ပြီးပြီ၊ ပြီးသော


Open
Opening
Opened
Opened
ဖွင့်သည်
Visit
Visiting
Visited
Visited
အလည်သွားသည်
Edit
Editing
Edited
Edited
တည်းဖြတ်သည်

၎။ “C” ဆုံးသော ကြိယာများတွင် “K” ထပ်ထည့်ပြီးမှ Past Tense, Past Participle, Present Participle တို့ဖြစ်လာရန်အတွက Ed, Ing တို့ဆက်ပေးရသည်။
Present Tense

သည်
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Picnic
Picnicking
Picnicked
Picnicked
ပျော်ပွဲစားထွက်သည်
Mimic
Mimicking
Mimicked
Mimicked
တုပပြောဆိုသည်
Frolic
Frolicking
Frolicked
Frolicked
ပြောင်းသည်

၅။ အထက်ပါ ဥပဒေ လေးမျိုးမှကြွင်းသော ကြိယာများကို Past Tense, Past Participle, Present Participle တို့ဖြစ်လာရန်အတွက် Ed, Ing တို့ဆက်ပေးရသည်။
Present Tense

သည်
Present Participle

နေသော
Past Tense

ခဲ့သည
Past Participle

ပြီးပြီ၊ ပြီးသော


Cook
Cooking
Cooked
Cooked
ချက်ပြုတ်သည်
Watch
Watching
Watched
Watched
စောင့်ကြည့်သည်
Wash
Washing
Washed
Washed
လျှော်ဖွတ်/ဆေးကြောသည်
Laugh
Laughing
Laughed
Laughed
ရယ်သည်
Kiss
Kissing
Kissed
Kissed
နမ်းသည်
    

                                      
ခြွင်းချက်များ။
 (က) သရနောက် ‘y’ နှင့် w’ ဆုံးပါက ‘Present Participle (V-ing) ဖြစ်ရန်အတွက် ‘ing’ သာဆက်ပေးရသည်။  
    Buy – buying, play – playing, stay – staying, pray – praying, blow – blowing, bow – bowing

(ခ) ie ဆုံးသော မူလကြိယာကို Present Participle (V-ing) ဖြစ်ရန်အတွက် ie ကို  y ပြောင်းပြီး ing ဆက်ပေးရသည်။
Die – dying, tie – tying, lie – lying

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories