Showing posts with label Advanced Level. Show all posts
Showing posts with label Advanced Level. Show all posts

Tuesday, October 13, 2015

Although, even though, despite, in spite of - အသုံးအနှုန်းများ

although,  even though, despite, in spite of - အသုံးအနှုန်းများ

although,  even though, despite, in spite of - " သော်လည်း။ သော်ငြားလည်း။ သို့သော်လည်း " ဟုအဓိပ္ပါယ်အတူတူပင်ဖြစ်သည်။ ဒါပေမယ့် အသုံးပြုနည်းကတော့ လုံးဝကိုမတူပါဘူး။ ဘာကြောင့်လဲဆိုတော့ although နှင့် even though တို့ဟာ စကားဆက် (Conjunction) ဖြစ်ဖြစ်တယ်။ အတိအကျပြောရရင်တော့ Subordinating Conjunction  ဟုခေါ်တယ်။ despite နှင့် in spite of တို့ကတော့ ဝိဘတ် (preposition)  ဖြစ်လို့ပါပဲ။ သဒ္ဒါနည်းအရ Conjunction နဲ့ Phrase တို့ အသုံးပြုပုံ အသုံးပြုနည်း လုံးဝကိုခြားနားလှပါတယ်။

although,  even though တို့ဖြင့်ရေးသားထားသော ဝါကျတို့ကို Complex Sentence (ခက်ခဲရှုပ်ထွေးသောဝါကျ) ဟုခေါ်တယ်။ Clause အမျိုးအစားအနေဖြင့်ဆိုရင်တော့ Adverbial Clause (ကြိယာဝိသေသနဝါကျ) အမျိုးအစားဖြစ်ပြီး၊ ကြိယာဝိသေသနဝါကျအမျိုးအစားတို့တွင် Adverbial Clause of Concession/ Contrast အမျိုးအစားဖြစ်၏။

despite, in spite of တို့ဖြင့်ပြောင်းလဲရေးသားလိုက်ပါ Simple Sentence (ရိုးရိုးဝါကျ) ဖြစ်သွားတယ်။ ဖော်မျူလာကိုလေ့လာကြည့်ကြရအောင်။

Though/ Even though + Sentence (S+V+ O.....) , Sentence (S+V+O...)
Despite / In spite of + V-ing / Noun....., Sentence (S+V+O...)

Sentence (S+V+O...) though/ even though + Sentence (S+V+ O.....)
Sentence (S+V+O...)  despite / in spite of + V-ing / Noun.....

အထူးမှတ်သားဖို့က
Conjunction ရဲ့နောက်က Sentence အမြဲလိုက်တယ် (Conjunction+ Sentence (S+V+O..) ။ Preposition ရဲ့နောက်မှာတော့ Noun ပုဒ် သို့မဟုတ် V-ing သာလိုက်တယ် (Preposition + Noun/ V-ing...)။ although,  even though, despite, in spite of တို့ကို ဝါကျရဲ့အစတွင်ရေးသားသောအခါ အလယ်တွင်ကော်မာ Comma (,) ထည့်ပေးရပြီး၊ ၄င်းတို့အား နောက်တွင်ထားက ကော်မာ Comma (,) ထည့်ရန်မလိုအပ်ပေ။

ဥပမာ။ ။

Even though he's a millionaire, he lives in a very small flat. (Complex Sentence)
>> Despite / in spite of being a millionaire, he lives in a very small flat. (Simple Sentence)
သူသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်သော်လည်း တိုက်ခန်းသေးသေးလေးတစ်ခန်းမှာနေတယ်။

He lives in a very small flat even though he's a millionaire.
>> He lives in a very small flat despite / in spite of being a millionaire.
သူသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်သော်လည်း တိုက်ခန်းသေးသေးလေးတစ်ခန်းမှာနေတယ်။

Although / even though he's much older than the others, he won the race.
>> Despite / in spite of being much older than the others, he won the race.
သူသည် အခြားသူများထက် အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တယ်။

He won the race although / even though he's much older than the others.
>> He won the race despite / in spite of being much older than the others.
သူသည် အခြားသူများထက် အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တယ်။

Even though / although it rained a lot, I enjoyed the holiday.
>> Despite / in spite of the rain, I enjoyed the holiday.
မိုးသည်းထန်စွာရွာသွန်းနေခဲ့သော်လည်း ကျွန်တော်ကတော့ အားလပ်ရက်မှာ ပျော်ရွှင်ခဲ့ပါတယ်။

Even though / although they have a lot of money, they're still not happy.
>> Despite / in spite of their money, they're still not happy.
သူတို့ဟာ ပိုက်ဆံတစ်ပုံကြီးရှိကြပေမယ့် (ခုထိ)မပျော်ရွှင်ကြပါဘူး။

Even though/ though it was the heavy traffic (the trafic was heavy), we got there on time.
>> Despite/ In spite of the heavy traffic, we got there on time. Or
>> In spite of / despite the traffic being heavy, we got there on time.
မီးပွိုင့်တွေ တအားပိတ်နေခဲ့ပေမယ့် ငါတို့ အချိန်ကိုက်ရောက်ခဲ့တယ်။

မှတ်ချက်။  ။ 

Though/ Even Though + S+ V+ Adj တို့ဖြင့်ရေးသားသောအခါ Despite/ In spite of +being+ Adj ပုံစံအတိုင်းရေးသားနိုင်သကဲ့သို့ Adj ကို Noun ပြောင်းပြီး Despite/ In spite of + Noun ပုံစံဖြင့်လည်း ရေးသားနိုင်သည်။ အောက်ပါ ဝါကျတို့လေ့လာကြည့်ပါ။

Adjective ကို Noun သို့ပြောင်းပုံ (အဘိဓာန်ကိုရှာကြည့်ဖို့တိုက်တွန်းပါတယ်)
rich (adj) >> richness (N)
poor (adj) >> poverty (N)
young (adj) >> youth (N)
healthy (adj) >> health (N)
clever (adj) >> cleverness (N)

Though/ Even though he is rich, he is not conceited.
>> Despite/ In spite of richness, he is not conceited. Or
>> Despite/ In spite of being rich, he is not conceited.
ချမ်းသာပေမယ့် သူက မာနမကြီးဘူး။

He is not conceited even though/ though he is rich.
>> He is not conceited despite/ in spite of richness. Or
>> He is not conceited despite/ in spite of being rich.
ချမ်းသာပေမယ့် သူက မာနမကြီးဘူး။

Though/ Even though San San is a teacher, she is not conceited.
>> Despite/ In spite of a teacher, San San is not conceited. Or
>> Despite/ In spite of being a teacher, San San is not conceited.
ဆရာမတစ်ယောက်ဖြစ်ပေမယ့် စန်းစမ်းဟာ မာနမကြီးဘူး။

She is not kind to the patients though/ even though she is a nurse.
She is not kind to the patients despite/ in spite of being a nurse.
She is not kind to the patients despite/ in spite of a nurse.
သူမဟာ သူနာပြုဆရာမတစ်ယောက်ဖြစ်သော်လည်း လူနာတွေကို ကြင်နာမှုမရှိဘူး။


အထူးမှတ်ချက်။  ။ 
In spite of the fact that  သို့မဟုတ် despite the fact that တို့ဖြင့်ရေးသားလိုက ၄င်းတို့နောက်က Sentence သာလိုက်ရသည် (In spite of / despite the fact that + S+V+0.....) ။ Complex Sentence ဖြစ်၏။

In spite of / despite the fact that he is much older than the others, he won the race.
>>> In spite of / despite being much older than the others, he won the race.
သူသည် အခြားသူများထက် အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။

____အကောင်ချေ (ကျောက်ရိုး)

 http://kyaukroevillage.blogspot.com/

Sunday, October 11, 2015

I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။

"မဖြစ်ခဲ့တာကို စဉ်းစားခြင်း၊ ဖြစ်နိုင်ခြေမရှိတာကိုတွေးတောခြင်း" စသည်တို့ကိုရေးသားပြောဆို လိုသောအခါတွင်  "I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။" ___  I wish+ S+ Past tense....... ___ Pattern ဖြင့်ရေးသားပြောဆိုရသည်။

လက်ရှိအချိန်တွင် လူတစ်ယောက်က တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်ဆိုပါစို့။ ဒါပေမယ့် အဲဒီ ၅ ရက်အလုပ်လုပ်ရတာကို အဲဒီလူက ငြီးငွေ့ပြီးတော့ "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ" (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)။
I work five days a week.
ကျွန်တော်ဟာ တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်။ (ယခုလက်ရှိ အလုပ်ဆင်းနေရသည့် ရက်အရေအတွက်)
အဲဒါကို "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)" ဟု အတွေးပုံစံဖြင့်ရေးသားပြောဆိုမယ်ဆိုရင်တော့ ___  I wish+ S+ Past tense....... ___ဖြင့်ရေးသားရတယ်။

ဥပမာ။ ။

ပစ္စုပ္ပန်ကာလအတွက်

 >>I work five days a week. 
ကျွန်တော် တပတ်မှာ ၅ ရက်အလုပ်လုပ်တယ်။
I wish I worked only three days a week.
ကျွန်တော်ကတော့ဗျာ တပတ်သုံးရက်သာ အလုပ်လုပ်ချင်တာ။ (တစ်ပတ် ၃ ရက်သာ အလုပ်လုပ်ချင်းစမ်းပါဘိ။ တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ရရင် ဘယ်လောက်ကောင်းမှာလဲ။)

>> You are not here. 
မင်းက ဒီမှာမရှိဘူး။
I wish you were here.
မင်းကို ဒီမှာရှိနေစေချင်းလိုက်ပါဘိ။

>> I am not near you.
ငါဟာ မင်းအနားမှာမရှိဘူး။
I wish I were near you.
မင်းအနားမှာပဲရှိချင်စမ်းပါဘိ။


အတိတ်ကာလအတွက်
အတိတ်က ပြုလုပ်ခဲ့သည့် အတွက် နောင်တရသောအခါ --

>> I worked five days a week last year.
လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဟာ တစ်ပတ်မှာ ၅ ရက်အလုပ်လုပ်ခဲ့တယ်။
I wish I had worked only three days a week last year.
ပြီးခဲ့တဲ့နှစ်က တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ခဲ့ရင်သိပ်ကောင်းမှာပဲ။

>> I did not study English last year.
ပြီးခဲ့တဲ့နှစ်က ကျွန်တော် အင်္ဂလိပ်စာမသင်ခဲ့ဘူး။
I wish I had studied English last year.
ပြီးခဲ့တဲ့နှစ်က အင်္ဂလိပ်စာကိုသာလေ့လာခဲ့ရင် သိပ်ကောင်းမှာပဲ။


အထူးမှတ်ထားဖို့ကတော့  
____လက်ရှိပစ္စုပ္ပန် မျက်မှောက်ကာလတွင် "အလုပ်တစ်ခုကို လုပ်နေတယ်။ ဒါမှမဟုတ် ချစ်သူနဲ့ဝေးနေတယ်။ အိမ်နှင့်ဝေးနေတယ်"  အဲဒီအလုပ်ကို မလုပ်ချင်ဘူး။ ဒါပေမယ့် လုပ်နေရတယ်။ ချစ်သူနဲ့မဝေးချင်ဘူး ဒါပေမယ့် ဝေးနေရတယ်။ အိမ်နဲ့မဝေးချင်ဘူး။ ဒါပေမယ့် ဝေးနေရတယ်။ အဲဒီလိုအခြေမျိုးမှာ ပစ္စုပ္ပန်ကာလအတွက် ပေးထားတဲ့ပုံစံဖြင့်ရေးသားပြောဆိုရပါတယ်။
____အတိတ်ကာမှာ ဖြစ်ပျက်ခဲ့သည် နောင်တရသည့်အခါတွင် "ချစ်သူနဲ့ဝေးနေခဲ့တယ်။ အလုပ်ကိုလုပ်နေခဲ့တယ်။ အိမ်နှင့်ဝေးနေခဲ့တယ်" အဲဒါကို ပြန်လည်၍ တမ်းတပြောဆိုသောအခါတွင် အတိတ်ကာလအတွက် ပေးထားသော ပုံစုံဖြင့်ရေးသားပြောဆိုရတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

There is .... / There are .... အသုံးအနှုန်းများ

အင်္ဂလိပ်စာလေ့လာရာတွင် There is .... /  There are .... အသုံးအနှုန်းများ ဆိုတာ အလယ်တန်းအထက်တန်း ကျောင်းသူ/သားတို့ကိုသာမက တက္ကသိုလ်ကျောင်းသူ/သားများကိုပါ ဒုက္ခကြီးကြီးပေးလေ့ရှိတယ်။ ဒါကြောင့် There is .... /  There are .... ဖြင့်ရေးသားတဲ့အတခါ တော်တော်များများ မှားတတ်ကြတယ်။
ဒီနေ့တော့ There is .... /  There are .... အသုံးအနှုန်းများ နဲ့ပတ်သက်၍ အလွယ်ကူဆုံးနည်းကို လေ့လာကြာရအောင်။ ကိုင်...ဘယ်လိုသုံးကြမလဲ။

There is .... /  There are .... ကိုသုံးမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်များကို ကြေညက်အောင် လေ့လာကျက်မှတ်ထားဖို့တိုက်တွန်းပါတယ်။

 There is .... /  There are .... ကို အသုံးရသည့်နေရာ

There is .... /  There are .... ကို
(၁)Article (အာတီကယ် - နာမ်ညွှန်းစကားလုံး) "a, an" ပါသော ကတ္တားပုဒ်များ (a boy, a book, an apple, etc.)
(၂) Some, all, any, no စသည့် ပမာဏပြ နာမဝိသေသနပါသော ကတ္တားများ (all students, no one, etc.)
(၃) Two, three, many, a few စသည့် သင်္ချာပြနာမဝိသေသနပါသော ကတ္တားများ (three books, many apples, etc.)
(၄) Countable Plural Noun ကတ္တားများ ( books, students, girls, etc.)
(၅) Uncountable Singular Noun ကတ္တားများ (milk, sand, gold, etc.)
(၆) ယူနစ်တစ်ခုရဲ့အစိပ်အပိုင်းများ
(၇) Some, anyone, no one, something, anything, nothing စသည့်မတိကျ၊ မသေချာသော လူ/ အရာဝတ္ထုတို့ရှိခြင်း တို့ကို There is .... /  There are .... အသုံးအနှုန်းများဖြင့် ရေးသားပြောဆိုရလေသည်။

-- Countable Nouns နှင့် Uncountable Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Singular Nouns နှင့် Plural Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Adjective အမျိုးအစားများကို ဤနေရာတွင်လေ့လာပါ။
-- Articles အကြောင်းကို ဤနေရာတွင် လေ့လာပါ။

ဥပမာ။ ။
(a) There is a girl in the class room.
စာသင်ခန်းထဲတွင် ကောင်းမလေးတစ်ယောက်ရှိတယ်။
(b) A girl is in the class room.

(a) There will be some girls in the class.
သင်တန်းထဲမှာ ကောင်းမလေးအချို့ရှိကြလိမ့်မည်။
(b) Some girls will be in the class.

(a) There were boys in the room.
ကောင်းလေးတွေ အခန်းထဲတွင်ရှိကြတယ်။
(b) Boys were in the room.

(a) There will be milk in the bottle.
ပုလင်းထဲမှာနို့ရှိမှာပါ။
(b) Milk will be in the bottle.

(a) There are 60 seconds in a minute.
တစ်မိနစ်တွင် စက္ကန့်ခြောက်ဆယ်ရှိတယ်။
(b) 60 seconds are in a minute.

(a) There are 24 hours in a day.
တစ်ရက်မှာ ၂၄ နာရီရှိတယ်။
(b) 24 hours are in a day.

(a) There is nobody in the office.
ရုံးခန်းထဲမှာ ဘယ်သူမှမရှိဘူး။
(b) Nobody is in the office.

(a) There are seven days in a week.
တစ်ပတ်မှာ ၇ ရက်ရှိတယ်။
(b) Seven days are in a week.

မှတ်ချက်။ ။ 
အထက်ပါ ဥပမာဝါကျအသီးသီးရှိ (a) နှင့် (b) တို့တွင် (b) ဝါကျပုံစံလည်း သဒ္ဒါ (Grammar) နည်းအရ လုံးဝမှန်ကန်၏။ သို့သော်လည်း Usage မရှိ။ ထိုကြောင့် (a) ပုံစံ There is..../ There are... ဖြင့်သာရေးသား ပြောဆိုပါလေ။ 
________________________

 There is .... /  There are .... ကို အသုံးမပြုရသည့်နေရာ 

There is .... /  There are .... ကို
(၁) the, this, that, these, those  ပါသော ကတ္တားများ
(၂) I, we, you, you, he, she, it, they နာမ်စား ကတ္တားများ
(၃) my, our, your, his, her, theirs, its တို့ဖြင့်တွဲထားသော (my book, his sisters, etc.) ကတ္တားများ တို့ဖြင့် လုံးဝ (လုံးဝ) မသုံးရ။

ဥပမာ။  
အောက်ပါကဲ့သို့မရေးရပါ။

There am I in the class room.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

There are the books on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

There is your sister in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။


အထက်ပါဝါကျတို့အား အောက်ပါကဲ့သို့ရေးသားရလေသည်။

I am in the class.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

The books are on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

Your sister is in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။

မှတ်ချက်။  ။ There will be.... ဟုသုံးသော်လည်း There shall be .... ဟုမသုံးရ။ 
There is....../ There are....../ There was..../ There were...../ There will be..... စသည်ဖြင့် မိမိရေး ပြောချင်သောကာလကိုကြည့်၍ ရေးသားပါလေ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Saturday, September 12, 2015

Compound Sentences (ပေါင်းစပ်ဝါကျများ)

Compound Sentences (ပေါင်းစပ်ဝါကျများ) အပိုင်း (၁)

Compound Sentences (ပေါင်းစပ်ဝါကျများ) ဆိုတာဘာလဲ။ ဘယ်လို Sentence (ဝါကျမျိုး)ကို Compound Sentence (ပေါင်းစပ်ဝါကျ)ဟုခေါ်သနည်း။ Compound Sentences (ပေါင်းစပ်ဝါကျများ)ဟူသည် Simple Sentence (ရိုးရိုးဝါကျ) နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဝါကျတို့ကို Coordinator Conjunctions သို့မဟုတ် Connective Adverbs တို့ဖြင့် ဝါကျတစ်ခုတည်းဖြစ်အောင်ဖွဲ့စည်းရေးစပ်ထားသော ဝါကျများကို Compound Sentences (ပေါင်းစပ်ဝါကျများ)ဟုခေါ်တယ်။ Simple Sentence ကို Independent Clause ဟုလည်းခေါ်ကြ၏။ ဥပမာ - Subject + Verb + Objective / Complement
(I love her. I'm a student.)

Compound Sentences (ပေါင်းစပ်ဝါကျများ)ကိုရေးဖွဲ့ရာတွင် Coordinator Conjunctions သို့မဟုတ် Connective Adverbs သို့မဟုတ် Punctuation သက်သက်ဖြင့်ရေးဖွဲ့နိုင်တယ်။

အောက်ပါ Compound Sentences (ပေါင်းစပ်ဝါကျများ) ကိုလေ့လာကြည့်ကြရအောင်။ Independent Clause တို့အား Underline ဖြင့်ပြထားတယ်။ Bold ဖြင့်ပြထားသည့် အပိုင်းကိုတော့ Coordinator Conjunctions သို့မဟုတ် Connective Adverbs သို့မဟုတ် Punctuation တစ်ခုခုဟုမှတ်သားပါ။

ဥပမာ။ ။

1. I saw no one in the room, so I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော် အထဲသို့မဝင်ခဲ့ပါဘူးဗျ။ (အခန်းထဲတွင်ဘယ်သူ့ကိုမှ မတွေ့မြင်ရခဲ့သောကြောင့် ကျွန်တော်အထဲသို့မဝင်ခဲ့ပါ။)

2. I saw no one in the room; therefore, I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့ပါဘူး။ ထို့ကြောင့် ကျွန်တော် အထဲသို့မဝင်ခဲ့ပါဘူးဗျ။

3. I saw no one in the room; I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့လို့ အထဲသို့မဝင်ခဲ့ပါဘူးဗျ။

အထက်ပါ Compound Sentences သုံးမျိုးတို့တွင် I saw no one in the room. နှင့် I didn't go in. တို့ဟာ Independent Clause နှစ်ခုပဲဖြစ်တယ်။  နံပါတ် (၁) ဝါကျကို So ဟူသော Conjunction ဖြင့်ဆက်ထားခြင်းဖြစ်သည်။ so ဆိုတဲ့ Conjunction အနားမှာ ကပ်လျက် Comma (,) ထည့်ထားတာကိုသတိပြုပါ။ နံပါတ် (၂) ဝါကျကိုတော့ therefore ဆိုတဲ့ Conjunctive Adverbနဲ့ဆက်ထားတယ်။ therefore ဆိုတဲ့ စကားဆက်ရဲ့ရှေ့တွင် Semicolon (;) ထည့်ထားပြီး ၄င်းရဲ့ စကားဆက်ရဲ့နောက်တွင် Comma (,) ထည့်ပြီးရေးထားတာကို အထူးသတိထားပါ။ နောက်ဆုံးဝါကျ နံပါတ် (၃) မှာတော့ Independent clause နှစ်ခုရဲ့ကြားတွင် semicolon (;) တစ်ခုတည်းအသုံးပြု၍ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဒါလည်းပဲ Compound Sentence ပဲဖြစ်တယ်။

Compound Sentences တို့ကိုရေးဖွဲ့ရာတွင် And - Type, But - Type, Or- Type, and So-Type ဟု ယေဘုယျမှတ်သားကြရအောင်။

(and - နှင့်၊ ၍။ but - သို့ရာတွင်၊ ဒါပေမယ့်။ or - ဒါမှမဟုတ်၊ သို့မဟုတ်၊ သို့ရာတွင်။ so - ဒါကြောင့်၊ ထိုကြောင့်။ အဲဒါကြောင့်။)

ဒါမဟုတ်ရင် ဒါဖြစ်ရမယ် စသည့်သဘောဆောင်က or-type ဖြင့်ဆက်ပါ။ ဥပမာ - တစ်ခုခုကို တတ်အပ်မသိဘူး။ ဒီဥစ္စာက "ရွှေဖြစ်မယ်။ ဒါမှမဟုတ် ငွေ ဖြစ်မယ်" စသည်ဖြင့် ဝိုးတိုးဝါးတားဖြစ်နေရင်ပေါ့။

ဆန့်ကျင်ဖက်ဖြစ်က but-type ဖြင့်ဆက်ပါ။ ဥပမာ - "နေမကောင်းဘူး။ ဒါပေမယ့်လည်း ကျောင်းကိုသွားရတယ်" စသည်ဖြင့်။

အကြောင်းကြောင့် အကျိုးတစ်ခုဖြစ်ရင် so-type ဖြင့်ဆက်ပါ။ ဥပမာ - "သူမဟာ စာကျက်ဖို့ပျင်းခဲ့တယ်။ အဲဒါကြောင့် စာမေးပွဲကျခဲ့တယ်" စသည် စသည်ဖြင့်။

အထက်ပါသဘောထားမသက်ရောက်ပါက and-type ဖြင့်ဆက်ပါ။ ဥပမာ - "ကျွန်တော်က ဆရာတစ်ယောက်ဖြစ်တယ်။ ကျွန်တော်စာပြနေတယ်" ။

And-Type

And-Type ဖြင့်ဆက်တဲ့ Compound Sentences တွေကိုလေ့လာကြစို့။ ဝါကျတိုင်းကို ဘာသာပြန်လို့တော့ မပေးတော့ဘူး။ နမူဝါကျတွေလောက်ပဲရေးပေးသွားပါမယ်။

1. Coordinate Conjunctions 

and - နှင့်၊ ၍။ 
both ......and .... နှစ်ခု/နှစ်ယောက်စလုံး။ 
not only ...... but also ..... သာမဟုတ် .... လည်းပဲ။ 

And 

I don't feel like going to that party. ပါတီပွဲကိုသွားချင်စိတ်မရှိဘူး။ 
I have a bad cold.  ကျွန်တော် တော်တော့်ကို အအေးမိနေတယ်။
>> I don't feel like going to that party, and I have a bad cold. (Compound Sentence)

One part of the TV screen carried the tennis game. တွီဗွီဖန်သားပြင်တစ်ဘက်က တင်းနစ်ပွဲပြနေတယ်။ 
The other part showed the game show. အခြားတစ်ဖက်ခြမ်းမှာတော့ ပြိုင်ပွဲတွေပြနေတယ်။ 
>>> One part of the TV screen carried the tennis game, and the other part showed the game show. (Compound Sentence)

The young man needs a car for his work. ဒီလူငယ်မှာ အလုပ်အတွက် ကားတစ်စီးလိုအပ်နေတယ်။
He is going to buy one right away. သူဟာ အခုပဲကားတစ်စီးသွားဝယ်တော့မယ်။ 
>> The young man needs a car for his work, and he is going to buy one right away. (Compound Sentence)

Both....and...
He agreed. သူကသဘောတူတယ်။ 
I agreed.ကျွန်တော်က သဘောတူတယ်။
>>> Both he and I agreed. (Compound Sentence)
 (Subject နှစ်ခု (he နှင့် I) ကို both..and နှင့်ဆက်ထားသည်။ and နှင့်လည်း ဆက်နိုင်သည်။ ဥပမာ - He and I agreed.)

She can write Japanese. သူမဟာ ဂျပန်စာကိုရေးတတ်တယ်။
She can speak Japanese. သူမဟာ ဂျပန်စကားပြောတတ်တယ်။
>>> She can both write and speak Japanese. (Compound Sentence)
(Verb နှစ်လုံး (write နှင့် speak) ကို both ... and နှင့်ဆက်ထားသည်။)

He has lived in Britain. သူဟာ ဗြိတိန်မှာနေဖူးတယ်။
He has lived in America. သူဟာ အမေရိကမှာနေဖူးတယ်။
>>> He has lived in both Britain and America. (Compound Sentence)
(Place (နေရာပြပုဒ်) နှစ်ခု (Britain နှင့် America) ကို both...and နှင့်ဆက်ထားသည်။)

Not only ....... but also....
He read the book. သူဟာ စာအုပ်ဖတ်နေတယ်။
He remembered what he read. သူဖတ်ခဲ့သမျှကို သူကမှတ်မိနေတယ်။
>>> He not only read the book but also remembered what he read. (Compound Sentence)
(Verb နှစ်လုံး (read နှင့် remembered) နှစ်လုံးကို not only....but also နှင့်ဆက်ထားသည်။)

2. Conjunctive Adverbs 

besides - မှတစ်ပါး။ ၄င်းအပြင်။ ထို့အပြင်။
moreover - ထို့အပြင်။ သာမက။
in addition - ထို့အပြင်။ လည်းပဲ။
furthermore - ထို့အပြင်။

He was tired. သူက မောနေပြီ။
He was hungry. သူဟာ ဗိုက်ဆာနေပြီ။
>>> He was tired; besides, he was hungry.
>>> He was tired; moreover, he was hungry.
>>> He was tired; in addition, he was hungry.
>>> He was tired; furthermore, he was hungry.


But-Type
ဆန့်ကျင်ဘက်ဝါကျနှစ်ခုကိုဆက်ရာတွင် သုံးသည်။

I. Coordinate Conjunctions 

but - သို့ရာတွင်။ ဒါပေမယ့်။
yet - သို့ရာတွင်။ ဒါပေမယ့်။
while - စဉ်တွင်။ သို့ရာတွင်။
whereas - စင်စစ်ကတော့။ သို့ရာတွင်။

He tried to tell her the truth. သူသည် သူမအားအမှန်တရားးကိုပြောဖို့ကြိုးစားခဲ့တယ်။
She din't listen to him. သူမဟာ သူပြောတာကိုနားမထောင်ခဲ့ဘူး။
>>> He tried to tell her the truth, but she didn't listen to him. (Compound Sentence)

He struggled. သူသည် အလွန်ကြိုးစားခဲ့တယ်။
He failed. သူဟာ ရှုံးနိမ့်ခဲ့ရတယ်။
He struggled, but he failed. (Compound Sentence)

She is a funny girl. သူမဟာ ကြောင်တောင်ကောင်မလေးတစ်ယောက်ပဲ။ 
You can't help admiring her. ခင်ဗျားဟာ သူမကို မလေးစားပဲ (မခင်မင်ပဲ) မနေနိုင်ပါဘူး။
>>> She is a funny girl, yet you can't help admiring her. (Compound Sentence)

You like sports. ခင်ဗျားက အားကစားကိုကြိုက်တယ်။
I would rather read. ကျွန်တော်ကတော့ စာဖတ်တာကိုပိုကြိုက်တယ်။
>>> You like sports, while I would rather read. (Compound Sentence)

They wanted a house. သူတို့က အိမ်တစ်လုံးလိုချင်ခဲ့ကြတယ်။
We would rather live in a flat. ငါတို့ကတော့ တိုက်ခန်းနဲ့နေရတာကိုပိုကြိုက်တယ်။
>>> They wanted a house, whereas we would rather live in a flat. (Compound Sentence)

II. Conjunctive Adverbs 

Conjunctive Adverbs

however - သို့သော်လည်း။
nevertheless - သို့ပါလျက်။ သော်ငြားလည်း။ သို့သော်လည်း။
on the other hand - အခြားတစ်ဖက်မှာတော့။

His first response was to say no. သူ့ရဲ့ပထမဆုံးတုန့်ပြန်မှုက မဟုတ်ဘူးဆိုတာပါပဲ။
He changed his mind. သူ့စိတ်က ပြောင်းလဲသွားခဲ့တယ်။
>>> His first response was to say no; however, he changed his mind. (Compound Sentence)

The sun is shining. နေပူနေတယ်။
I'm sure it will rain. မိုးရွာလိမ့်မယ်ဆိုတာသေချာပါတယ်။
>>> The sun is shining; nevertheless, I'm sure it will rain. (Compound Sentence)

Sunlight is good for health. နေရောင်ခြည်ဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။
Too much sunlight may cause illness. အလွန်အကျွံနေပူချိန်ကတော့ကျန်းမာရေးကိုထိခိုက်စေပါယ်။
>>> Sunlight is good for health; on the other hand, too much sunlight may cause illness.


ဒီနေ့အတွက် သင်္ခန်းစာကတော့ ဒီလောက်ပါပဲနော်။ နောက်ထပ် Compound Sentence နဲ့ပတ်သက်တဲ့ သင်္ခန်းစာတွေကိုလည်း ဆက်လက်တင်ပေးပါအုံးမယ်။ အဲဒီအခါကျရင် လေ့ကျင့်တွေကိုပါ တင်ပေးပါ့မယ်။ ဘဝပန်းတိုင်း တက်လှမ်းနိုင်ကြပါစေ။
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories