Showing posts with label Two Kinds of Noun. Show all posts
Showing posts with label Two Kinds of Noun. Show all posts

Wednesday, October 1, 2014

Two Kinds of Noun - နာမ် (၂) မျိုး

Countable Nouns and Uncountable Nouns
ရေတွက်၍ရသောနာမ်နှင့် ရေတွက်၍မရသောနာမ်

၁။ တစ်ခု၊ နှစ်ခု၊ တစ်ယောက်၊ နှစ်ယောက် စသည်ဖြင့် ရေတွက်၍ရသော နာမ်များကို Countable Noun (C.N)  (ရေတွက်၍ရသော) နာမည်ဟုခေါ်သည်။
ဥပမာ။ ။               Book - စာအုပ်။ Pencil - ခဲတံ။ Boy - လူကလေး။ Girl - မိန်းကလေး။ Chair - ကုလားထိုင်။ Table - စားပွဲခုံ။

၂။ တစ်ခု၊ နှစ်ခု စသည်ဖြင့် ရေတွက်၍မရသော နာမ်ပုဒ်များကို Uncountable Noun (U.N) (ရေတွက်၍မရသော) နာမ်ဟုခေါ်သည်။
ဥပမာ။         Milk - နို့။ Water - ရေ။ Tea - လဘက်ရည်။ Meat - အသား။ Gold - ရွှေ။ Silver - ငွေ။ Iron - သံ။ Steel - သံမဏိ။ Lead - ခဲ။ Cotton - ဝါဂွမ်း။ Paddy - စပါး။ Rice - ဆန်၊ ထမင်း။ Wheat - ဂျုံ။ Flour - ဂျုံမုန့်။ Ink - မှင်။ Coffee - ကော်ဖီ။ Teak - ကျွန်းသစ်။ Air - လေ။ Happiness - ပျော်ရွှင်ခြင်း။ Laziness - ပျင်းရိခြင်း။ Honesty - ရိုးသားမှု။ Wood - သစ်သား။ Music - ဂီတ။ Anger - ဒေါသ။ Smoke - မီးခိုး။ Intelligence - အသိညာဏ်။ Sand - သဲ။ Earth - မြေကြီး၊ ကမ္ဘာ။
 
အထူးမှတ်ရန် (၃) ချက်

1.      U.N များကို မည့်သည့်အခါမှ ဗဟုဝုစ်ကိန်း (အများကိန်း) မပြောင်းရ။ (golds, silvers, etc. ဖြင့်မရေးရ။)
2.      U.N များရှေ့တွင် ‘a’ သို့မဟုတ် ‘an’ ကိုမည်သည့်အခါမှ မသုံးရ။ (a gold, a silver, etc.ဖြင့်မရေးရ။)
3.      C.N ဧကဝုစ် (အနည်းကိန်း)များရှေ့တွင် “ a, an, the” တစ်ခုခု အမြဲပါရသည်။ (pen, dog, etc. ဖြင့် မရေးရ။)
အောက်ပါ Noun (နာမ်ပုဒ်) များကို C.N နှင့် U.N ခွဲပြပါ။

Book, Rice, Milk, Pen, Tea, Music, Girl, Dog, Gold, Ink, Teacher, Paddy, Bird, Steel, Boy, Chair, Happiness, Water, Sand, Student, Cow, Table, Goodness, School, Butter, Baby, Curry, Silver, Men, Cotton, Desk, Air, Bag, House, Cleverness, Son, Wood, Honey, Flower, Grass, Flour, Tobacco, Leather 
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories