Tuesday, September 4, 2012

ငါတို့တွေ…

ငါတို့တွေ…
သူများနဲ့မတူအောင် အလုပ်ကြမ်းလုပ်ကြရတယ်။
ဒါပေမယ့်…
သူများတွေလို ခံစားခွင့်မရခဲ့ကြဘူး။

ငါတို့တွေ…
သူများတွေထက် ဖိနှိပ်ခြင်းကိုခံကြရတယ်။

ဒါပေမယ့်…
သူများတွေလို ဖွင့်ဟခွင့်မရခဲ့ကြဘူး…။
(သူများတွေလို မဖွင့်ဟရဲကြဘူး…။)

ငါတို့ဆီမှာ
ဂက်(စ်)တွေ အများကြီးထွက်တယ်။
ဒါပေမယ့်…
ငါတို့တွေမှာ လျှစ်စစ်မီး မသုံးကြရဘူး…။

ငါတို့ဆီမှာ
နိုင်ငံခြား ကုမ္ပဏီတွေ တည်ဆောက်လာကြတယ်။
ဒါပေမယ့်…
ငါတို့တွေဟာ အလုပ်လက်မဲ့တွေ ဖြစ်ကြရတယ်…။

ငါတို့ဆီမှာ
သား၊ငါး၊ပုဇွန်တွေ အရမ်းပေါများတယ်။
ဒါပေမယ့်…
ငါတို့တွေဟာ စားသုံးနိုင်စွမ်းမရှိကြဘူး…။

ငါတို့ဆီမှာ
ဆန်၊စပါးတွေ ပေါများတယ်….။
ဒါပေမယ့်…
ငါတို့တွေဟာ တစ်နပ်ထမင်းအတွက်ပဲ
ရုန်းကန်နေကြရတယ်…။

ငါတို့ဆီမှာ
“ဘင်္ဂလီ”ကနေ “ကမန်”ဖြစ်သွားတာတွေ အများကြီးရှိတယ်။
ဒါပေမယ့်…
ငါတို့တွေမှာ တားဆီးခွင့်မရှိကြဘူး…။
ငါတို့တွေ…..
ငါတို့တွေ…..
………………………………….
………………………………….
………………………………….
————-
အကောင်ချေ (ကျောက်ရိုး)
၂၄-၀၈-၂၀၁၂

I’m Nothing

I’m Nothing
……………
Want to erupt,
But as if a deactive volcano…

Want to close,
But as if a broken door…

Want to fly (away),
But as if a bird broken wing….

Want to shout (loudly),
But as if a dumb one…

Want to rain,
But as if the unable rain-cloud…
………………….
20-08-2012
မူရင်း–ငါ ဘာမှမဟုတ်

Tuesday, July 3, 2012

ငါ ဘာမှမဟုတ်

ပေါက်ကွဲချင်ပေမယ့်
 သေနေတဲ့မီးတောင်တစ်ခုလို....။

ပိတ်ထားချင်ပေမယ့်
ဂျိတ်ကျိုးနေတဲ့ တံခါးတစ်ချပ်လို....။

ပျံသန်းချင်ပေမယ့်
 တောင်ပံကျိုးငှက်တစ်ကောင်လို....။

ဟစ်အော်လိုက်ချင်ပေမယ့်
ဆွံ့ အ,နေတဲ့လူတစ်ယောက်လို....။

ရွာချချင်ပေမယ့်
ပြိုလို့မရတဲ့ မိုးတိမ်တွေလို....။

......................
အကောင်ချေ (ကျောက်ရိုး)
၀၃-၀၇-၂၀၁၂
10:57 pm

Sunday, March 25, 2012

သင်္ကြန်ဆူး



ဥသြငှက်တွေ တွန်ကျူး
ပိတောက်တွေလည်းဖူးတော့
ဂီမာန်ဦး နွေကာလ
လွမ်းရတဲ့ မွေးရပ်'ကျောက်ရိုး'မြေကို
ရင်ထဲမှာ လွမ်းငိုမိတယ်။

နှစ်သစ်သင်္ကြန်အဖိတ်နေ့
ညနေစောင့် ဆည်းဆာချိန်မှာ
ဘုရားရေချိုး(ရေသပ္ပါယ်) ဆိုတဲ့ အရသာ
ပြီးတော့....
သက်ကြီးရွယ်အို ကန်တော့တဲ့အစဉ်အလာတွေ
သင်္ကြန်ရေဆိုတဲ့ အာဟာရတွေ
အိမ်စဉ်လျှောက်လို့ ကခုန်မြူးရင်း
ဖက်ထုတ်မုန့်တောင်းစားခဲ့တဲ့ အထိအတွေ့တွေ
ဒါတွေ..ဒါတွေနဲ့ နှစ်ပေါင်းများစွာ
ကင်းကွာနေရတဲ့ ငါ့ဟာ
နလန်ထူစ လူနာတစ်ယောက်လို.....။

............
အကောင်ချေ (ကျောက်ရိုး)
၂၄-၀၃-၂၀၁၂

Monday, February 13, 2012

ချစ်သူများနေ့ အဆိုအမိန့်များ

အနမ်းပန်းလေးတစ်ပွင့်ဆိုတာ
ယူမယ့်သူမရှိရင် သင်ကပေးလို့မရသလို
ပေးမယ့်သူမရှိရင်လည်းပဲ
သင်ကယူလို့မရဘူး။
(Anonymous)

http://www.americanglassgifts.com/Mix%20files%20for%20ads/Valentine%20card.gif
ချစ်သူတို့နှစ်ဦးကြားမှာ
အနမ်းပန်းတစ်ပွင့်ဆိုတာ
အနီးကပ်ဆုံးအရာပဲ။
(Henny Youngman)

အချစ်ကို
နှလုံးသားတစ်ခုတည်းနှင့်ပဲ
တည်ဆောက်ထားပြီးတော့
ခန္ဓာကိုယ်နှစ်ခုနှင့်
နေထိုင်နေကြတယ်။
(Aristotle)

____အကောင်ချေ (ကျောက်ရိုး)

Thursday, November 24, 2011

ခံစားမှု

Ø နွယ်တစ်ပင်လို ရင်ထဲတွယ်ငြိ
ဖြတ်ဖို့လည်းမလွယ် ဖြေဖို့လည်းခက်
ဂဟေဆက်ထားတာထက် ခိုင်မြဲတယ်။

Ø နီလာပတ္တမြား တန်ဖိုးရှိငြားလည်း
ဒို့ဘဝအတွက် မလိုအပ်တာအမှန်ပါ။
ဒါပေမယ့်…
ဒို့လိုချင်တာတစ်ခုက
မင်းကိုတွေ့ဖို့အချိန်တစ်ခုနှင်
မင်းဆီမှမေတ္တာ တရားတစ်ခုတည်းပဲ။

Ø အောင်ဘာလေ သိန်းထီပေါက်ရင်တောင်မှ
မင်းနှင့်တွေ့နေရတဲ့အချိန်ခဏလေးလောက်
ဒို့…ပျော်ခဲ့မှာ မဟုတ်ပါဘူး။
ဒါဟာ…
တကယ်မှတ်ကန်တဲ့ ခံစားမှုတစ်ခုပါ။
…………………
အကောင်ချေ (ကျောက်ရိုး)
(တွေ့ဆုံခဲ့တဲ့ Sunday ကိုထာဝရလွမ်းဆွေးလျှက်)
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories