Wednesday, October 15, 2014

Marry - ထိမ်းမြားလက်ထပ်ခြင်းနှင့်ဆိုင်သော ဝေါဟာရများ

Marry - ထိမ်းမြားလက်ထပ်ခြင်းနှင့်ဆိုင်သော ဝေါဟာရများ
marry, marrying, married, married, have married

1. To Get Married 

>get married (v)- လက်ထပ်သည်။ အိမ်ထောင်ကျသည်။
Kyaw Mg and San San were very young when they got married.
 ကျော်မောင်နှင့် စန်းစန်းတို့လက်ထပ်ခဲ့တုန်းက သူတို့တော်တော်ငယ်သေးတယ်။
My younger sister is getting married in July.
ငါ့ညီမလေးက ဂျူလိုင်လမှာ လက်ထပ်တော့မယ်။

>get married + to - (နှင့်) လက်ထပ်သည်။ အိမ်ထောင်ကျသည်။
She got married to an Arakanese at last.
 နောက်ဆုံးမှာတော့ သူမဟာ ရခိုင်အမျိုးသားတစ်ယောက်နဲ့ လက်ထပ်သွားတယ်။
Su Hlaing is getting married to an old man next week.
လာမည်အပတ်တွင် စုလှိုင်တစ်ယောက် အမျိုးသားကြီးတစ်ဦးနှင့် လက်ထပ်တော့မယ်။

မှတ်ချက်။   ။ get married to ဟု to နှင့်သာသုံးပါ get married with ဟု with နှင့်အသုံးပါလေနှင့်။

>marry (v)- လက်ထပ်သည်။ အိမ်ထောင်ကျသည်။
>marry sb off ( PhrV) - ပေးစားသည်။
Will you marry me? နင်ငါ့ကို လပ်ထပ်မှာလား။
She married an American guy that she met in France.
သူမကတော့ ပြင်သစ်မှာတွေ့ခဲ့တဲ့ အမေရိကန်သားနဲ့ လက်ထပ်ခဲ့တယ်။

> remarry (v) - နောက်ထပ် လက်ထပ်သည်။ နောက်ထပ် အိမ်ထောင်ကျသည်။ (ပထမဇနီးသေဆုံး သို့မဟုတ် ပထမဇနီးနဲ့ ကွာရှင်းပြီးနောက် နောက်ထပ် အိမ်ထောင်ပြုသည်)
My mother died when I was very young and my father never remarried. ကျွန်တော်ငယ်ငယ်လေးကတည်းက အမေဆုံးသွားတယ်။ ပြီးရင် အဖေကလည်း လုံးဝ နောက်အိမ်ထောင် မပြုတော့ဘူး။

2. The Relation of Marriage

> marriage (n) - လက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ထိမ်းမြားခြင်း။
She has two children from a previous marriage.
သူမမှာ အရင်အိမ်ထောင်နဲ့ပါတဲ့ ကလေးနှစ်ယောက်ရှိတယ်။
Is marriage still important to young people?
ငယ်ရွယ်သူတွေအတွက် ထိမ်းမြားလက်ထပ်ခြင်းက အရေးကြီးနေတုန်းပဲလား။

>marriage to (n) - လက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ထိမ်းမြားခြင်း။ အိမ်ထောင်သည် ဘဝ။
Her marriage to Jhon ended in divorce.
ဂျွန်နှင့် သူမရဲ့အိမ်ထောင်သည်ဘဝဟာ ကွာရှင်းခြင်းဖြင့် အဆုံးသတ်လေသည်။
His marriage to Su San affected his mother's health.
သူ့ရဲ့ ဆူစံ ကိုလက်ထပ်ခြင်းက သူ့အမေရဲ့ကျန်းမာရေးကို ထိခိုက်လေတယ်။

> a happy/ unhappy marriage - ပျော်ရွှင်စရာကောင်းသော/ ပျော်ရွှင်စရာမကောင်းသော အိမ်ထောင် (ပြုခြင်း)
>marriage of convenience - အချစ်မပါဘဲ အခြားရည်ရွယ်ချက်တစ်ခုဖြင့် လက်ထပ်ခြင်း။
> give sb in marriage (to sb) (IDM) - ဝိဝါဟမင်္ဂလာပြုသည်။
>marriage certificate (n) - လက်ထပ်စာချုပ်။
> marriage licence (n) - ထိမ်းမြားလက်ထပ်ရန် တရားဝင်ခွင့်ပြုစာ။
> by marriage (IDM) - လင်ဘက်က / မယားဘက်က။
my aunt by marriage

> a broken marriage - အိမ်ထောင်ကွဲခြင်း၊
It's the children who suffer in broken marriage.
အိမ်ထောင်ကွဲတော့ ကလေးတွေပဲဒုက္ခရောက်ကြရတယ်။


3. Ceremonies, Celebrations, etc. When People Get Married

>wedding (n) - ထိမ်းမြားလက်ထပ်ပွဲ။ ထိမ်းမြားမင်္ဂလာပွဲ။ မင်္ဂလာဆောင်ပွဲ။
I first met her at my elder sister's wedding.
ငါ့အစ်မ လက်ထပ်ပွဲမှာ သူမကို ကျွန်တော်ပထမဆုံးတွေ့ခဲ့တယ်။

မှတ်ချက်။ ။ wedding ကို Noun (နာမ်ပုဒ်)ရှေ့တွင်ထား၍ Adjective (နာမဝိသေသနပုဒ်) ကဲ့သို့လည်း အသုံးပြုနိုင်သည်။
= wedding photos - မင်္ဂလာဆောင်ဓာတ်ပုံများ။ a lovely wedding dress - ချစ်စရာကောင်းသော မင်္ဂလာဝတ်စုံတစ်ခု။ her wedding ring - သူမရဲ့ မင်္ဂလာလက်စွပ်။

>reception (n) - (မင်္ဂလာပွဲတွင်) ဧည့်ခံခြင်း။ (မင်္ဂလာပွဲတွင်) ကျွေးမွေးဧည့်ခံခြင်း။
We had our wedding reception in Royal Hotel.
ငါ့တို့ရဲ့ မင်္ဂလာဧည့်ခံပွဲဟာ တော်ဝင်ဟိုတယ်မှာပါ။
I was very happy at my friend's wedding reception.
ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဧည့်ခံပွဲမှ ကျွန်တော် တော်တော်ပျော်ခဲ့တယ်ဗျ။

> honeymoon (n) - ဟန်နီမွန်းခရီး။ ပျားရည်ဆမ်းခရီး။ (မင်္ဂလာဆောင်ပြီးခါစ ချစ်သူနှစ်ဦး အပျော်ခရီးထွက်ခြင်း)
We're thinking of going to Ngapali for our honeymoon.
 ငါ့တို့ ဟန်းနီမွန်းအတွက် ငပလီကိုသွားဖို့စိတ်ကူးနေတယ်။

> bachelor party/ stag party (n)  - ဘတ်ခ်ျလာပါတီ။ အမျိုးသားများပါတီပွဲ။ (မင်္ဂလာပွဲမကျင်းပမီ (အထူးသဖြင့် ညနေ) သတိုးသားလောင်းက သူ့သူငယ်ချင်း လူပျိုသူငယ်ချင်းများအချင်းချင်း သောက်စားပြီး ကျင်းပသည့်ပါတီ)
Tomorrow night, we're going to take part in our friend's bachelor party/ stag party.
ငါ့တို့ မနက်ဖန်ညနေကျင်ရင် ငါ့တို့သူငယ်ချင်းရဲ့ ဘတ်ခ်ျလာပါတီကို ဆင်နွှဲကြမယ်။
He gave our younger brother a stag party last night because he is getting married today.
ဒီနေ့ မင်္ဂလာဆောင်မယ့် ညီငယ်အတွက် မနေ့ညက သူက အမျိုးသားတွေကြီးပါတဲ့ ပါတီတခုလုပ်ပေးခဲ့တယ်။ (ဗွီအိုအေ -မြန်မာပိုင်း)

> bridal shower/ wedding shower (n) (US) - အမျိုးသမီးများပါတီပွဲ( မင်္ဂလာပွဲမကျင်းပမီ (အထူးသဖြင့် ညနေ) သတိုးသမီးလောင်းနှင့် သူမရဲ့ သူငယ်ချင်း များအချင်းချင်း သောက်စားပြီး၊ သတိုင်းသမီးလောင်းကိုလက်ဆောင်များပေး၍ ကျင်းပသည့်ပါတီ)
> hen night/ hen party (n) (UK) - အမျိုးသမီးများပါတီပွဲ ။ (မင်္ဂလာပွဲမကျင်းပမီ (အထူးသဖြင့် ညနေ) သတိုးသမီးလောင်းနှင့် သူမရဲ့ သူငယ်ချင်း များအချင်းချင်း သောက်စားပြီး၊ သတိုင်းသမီးလောင်းကို လက်ဆောင်များပေး၍ ကျင်းပသည့်ပါတီ)
The group of 20 women were travelling to the hen party in Liverpool.
အမျိုးသမီ ၂၀ ပါတဲ့အုပ်စုဟာ လီဗာပူးမြို့မှာကျင်းပတဲ့ အမျိုးသမီးများပါတီပွဲသို့ သွားနေခဲ့ကြတယ်။


4. People at a Wedding

>bride (n) - သတိုးသမီး။
Everyone is looking at the bride.
လူတိုင်းက သတိုးသမီးကိုကြည့်နေကြတယ်။
Why are you gazing at the bride?
ချင်ဗျားက ဘာကြောင့် သတိုးသမီးကို ငေးနေတာလဲ။

> groom/ bride groom (n) - သတိုးသား။
There is a photo of the bride and groom together on the wall.
သတိုးသားနဲ့ သတိုးသမီး အတူတကွရိုက်ထားတဲ့ဓာတ်ပုံကို နံရံမှာချိတ်ထားတယ်။
I know the bride groom is from a rich family.
သတိုးသားက ချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုတာ ငါသိတယ်။

> bridemaid (n) - သတိုးသမီးအရံ။
The bridemaids will be wearing long pink dresses.
သတိုးသမီးအရံတွေဟာ ပန်းရောင်အဝတ်အစား အရှည်ကြီးကို ဝတ်ကြလိမ့်မယ်။
The bridemaids are prettier than the bride.
သတိုးသမီးအရံတွေကတော့ သတိုးသမီးထက်လန်းတယ်။

> best man (n) - သတိုးသားအရံ။
My friend asked me to be best man.
ငါ့သူငယ်ချင်းက ငါ့ကို သတိုးသားအရံလုပ်ပေးဖို့ အကူအညီတောင်းတယ်။
She is looking at the best man.
သူမကတော့ သတိုးသားအရံကိုကြည့်နေတယ်။


5. To Agree to Get Married

> engaged (adj) - လက်ထပ်ရန်စေ့စပ်ထားသော။
Kyaw Mg and San San have been engaged for about three months now. အခုဆိုရင် ကျော်မောင်နဲ့စန်းစန်းတို့ဟာ စေ့စပ်ထားတာ သုံးလခန့်ရှိနေပြီ။

>engaged to (adj) - နှင့် လက်ထပ်ရန်စေ့စပ်ထားသော။
He's engaged to Nwe Nwe's sister.
သူဟာ နွယ်နွယ်ညီမနဲ့ စေ့စပ်ထားတယ်။

> get engaged (v) - လက်ထပ်ရန်စေ့စပ်ထားသည်။
We got engaged at Christmas.
ငါတို့ ခရစ်စမတ် မှာစေ့စပ်ခဲ့ကြတယ်။
She has gotten engaged to Htwan Kyaw for about two weeks.
သူဟာ ထွန်းကျော်နဲ့ စေ့စပ်ထားတာ နှစ်ပတ်ခန့်ရှိပြီ။

မှတ်ချက်။ ။ enaged with ဟု with နှင့် မသုံးရ။ engaged to ဟု to ဖြင့်သုံးပါ။

> engagement (n) - လက်ထပ်ရန်စေ့စပ်ခြင်း။
John and Susan anounced their engagement yesterday.
မနေ့က ဂျွန်နဲ့ ဆုဆန်တို့ဟာ သူတို့ရဲ့စေ့စပ်မှုကြော်ငြာလိုက်ပါတယ်။

> break off (your/her) engagement (v) - စေ့စပ်ခြင်းကို ဖျက်သိမ်းလိုက်သည်။
Marak broke off her engagement when she found out that David had been in love with another woman.
 ဒေးဗစ်တစ်ယောက် တစ်ခြားအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ကြောင်းကို သိလိုက်ရသောခါ  Marak က (ဒေဗစ်နဲ့) သူမရဲ့ စေ့စပ်ခြင်းဖျက်သိမ်းလိုက်ပါတယ်။

> engagement ring (n) - စေ့စပ် လက်စွပ်။
Has he bought you an engagement ring yet?
အခုထိ သူက မင်းအတွက် စေ့စပ်လက်စွပ်မဝယ်သေးဘူးလား။

> fiance/ fiancee (n) - စေ့စပ်ထားသော အမျိုးသား/ စေ့စပ်ထားသော အမျိုးသမီး။ (fiancee - က “စေ့စပ်ထားသော အမျိုးသမီး”။ fiance - စေ့စပ်ထားသော အမျိုးသား”)
I want my fiancee to meet my parents and relatives.
ငါ့နှင့်စေ့စပ်ထားတဲ့ အမျိုးသမီးကို ငါ့မိဘ၊ ငါ့ဆွေမျိုးတွေနဲ့ တွေ့စေချင်တာ။
She didn't know that Henry was Marie's fiance.
ဟန်နရီဟာ မေရီနဲ့စေ့စပ်ထားသူဆိုတာ သူမ မသိခဲ့ပါဘူး။
 
6. Married


> married (adj) - အိမ်ထောင်ရှိသော။ လက်ထပ်ထားသော။
Are you married or single?
ခင်ဗျားက အိမ်ထောင်သည်လား လူလွတ်လား။

>be married (v) - လက်ထပ်သည်။
I and she have been married for 15 years.
ကျွန်တော်နဲ့ သူမက လက်ထပ်ထားကြတာ ၁၅ နှစ်ရှိပြီ။

> married to - ကို/နှင့် လပ်ထပ်ထားသော။
She's married to a famous actor.
သူမဟာ ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ လပ်ထပ်ထားတယ်။

မှတ်ချက်။  ။ married with ဟု with နှင့်မသုံးရ။ married to ဟု to ဖြင့်သုံးပါ။

>married man/ married woman - အိမ်ထောင်သည် အမျိုးသား/ အမျိုးသမီး။
A married man with three children is going to school.
ကလေးသုံးယောက်နဲ့ အိမ်ထောင်သည်အမျိုးသားတစ်ယောက် ကျောင်းကိုသွားနေတယ်။

> wife (n) wives (pl) - ဇနီး။ မယား။ အိမ်ရှင်မ။
You should take care of your wife more while she is pregnant.
အိမ်ရှင်မ ကိုယ်ဝန်ဆောင်ထားစဉ်တွင် မင်းက သူမကို ပိုပြီးဂရုစိုက်သင့်တယ်။
Don't go out, leaving your wives and your children at home.
မင်းတို့ မိန်းမတွေနဲ့ ကလေးတွေကို အိမ်မှာထားပြီး အပြင်မသွားကြပါနဲ့။

>husband (n) -  လင်ယောက်ျား။

I don't like Nwe Nwe's husbnad very much.
 နွယ်နွယ်ယောက်ျားကို သိပ်ပြီးကြည့်မရဘူး။
Twan Twan is her second husband.
ထွန်းထွန်းဟာ သူမရဲ့ ဒုတိယမြောက် ခင်ပွန်းဖြစ်တယ်။

> partner (n) - အတွဲ။ ကြင်ဖော်။ အိမ်ထောင်ဖက်။ ခင်ပွန်း။ (လက်ထပ်ထားသည်ဖြစ်စေ လက်မထပ်ဘဲဖြစ်စေသုံးသည်)
Can people bring their partners to the office party?
လူတွေဟာ သူတို့ရဲ့ ကြင်ဖော်တွေကို ရုံးပါတီပွဲသို့ ခေါ်ယူလာနိုင်သလား။

> couple (n) - စုံတွဲ။ (အထူးသဖြင့် လက်ထပ်ပြီးထားသည့် အတွဲ)
An elderly couple sat in total silence in the corner of the restaurant.
အဖွားကြီးတို့အတွဲတစ်တွဲ စားသောက်ဆိုင်ဒေါင့်ကလေးမှာ တိတ်ဆိတ်နေကြလိုက်တာ။


7. Not Married

> not married (adj) - လက်မထပ်ထားသော။
Jeff and Paula have two children, but they're not actually married.
Jeff နှင့် Paula တို့မှာ ကလေးနှစ်ယောက်ရှိပေမယ့်၊ တကယ်တမ်းကျတော့ သူတို့ကဟာ လက်မထပ်ကြသေးဘူး။

>single (adj) - လူပျို၊ လူလွတ်ဖြစ်သော။ အိမ်ထောင်မရှိသော။
I used to go out a lot more when I was single.
ငါ လူပျိုလူလွတ်ဘဝတုန်းက တော်တော်ကို အပြင်သွားလေ့ရှိခဲ့တယ်။

> single parent (n) - ကလေးများကို တစ်ယောက်တည်းအုပ်ထိမ်းသည့် မိခင်/ ဖခင်။
It is extremely difficult being a single parent.
ကလေးကိုတစ်ယောက်တည်းအုပ်ထိမ်းသူဖြစ်ရတာ အခက်ခဲ့ဆုံးပဲ။

> unmarried (adj) - လူပျို လူလွတ်ဖြစ်သော။ လုံးဝလက်မထပ်ဖူးသော။
She has tree unmarried sons.
သူမမှာ သားလူပျိုသုံးယောက်ရှိတယ်။

> bachelor (n) - လူပျို။
My brother is a bachelor.
ငါ့အစ်ကိုက လူပျိုတစ်ယောက်ပါဗျ။

> spinster (n) - အပျို။
They are spinsters.
သူတို့က အပျိုတွေပါကွာ။

8. Not Married Any More

>divorced (adj) - တရားဝင် ကွာရှင်းထားသော။ တရားဝင် ပြတ်စဲထားသေား
He's living with a divorced woman and her two children.
သူကတော့ မုဆိုးမတစ်ယောက်နှင့် သူမရဲ့ ကလေးနှစ်ယောက်နဲ့ အတူနေတယ်။

> be/ get divorced (v) - တရားဝင် ကွားရှင်းသည်။ တရားဝင်ပြတ်စဲသည်။
Her parents are divorced.
သူမရဲ့မိဘတွေက ကွာရှင်းလိုက်ကြပြီ။
They got divorced only three years after they got married.
သူတို့က လက်ထပ်ပြီး သုံးနှစ်ပဲနေခဲ့ပြီးတော့ ကွာရှင်းခဲ့ကြတယ်။

>divorce (n) - တရားဝင် ကွာရှင်းခြင်း။ တရားဝင် ပြတ်စဲခြင်း။
She told me she wanted a divorce!
သူမက ကွာရှင်းချင်တယ်ဆိုပြီး ငါ့ကိုပြောခဲ့တယ်။
A third of all marriages in Britain end in divorce.
 ဗြိတိန်နိုင်ငံတွင် အိမ်ထောင်သည် ၃%တို့ဟာ ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်ကြတယ်။

> divorcee (n) - တစ်ခုလပ် (အထူးသဖြင့် အမျိုးသမီး)။

At first, I don't know she is a divorcee.
အစကတော့ သူမဟာ တစ်ခုလပ်ဖြစ်တယ်ဆိုတာ ငါ့မသိဘူး။

> ex-husband/ ex-wife (n) - ခင်ပွန်းဟောင်း/ ဇနီးဟောင်း။
His ex-wife never lets him see the children.
သူ့ရဲ့ဇနီးဟောင်းက သူ့ကို ကလေးတွေနဲ့ လုံးဝတွေ့ခွင့်မပေးဘူး။
He is her ex-husband.
သူကတော့  သူမရဲ့ ခင်ပွန်းဟောင်းပဲဖြစ်ပါတယ်။

>be separated (v) - (အိမ်ထောင်) ကွဲသည်။ (တရားဝင်မကွာရှင်းရသေး။)

I didn't know Linda and Mike were separated.
Linda နဲ့ Mike တို့ကွဲနေကြတာကို ငါမသိဘူး။

> split up (v) - (အိမ်ထောင်) ကွဲသည်။
They are always arguing but I don't think they'll ever split up.
သူတို့ကတော့ အမြဲတမ်း ငြင်းခုံ ရန်ဖြစ်နေကြတာပဲ။ ဒါပေမယ့် သူတို့ ဘယ်တော့မှ ကွဲကြလိမ့်မယ်လို့တော့ ငါမထင်ပါဘူး။

> split up + with (v)- (အိမ်ထောင်) နှင့် ကွဲသည်။
Have you heard? Katie's spliting up with Andrew!
ခင်ဗျားကြားပြီးပြီလား။ ကစ်တီ နှင့် အန်ဒရောတို့ ကွဲနေကြာတာလေ။

> widow (n) - မုဆိုးမ။
Mr Jarvis died suddenly, leaving a widow and four children.
ကလေး (၄) ယောက်နဲ့ မုဆိုးမတစ်ယောက်ကိုထားပြီး Mr Jarvis ဟာ ရုတ်တစ်ရက်သေဆုံးသွားခဲ့တယ်။

> widower (n) - မုဆိုးဖို။
He's been a widower for eight years now.
သူကတော့ မုဆိုးဖိုတစ်ယောက်ဖြစ်နေတာ ၈ နှစ်တောင်မှရှိနေပြီဗျ။


9. Connected With People Who Are Married

> married life (n) - အိမ်ထောင်သည်ဘဝ။
After 30 years of married life with Kyaw Mg, she feels that she is the luckiest one in the world.
 ကျော်မောင်နှင့် အိမ်ထောင်သည်ဘဝနဲ့နှစ်(၃၀)ကြာပြီးနောက်မှာတော့ သူမဟာ ကမ္ဘာပေါ်တွင် ကံအကောင်းလူသားတစ်ဦးအဖြစ် ခံစားမိတယ်။

> marital (adj) - အိမ်ထောင်ရေးနှင့်ဆိုင်သော။ လင်ခန်းမယားခန်းနှင့်ဆိုင်သော။

= marital problems/ violence/ difficulties/ breakdown
Their marital problems began when Martha lost her job.
မာသာ အလုပ်ပြုတ်တော့ သူတို့အိမ်ထောင်ရေးပြဿနာက စတော့တာပဲ။
Marital breakdown can have a devastating effect on the children.
အိမ်ထောင်ရေးပျက်စီးခြင်းဟာ ကလေးတွေအပေါ် အကြီးအကျယ်ထိခိုက်နိုင်တယ်။

> marital status (n) - အိမ်ထောင်ရှိ၊ မရှိ။
မှတ်ချက်။  ။ Marital status ကို အလုပ်လျှောက်ခြင်း၊ ကျောင်းလျှောက်ခြင်း၊ ဗီဇာလျှောက်ခြင်း စသည့် ရုံးအသုံးဆိုင်ရာတို့တွင် ဖောင်ဖြည့်သောအခါ အသုံးများသည်။
ဥပမာ။  ။ Name: San San.  Age: 25.   Marital status: Single (Name: ______ Age: _________ Marital status: _________)

အကောင်ချေ (ကျောက်ရိုး)

(Longman Essential Activator - စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။)



Friday, October 3, 2014

Present Simple Tense (ရိုးရိုးပစ္စုပ္ပန်ကာလ) နှင့် Present Continuous Tense (ပစ္စုပ္ပုန်ဆက်လက်ကာလ) အသုံးပြုပုံ


My name's Alan. I work in an office, but I'm not sitting at my desk this week. I'm doing a Leadership Course for new managers.

At the moment we're building a bridge, because we need to cross a river. We're all working hard, but I think it's great. I certainly prefer this to the office.
I'm really enjoying it.

It's nine o'clock in the evening and Alan doesn't feel very happy now. He usually watches TV in the evening, but he isn't watching TV today. He's putting up a tent.

I don't think this. It's raining and I feel cold, wet, and hungry. Perhaps I don't want to be a manager after all.



  *Present Simple Tense (ရိုးရိုးပစ္စုပ္ပန်ကာလ) ကို ----

 1. ပုံမှန် လုပ်ဆောင်ချက်များကိုဖော်ပြလိုသောအခါ 

  •  He usually watches TV in the evening.


  2. အမြဲတမ်း သို့မဟုတ် ယေဘုယျ ဖြစ်ပျက်နေသောအကြောင်းအအရာကို ဖော်ပြလိုသောအခါ

  • I work in an office. 
  • She goes to school. 


3. အောက်ပါ စကားလုံးများနှင့် တွဲသုံးလေ့ရှိသည်။

  • usually, often, always, everyday, on Saturdays  
  • I always get up early morning.
  • I usually read any kinds of historical books.
  • Everyday she goes to school. 


 * Present Continuous Tense (ပစ္စုပ္ပုန်ဆက်လက်ကာလ) ကို ------

  1. ယာယီဖြစ်ပျက်နေသောအကြောင်းအရာ၊ အခြေအနေများကိုဖော်ပြလိုသောအခါ 

  • He isn't wearing a suit today.
  • We're doing a leadership course this week. 


2. စကားပြောနေသောအချိန်တွင် ဖြစ်ပျက်နေသောအခါ

  • She's talking on her mobile at the moment.
  • I'm not using the Internet now. 


3. အနာဂတ်ကာလ၌ arrangements ကိုဖော်ပြလိုသေအခါ 

  • We're meeting for dinner on Friday.
  • I'm working this weekend. 


4. အောက်ပါစကားလုံးတို့ဖြင့် တွဲသုံးသောအခါ


  • now, at the moment, today, this week  

Now I'm reading a book by U San Tha Aung.
 They're going to Mrau-U for pilgrimage this week.




အထူးမှတ်ချက်။

 Describing States (Stative Verbs) ဟုခေါ်သော
"need, want, think, believe, know, like, prefer, love"  ကြိယာတို့နှင့် Present Continuous Tense နှင့် တွဲသုံးလေ့မရှိပေ။ I'm needing, I'm wanting စသည်ဖြင့် မသုံးရဟုမှတ်ပါ။

 Exercise 1. 
Make sentences. Put the verbs into the correct tense.

1. He / usually / work/ indoors. This week/  he/ work/ outdoors.
2. At the moment/ I/ cook/  a meal. I/ normally/ not cook/ anything.
3. He/ usually/ not walk/ a lot. H/ walk/ 10 kilometers today.
4. It's 5 a.m./ Alan/ get up/ now. He/ normally/ get up/ at 7.30.
5. I/ usually/ wear/ a suit. This week/ I/ wear/ jeans.



 Exercise 2. 
 Put the verbs into the correct tense.

1. A I____(go) to the show now. We____(need) some bread.
B Oh, I _______(think) the shop _________(close) at four on Sundays.
2. A The Director _________(want) to talk to Katrin, but I ________(not know) where she is. 
B I ________(believe) she _______(have) lunch at the moment. She usually _____(go) for lunch at 1.30.
3. A I _______ (make) a cup of coffee now. _______(you/ want) one?
B  No, thanks, I _______(not like) coffee. I _______(prefer) tea.

================================================ 
____ Tom Hutchinson ရေးတဲ့ English for Life, Intermediate Student's Book စာအုပ်မှ ကူးယူဖော်ပြပါသည်။
 

Thursday, October 2, 2014

Coordinating Conjunction



And - နှင့်၊ ၍
As well as - သကဲ့သို့၊ လည်းဘဲ
And …. to - သကဲ့သို့၊ လဲဘဲ
And … also - သကဲ့သို့၊ လဲဘဲ     
Not only…but also - သာမဟုတ်၊ လဲဘဲ
No less than - သကဲသို့၊ လဲဘဲ
Both..and - နှင့်၊ နှစ်ခုစလုံး
Not only…but - သာမဟုတ်၊ လဲဘဲ
Either … or - နှစ်ခုမှ တစ်ခု
Neither …. nor - နှစ်ခုလုံးမဟုတ်
Or - သို့မဟုတ်
Else - သို့မဟုတ်
Nor - တစ်ခုမှ မဟုတ်
But - သို့ရာတွင်၊ ဒါပေမယ့်
Yet - သို့ရာတွင်၊ ဒါပေမယ့်
So - ဒါကြောင့်
For - အတွက်ကြောင့်၊ သောကြောင့်၊ အကြောင်းမူကား
And so - လည်းပဲ၊ အဲဒီလိုပဲ။
And … too - လည်းပဲ။ 
And …neither - နှစ်ခုလုံး မဟုတ်။
And …eighter -  ထိုနည်းအတူ၊ နှစ်ခုလုံး။

Active Voice to Passive Voice အတွက် ကြိုတင် သိထားသင့်သော အချက်များ


Adverb of Manner ပါသော (ly - ဆုံးသော)  ဝါကျကို Active Voice မှ Passive Voice သို့ပြောင်းရာတွင်  Adverb of Manner  (ly - ဆုံးသော Adverb) ကို Passive Voice ဝါကျ၌ များသောအားဖြင့် V3 ၏ရှေ့တွင်ထားပေးရသည်။  (Adverb အသုံးပြုပုံကို Adverb အသုံးပြုပုံကဏ္ဍ၌ ဆောင်ပုဒ်နှင့်တကွ ဖော်ပြခဲ့ပြီးပြီ။ ပြန်လည်ကြည့်ရှုပါ။)

Ø  I study English happily. (A V)  >>> English is happily studied (by me). (P V)
Active Voice ဝါကျတို့တွင် Subject သည်  ‘No one, No body, None’ တို့ ဖြစ်ပါက Passive Voice ပြောင်းသောအခါ not ကိုပေးရသည်။ (Negative Sentence ပြောင်းပေးရသည်။)

Ø  No one likes death. (A V )  >>> Death is not liked. ( P V)
Ø  No body knows when we will pass away. ( A V) >>> When we will pass away is not known. ( P V)
                                                                              >>> It is not known when we will pass away. (P V)
            
Active Voice ဝါကျတွင် Subject သည် They, We, People, Someone, Everyone, Somebody, Everybody တို့ဖြစ်က  Passive Voice ပြောင်းသောအခါတွင် by them, by us စသည်ဖြင့် ပြန်မထည့်ဘဲ ချန်ထားနိုင်သော်လည်း  Noun     ( a boy, Su Su, etc. ) ပုဒ်များဖြစ်က  by a boy, by Su Su စသည်ဖြင့် ပြန်ထည့်ပေးရသည်။ ( I, You, He, She, It) တို့ဖြစ်က Passive Voice ပြောင်းရာတွင် by me, by you စသည်ဖြင့် ပြန်ထည့်လို့ ရသလို ပြန်မထည့်ဘဲလည်း ထားနိုင်သည်။

Ø  I play games with Mrat Thar Htun. (A V ) >>> Games are played with Mrat Thar Htun (by me). (P V)
Ø  Su Su is reading the books. ( A V )  >>> The books are read by Su Su. ( P V )

Object နှစ်ခုပါသော (Direct Object & Indirect Object ) Active Voice ဝါကျကို Passive Voice သို့ပြောင်းသောအခါ သက်ရှိဖြစ်သောအခါ Indirect Object ကို Subject နေရာ (ရှေ့ဆုံး) သို့ ပြောင်းပေးပါက ပိုကောင်းသည်။

A.     I give  San Htwe    a lovely present. ( A V)
              ID. O            D.O
B.     I give a lovely present to San Htwe.  (A V)
                    D.O                 ID. O
      A.  San Htwe is given a lovely present by me. ( P V)    or
             A lovely present is given to San Htwe by me. ( P V)
                   B.  A lovely present is given to San Htwe by me. ( P V) or
                          San Htwe is given a lovely present by me. ( P V )   

Three Kinds of Subject (အကြောင်းအရာ - ၃ မျိုး) နှင့် Kinds of Object (ကံပုဒ်အမျိုးအစား)


Three Kinds of Subject (အကြောင်းအရာ - ၃ မျိုး)
1.      ပြုလုပ်တဲ့ Subject
Ø  I write the letter. ငါဟာ စာရေးတယ်။


2.      ပြုလည်းမပြုလုပ် ခံလည်းမခံရတဲ့ Subject (ရှိကြောင်း၊ ဖြစ်ကြောင်းကိုဖော်ပြ)
Ø  The letter is on the table. စာဟာ စားပွဲပေါ်တွင်ရှိသည်။
3.      ခံရတဲ့ Subject (Passive Voice)
Ø  The Letter is written (by me). စာဟာ ငါ့ရဲ့ရေးခြင်းကိုခံရတယ်။


Kinds of Object (ကံပုဒ်အမျိုးအစား)


(a)   Object of the Verb - ကြိယာ၏ကံပုဒ်
Ø  I write a letter. ငါစာတစ်စောင်ကိုရေးတယ်။
(b)   Object of Preposition - ဝိဘတ်၏ကံပုဒ်
Ø  Don’t you sit on the chair? မင်းကုလားထိုင်ပေါ်မှာ မထိုင်ဘူးလား။
(c)     Direct Object - တိုက်ရိုက်ကံပုဒ်
Ø  San Hwe gave me a book. စန်းထွေးက ငါ့ကို စာအုပ်တစ်အုပ်ပေးတယ်။
Ø  The carpenter built me a house. လက်သမားက အိမ်တစ်ဆောင်ကို ငါ့အတွက် ဆောက်ပေးခဲ့တယ်။
(d)   Indirect Object - တစ်ဆင့်ခံကံပုဒ်
Ø  San Htwe gave a book to me. စန်းထွေးက စာအုပ်တစ်အုပ်ကို ငါ့အတွက်ပေးတယ်။
Ø  The carpenter built a house for me. လက်သမားက အိမ်တစ်ဆောင်ကို ငါ့အတွက် ဆောက်ပေးခဲ့တယ်။

Note:                Personal Noun or Pronoun တို့ကို Indirect Object (ID.O) ဟုခေါ်ပြီး၊ Impersonal Pronoun or Noun တို့ကို Direct Object (D.O) ဟုခေါ်သည်။ (ID.O) ကို Transitive Verb အနားမှာကပ်ထားပြီး၊  (D.O) ကို နောက်ဆုံးမှာထား၍ ရေးသားသောအခါ  To/For တို့ကိုထည့်စရာမလို။ (D.O) ကို Transitive Verb အနားမှာကပ်ထားပြီး၊  (ID.O) ကို နောက်ဆုံးမှာထား၍ ရေးသားလျှင်ကား To/For ကို (ID.O) ကြားနှင့် (D.O) ကြားတွင်ထည့်ပေးရသည်။

S + V + D.O + for/to + ID.O                              S + V + ID.O + D.O
The carpenter built a house for me.                       The carpenter built me a house.
San Htwe gave a book to me.                    San Hwe gave me a book.

Wednesday, October 1, 2014

Common Short Forms


Common Short Forms
Aren’t
= are not/ am not
Can’t
= can not
Couldn’t
= could not
Daren’t
= dare not
Didn’t
= did not
Doesn’t
= does not
Don’t
= do not
Hadn’t
= had not
Hasn’t
= has not
Haven’t
= have not
He’d
= he had/ would
He’ll
= he will
He’s
= he is/ has
Here’s
= here is
How’s
= how is/ has
I’d
= I had/ would
I’ll
= I will/ shall
I’m
= I am
I’ve
= I have
Isn’t
= is not
It’ll
= it will
It’s
= it is/ has
Let’s
= let us
Mightn’t
= might not
Musn’t
= must not
Needn’t
= need not
Oughtn’t
= ought not
Shan’t
= shall not
She’d
= she had/ would
She’ll
= she will
She’s
= she is/ has
Shouldn’t
= should not
That’s
= that is/ has
There’d
= there had/ would
There’ll
= there will
There’s
= there is/ has
They’d
= they had/ would
They’ll
= they will
They’re
= they are
They’ve
= they have
Wasn’t
= was not
We’d
= we had/ would
We’ll
= we will/ shall
We’re
= we are/ were
We’ve
= we have
Weren’t
= were not
What’ll
= what will
What’s
= what is/ has
When’s
= when is / has
Where’s
= where is/ has
Who’d
= who would/ had
Who’ll
= who will
Who’s
= who is/ has
Won’t
= will not
Wouldn’t
= would not
You’d
You had/ would
You’ll
You will
You’re
= you are/ were
You’ve
= you have



ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories