Showing posts with label IDIOMS. Show all posts
Showing posts with label IDIOMS. Show all posts

Wednesday, December 2, 2015

Idiomatic Expressions with animals

ဒီနေ့တော့ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး အသုံးပြုတဲ့ အီဒီယမ်ကိုဖော်ပြပေးသွားပါ့မယ့်။ မိတ်ဆွေတို့လည်းကြိုက်နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါတယ်။



  • eats like a horse - အစားကြူးသည်။ အစားပုပ်သည်။
It's not surprising Krat Khaing Zan is so big. She eats like a horse.
မြတ်ခိုင်ဇံတစ်ယောက် ဝနေတာကတော့ အံသြစရာမဟုတ်ဘူး။ သူမက အရမ်းအစားကြူးတာကို။


  • cats and dogs - အလွန်
Please take an umbrella as it's raining cats and dogs.
မိုးအရမ်းရွာနေတယ်။ ကျေးဇူးပြုလို့ထီယူသွားပါ။


  • badger - အတင်းတိုက်တွန်းသည်။ 
I didn't want to go out with her but she badgered me into it.
ကျွန်တော်က သူမနဲ့အတူ အပြင်မသွားချင်ခဲ့ပါဘူး။ ဒါပေမယ့် သူက ဇွတ်ပဲ။


  • a cat has got your tongue - စကားမပြောတတ်ဘူး။
Answer me, Mrat Khaing Zan! What's the matter - has a cat got your tongue?
ဖြေလေ၊ မြတ်ခိုင်ဇံ။  ဘာလဲ။ နင်စကားမပြောတတ်ဘူးလား။


  •  for donkey's years - တော်တော်ကြာပြီ။
Is that you Mrat Khaing Zan? Gosh - I haven't seen you for donkey's years!
မြတ်ခိုင်ဇံဟုတ်တယ်နော်။ ဘုရားရေ။ နင့်ကိုငါမတွေ့တာ တော်တော့်ကိုကြာပြီနော်။


  • go ape - စိတ်ဆိုးသည်
Oh no, I've forgotten my homework. The teacher will go ape!
အို! မဟုတ်သေးပါဘူး။ ငါ အိမ်စာတွေကိုမေ့ကျန်ခဲ့ပြီ။ ဆရာကတော့ စိတ်ဆိုးတော့မယ်။


  • Hold your horse - ခဏစောင့်ပါ။
Hold your horse, Mrat Twan. I'll help you when I'm ready.
ခဏစောင့်နော် မြတ်ထွန်း။ အဆင်သင့်ဖြစ်ရင် ငါကူညီမှာပါ။


  • in the dog house - ပြဿနာတွေ့ပြီ။ ကွိုင်တက်ပြီ။
I forgot my wife's birthday and now I'm in the dog house.
ငါကတော့ ငါ့မိန်းမမွေးနေ့ကိုမေ့သွားတယ်။ အခုတော့ ကွိုင်တက်ပြီ။


  1. as quiet as a mouse - အလွန်အေးတဲ့သော။
She won't disturb you - she's as quiet as a mouse.
ခင်ဗျားကို သူမ မနှောင့်ယှက်ပါဘူးဗျ။ သူမက အလွန်အေးတဲ့သူပါ။


Reptile 
lizard - ပုတ်သင်ညို
snake - မြွေ
crocodile - မိကျောင်း
tortoise - လိပ်
rat - ကြွက်
mouse - ကြွက်
cock - ကြက်ဖ

Insect
ant - ပုရွက်ဆိတ်
butterfly - ယင်ကောင်
wasp - နကျယ်ကောင်
caterpillar - ခူကောင်
cockroach - ပိုးဟပ်

Mammal
wolf - ဝံပုလွေ
camel - ကုလားအုတ်
dog - ခွေး
goat - ဆိတ်
sloth - မျောက်မောင်းမ
ape - မျောက်ဝံ။ လူဝံ။
badger - ခွေးတူဝက်တူ

Fish
goldfish - ရွှေငါး
shark - ငါးမန်း
salmon - ဆော့လ်မွန်းငါး

Bird
eagle - လင်းယုန်ငှက်
penguin - ပင်ဂွန်ငှက်
parrot - ကျေးငှက်
dodo - ဒိုဒိုငှက်
ostrich - ငှက်ကုလားအုပ်

______
 အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Wednesday, October 7, 2015

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များ (၁)

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များအစီအစဉ်အတွက် ဒီနေ့တင်ပြပေးမယ့် စကားလုံးက out of the blue ဆိုတဲ့အသုံးအနှုန်းပဲဖြစ်တယ်။ တစ်လုံးချင်းအဓိပ္ပါယ်ကတော့ out အပြင်မှာ၊ of ၏၊ blue အပြာရောင်။ ဒီတော့ သာမာအဓိပ္ပါယ်ကောက်ကြည့်မယ်ဆိုရင် 'အပြာရောင်အောက်တွင်' ဟု ယေဘုယျမှတ်ယူနိုင်တယ်။ သို့သော် အီဒီယမ်ဆိုတဲ့ ဗန်းစကားက 'လတ်တလော ဖြစ်ပျက်တာတွေ၊ မမျှော်လင့်ပဲ ဖြစ်ပျက်တာတွေ' စတာတွေကိုဆိုလိုခြင်းဖြစ်တယ်။ out of the blue အစား out of a clear blue sky ကိုလည်း သုံးနိုင်တယ်။ အဓိပ္ပါယ်ကအတူတူပဲဖြစ်တယ်။ အောက်မှာပေးထားတဲ့ ဥပမာလေးတွေကို လေ့လာကြည့်ကြရအောင်။

out of the blue / out of a clear blue sky  - ကြိုင်တင်မမြင်နိုင်ခြင်း၊ မျှောင်လင့်မထားဘဲ

Criticism came out of the blue.
ဝေဖန်မှုက ရုတ်တစ်ရက်ပေါ်ထွက်လာတယ်။

A long-unseen friend appeared out of the blue.
မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့သူငယ်ချစ်တစ်ယောက်ဟာ ရုတ်တစ်ရက်ပေါက်ချ (ပေါ်)လာတယ်။

out of the blue/ out of a clear blue sky - လုံးဝမမျှော်လင့်ဘဲ။ ဗြုန်းစားကြီး။ ဆိုင်းမဆင့် ဗုံမဆင့်။

Then one day, completely out of the blue, I had a letter from her.
ထို့နောက် တစ်နေ့မှာတော့ လုံးဝမျှော်လင့်မထားဘဲ သူမဆီက စာတစ်စောင်ကို ရလိုက်တယ်။

The invasion came out of a clear blue sky.
တိုက်ခိုက်မှုက ဗြုန်းခနဲ ပေါ်လာခဲ့တယ်။

I was so surprised because I met her out of a clear blue sky.
သူမကို မမျှော်လင့်ပဲတွေ့လိုက်ရလို့ ကျွန်တော်အရမ်းအံ့အားသင့်ခဲ့ရတယ်။

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲနော်။ အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။ ပြောစရာရှိက CBox မှာပဲဖြစ်ဖြစ်၊ Comment ပေးလို့ပဲဖြစ်ဖြစ် ပေးထားခဲ့ပါနော်။


Ref: idioms.thefreedictionary
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories