Saturday, July 11, 2015

Crimes and Criminals (ပြစ်မှု/ ရာဇဝတ်မှုကျူးလွန်ခြင်းဆိုင်ရာ စကားလုံး)

Vocabulary : Crimes and Criminals

The young boy is committing a crime.
ဟိုကောင်လေးဟာ ရာဇဝတ်မှုကိုကျူးလွန်နေတယ်။

He's robbing a woman.
သူဟာ အမျိုးသမီးကြီးတစ်ဦးဆီက လုယက်နေတယ်။

He's stealing her bag.
သူသည် သူမ၏ အိတ်ကို လုယူ (ခိုးယူ) နေတယ်။

The police will arrest the robber.
ရဲသားက သူခိုးကိုဖမ်းလိမ့်မည်။

He'll go to prison for robbery.
ရာဇဝတ်မှုကျူးလွန်သောကြောင့် သူဟာ ထောင်နန်းစံရလိမ့်မည်။

Rob နှင့် Steal ခြားနားချက်

Rob + a person or an institution )e.g. a bank)
လူကိုလုယက်ခြင်း၊ ဘဏ် စသည်တို့ကိုဝင်ရောက်ဖောက်ထွင်း လုယက်ခြင်းတို့အတွက် Rob ကိုသုံးသည်။

Steal + a thing
ပိုက်ဆံအိတ်၊ ထီး၊ ဖိနပ် စသည်တို့ကို ခိုးယူပါက Steal ဖြင့်သုံးသည်။

ဥပမာ။ ။
They robbed the man. သူတို့သည် (ဒီ) လူကြီးကို ဓားပြတိုက်ခဲ့ကြသည်။ (သူတို့သည် ဒီလူကြီးဆီက လုယူခဲ့ကြသည်။)
NOT - They stole the man.

They stole his wallet. သူတို့သည် သူ၏ပိုက်ဆံအိတ်ကို ခိုးယူခဲ့ကြသည်။
NOT - They robbed his wallet.



Complete the news story. Use words from above picture.

In July last year, three people robbed the Goldmine jewellery shop. Two men and a woman s____e watches and jewellery worth over £ 80,000. There was a lot of publicity about c____e, because the r______s violently a_____d the shop's owner, Mr Hall.

Fortunately, several w_____s saw the r____y. The p____e soon a____d the three people. They went to p_____n for rubbery and a____t. The v____m, Mr Hall, said, "Those people have c____d so many crimes. They are very dangerous c_____s. I thought they were going to m____r me."




Crime - ရာဇဝတ်မှု
Criminal - ရာဇဝတ်ကောင်
Verb - ရာဇဝတ်မှုကျူးလွန်သည်
murder - လူသတ်မှု
a murderer - လူသတ်သမား
murder - လူသတ်မှုကျူးလွန်သည်
burglary - ဖောက်ထွင်းခိုးယူမှု
a burglar - ဖောက်ထွင်း ဝိဇ
burble - ဖောက်ထွင်းခိုးယူသည်
vandalism - ဖျက်ဆီးခြင်း/မှု
a vandal - ဖျက်ဆီးသူ
vandalize - ဖျက်ဆီးသည်
assault - ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်း
an attacker - တိုက်ခိုက်သူ
assault - တိုက်ခိုက်သည်
blackmail - ငွေညှစ်မှု/ခြင်း
a blackmailer - ငွေညှစ်သူ
blackmail - ငွေညှစ်သည်
Car theft - ကားခိုးမှု
a car theft - ကားခိုးသူ
steal a car - ကားခိုးသည်


 ___ အကောင်ချေ (ကျောက်ရိုး)

Ref: English for Life : Intermediate Student's Book စာအုပ်မှ ထုတ်နှုတ်ဖော်ပြသည်။


Monday, July 6, 2015

VOA - Border Crossings အစီအစဉ်ကို တိုက်ရိုက်နားထောင်ကြရအောင်

ကမ္ဘာတစ်လွှားမှ တေးချစ်ပရိသတ်များတောင်းဆိုတဲ့ သီချင်းများကို ထုတ်လွှင့်ပေးနေတဲ့ VOA - Border Crossings အစီအစဉ်ကို တိုက်ရိုက်နားထောင်နိုင်ဖို့ စုစည်းတင်ပေးလိုက်ပါတယ်။

Saturday, February 14, 2015

Love and Relationships စကားလုံးအသုံးအနှုန်းများ

Vocabulary : Love and Relationships

လူတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်၊ သဘောကျ၊ ချစ်ကြိုက် နှစ်သက်နေပြီဆိုရင်
To have a crush on someone  နဲ့ To have got a crush on someone - (ချစ်ကြိုက်နေသည်။ စိတ်ဝင်စားနေသည်။) ဒါပေမယ့် ထာဝရချစ်ခင် နှစ်သက်နေတာ မဟုတ်ပဲ
ခဏတဖြုတ်ချစ်တာ ကိုဆိုလိုသည်။

Last month she had a crush on Htwan Mrat Wai, but this month she has a huge crush on Htwan Kyaw.
လွန်ခဲ့တဲ့လက သူမဟာထွန်းမြတ်ဝေကိုချစ်နေခဲ့ပေမဲ့ ဒီလမှာတော့ ထွန်းကျော်ကို တော်တော်လေးချစ်နေတယ်။

တစ်ဦးတစ်ယောက်ကို စတင်ချစ်မိနေပြီဆိုရင်တော့ To fall for someone - (စတင်ချစ်မိနေပြီ။) ဖြင့်ရေး/ပြောနိုင်တယ်။
I think I'm falling for San San Htwe. I can't stop thinking about her.
ကျွန်တော်ဟာ စန်းစန်းထွေးကို ချစ်မိနေပြီလို့ထင်တယ်။ သူမအကြောင်းကို မတွေးပဲကို မနေနိုင်တော့ဘူး။

တစ်စုံတစ်ဦးနှင့် စကားအချေအတင်ဖြစ်ပြီးနောက် တစ်ဖန်ပြည်လည်၍ ရင်းနှီးလာသောအခါ To make up (ချစ်ကြည်ရေး/ နားလည်မှု/ ရင်းနီးမှုပြန်လည်ရလာသည်) စကားလုံး
ဖြင့်ရေး/ပြောပါ။

We had a huge  fight yesterday, but we made up today.
မနေ့က ကျွန်တော်တို့ တော်တော်လည်းစကားဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့တော့ ပြေလည်သွားပါပြီ။ (ဒီနေတော့ ပြန်လည် အဆင်ပြေသွားကြပါပြီ။)

လူတစ်ဦးတစ်ယောက်နှင့် ပထမဆုံးအကြိမ်တွေ့တာနဲ့ပဲ ပလဲသင့်ပနံတင့် /အဆင်ပြေသွားကြသောအခါ To hit it off (အဆင်ပြေသွားကြ/ ပလဲသင့်ပနံတင့်ဖြစ်သွားကြသည်)
San San Htwe and Kyaw Mrat Htwan hit it off on their first date.
စန်းစန်းထွေးနဲ့ ကျော်မြတ်ထွန်းတို့ဟာ ပထမဆုံးအကြိမ်ချိန်းတွေ့ကြရင်းနဲ့ပဲ အဆင်ပြေသွားကြတယ်။

သမီးရည်းစားကြားတွင် ချစ်သူအဖြစ်ဆက်ဆံရေး ပျက်သုဉ်းသွားသောအခါ / လမ်းခွဲလိုက်ကြသောအခါ /ပြတ်စဲသွားသောအခါတွင်) To break up (ပြတ်စဲသွားသည်) ဖြင့်
ရေး/ပြောပါ။

They broke up last week, but they are trying to remain friends.
သူတို့ဟာ လွန်ခဲ့တဲ့အပတ်က လမ်းခွဲလိုက်ကြပြီ။ ဒါပေမဲ့လည်း သာမန်သူငယ်ချင်းအဖြစ် ဆက်လက်ထားရှိဖို့ကြိုးစားနေကြပါတယ်။

 ___ အကောင်ချေ (ကျောက်ရိုး)
Ref: American English at State

Saturday, January 17, 2015

မေမေ့မေတ္တာ သားမသိရှာ

ကျွန်တော်အမေဟာ မျက်လုံးတစ်ဖက်ကွယ်နေသူ။ ကျွန်တော်ဟာ အမေကိုအရမ်းမုန်းတယ်။ အမေဟာ ကျွန်တော့်ကို တော်တော်လည်း စိတ်မချမ်းသားအောင်လုပ်တတ်တယ်။ အမေ့ကြောင်း ကျွန်တော်မျက်နှာခဲ့ရတာလည်း အများကြီးပဲ။ အမေကတော့ မိသားစုစားဝတ်နေရေးဖုံလုံဖို့အတွက် ကျောင်းသူ/သားတွေ ဆရာ/မတွေအတွက် ထမင်းအငှားချက်တယ်။

မှတ်မှတ်ရရ ကျွန်တော် မူလတန်းကျောင်းသားဘဝတုန်းကပေါ့။ တနေ့တော့အမေဟာ ကျောင်းကိုလာပြီး ကျွန်တော့ကိုနှုတ်ဆက်တယ်။ အဲဒီလုပ်ရပ်က ကျွန်တော့်အတွက်
တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စေတဲ့နေ့တစ်နေ့ဖြစ်ခဲ့သလို ကျွန်တော့်ကိုလည်း အရှက်ရစေတဲ့နေ့ပေါ့။

အဲဒီလိုလုပ်လိုက်တာက ဘယ်လိုရည်ရွယ်ချက်နဲ့ အမေလုပ်တာပါလိမ့်ဆိုတာ ကျွန်တော်စဉ်းစားလို့မရဘူး။ ဘာပဲဖြစ်ဖြစ် အမေ့ကို ငါဟာဂရုမစိုက်ခဲ့ဘူး။ ဒေါသတွေထောင်းထောင်းထွက်နေတဲ့အကြည့်နဲ့ တုန့်ပြန်လိုက်ပြီး အခန်းထဲကနေ ကျွန်တော်ထွက်သွားခဲ့တယ်။ နောက်တစ်နေ့မှာ ကျွန်တော် ကျောင်းကိုရောက်တော့ အတန်းဖော်တစ်ယောက်ကပြောတယ်။ "ဟေး! နင့်အမေက မျက်လုံးတစ်ဖက်အကန်းပေါ့!"

အဲဒီစကားကိုကြားရတော့ ကျွန်တော်ဟာ အဲဒီနေရာမှာပဲကိုယ့်ကိုကိုယ်သတ်သေလိုက်ချင်တယ်။ အမေကိုလည်းပဲ ဒီလောကထဲမှာ ရှိမနေစေချင်တဲ့စိတ်တွေဖြစ်ခဲ့တယ်။ ပြီးရင် အဲဒီနေ့က အမေနဲ့တွေ့ပြီး "သူငယ်ချင်းတွေဆီမှာ ငါ့ကိုပျက်ရယ်ပြုခံရအောင်ပဲ လုပ်ဖို့လောက်ကိုပဲ အမေသိတယ်။ ဘာလို့ခုထိမသေသေးတာလဲ" ဟုပြောဆိုပြီး ဆဲဆို ရန်ဖြစ်ခဲ့တယ်။

အမေကတော့ ဘာမှပြန်မပြောပါဘူး။  ကျွန်တော်ပြောချင်တာပြောထေ့လိုက်ပြီး ဘာမှလည်းမစဉ်းစားခဲ့ဘူး။ ရင်ထဲမှာဒေါသတွေပြည့်လို့ပေါ့။ အမေဘယ်လိုခံစားနေရလိမ့်မယ်ဆိုတာလည်း ငါဘာမှမစဉ်းစားမိခဲ့ဘူးပေါ့။

အဲဒီနေ့ကစပြီး အိမ်ကနေအပြီးထွက်သွားဖို့ပဲ ကျွန်တော်စိတ်ကူးတော့တယ်။ ဒါကြောင့် ကျွန်တော်စာတွေများကြီးကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ နိုင်ငံခြားမှာပညာသင်ဖို့အခွင့်အရေးတွေကို ရရှိခဲ့တယ်။

ဒီလိုနဲ့ပဲ နိုင်ငံခြားမှာအိမ်ထောင်ကျခဲ့တယ်။ ပြီးတော့ ကိုယ်ပိုင်အိမ်တွေနဲ့ တင့်တင့်တယ်တယ်နေနိုင်ခဲ့တယ်။ ကလေးတွေလည်းရပြီး မိသားစုတွေနဲ့အရမ်းပျော်စရာကောင်းတဲ့ မိသားစုတစ်ခုကို ကျွန်တော်ပိုင်ဆိုင်ခဲ့တယ်လေ။ တနေ့မှာတော့ ကျွန်တော်ရဲ့အမေက ဗုံမဆင့်ဆိုင်းမဆင့် အိမ်ကိုလာလည်တယ်။ အမေဟာ ကျွန်တော်ကိုမတွေ့တာ
နှစ်တွေလည်းတော်တော်ကြာသွားပြီ၊ ပြီးတော့ ကျွန်တော့်သားသမီးတွေနဲ့လည်း တစ်ခါမှမတွေ့ဖူးမဆုံဖူးဘူးလေ။

ကျွန်တော့်အမေ တံခါးပေါက်ဝမှာရပ်နေတာကိုတွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော့်သားသမီးတွေက ဝိုင်းပြီးရယ်ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်မဖိတ်ခေါ်ပဲလာတဲ့ အမေ့ကို
ကျွန်တော်က အော်ဟစ်ကြိမ်းမောင်းလိုက်တယ်။
"ခင်ဗျား ကျွန်တော်အိမ်ကို ဘာလို့လာရတာလဲ။ ဘယ်ကလဲ။  ကလေးတွေကိုခြောက်လှန်နေတာလား။ သွား! ငါ့အိမ်က အခုထွက်သွား"။

ဒါပေမယ့် အမေက စိတ်မဆိုးပဲနဲ့ ယဉ်ကျေးသိမ့်မွေ့စွာနဲ့ "အို! စိတ်မကောင်းပါဘူးရှင်။ အိမ်လိပ်စာမှားသွားလို့ပါ" ဟုပြောဆိုပြီး အိမ်ကနေထွက်သွားခဲ့တယ်။

တစ်နေ့တော့ ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲအတွက် ကျွန်တော့်ဆီသို့ စာတစ်စောင်ရောက်လာခဲ့တယ်။ အဲဒီပွဲကိုသွားဖို့အတွက်ကို 'စီးပွားရေးကိစ္စနဲ့ ခရီးသွားစရာရှိတယ်'ဆိုပြီး ကျွန်တော်ရဲ့ ချစ်ဇနီးချောလေးကို ကျွန်တော် လိမ်ပြောပြီးသွားခဲ့တယ်။ ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကိုသွားပြီး အမေ့အကြောင်းကို ကျွန်တော်စုံစမ်းမိတယ်။

အဲဒီအခါမှာ ကျွန်တော့်အမေသေသွားပြီးဆိုတာကို အိမ်နီးနားချင်းတွေပြောပြလို့ ကျွန်တော်သိလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ မျက်တစ်စက်မှမကျပါဘူး။ ထို့နောက်မှာတော့ အိမ်နီးနားချင်းတွေက "မင်းကိုလေ  မင်းအမေက အနားမှာအမြဲတမ်းရှိနေစေချင်ခဲ့တာ" ဟုပြောဆိုကြပြီး၊ ကျွန်တော့်အတွက် အမေရေးထားခဲ့တဲ့ စာတစ်စောင်ကို ကျွန်တော်လက်ထဲသို့ထည့်ပေးကြတယ်။

စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ ___

သို့//

အမေ အရမ်းချစ်ရတဲ့ သားလေး

အမေလေ သားလေးအကြောင်းကိုတွေးပြီး အမြဲတမ်းလွမ်းဆွေးနေရတယ်။ နောက်ပြီး သားလေးအိမ်သို့ အမေလာခဲ့မိတာရယ်၊ သားလေးရဲ့ကလေးလေးတွေကို ခြောက်လှန့်သလိုဖြစ်သွားမိခဲ့တဲ့အတွက်ရယ်၊ အဲဒါတွေအတွက် အမေတကယ်စိတ်မကောင်းပါဘူးသားလေးရယ်။

ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲသို့ သားလေးလာမယ်ဆိုတာကိုသိရလို့ အမေအရမ်းဝမ်းသားခဲ့ရတယ်သိလား။ ဒါပေမယ့်သားလေးရယ်၊ အမေကတော့ သားလေးကိုလာတွေ့ချင်သော်လည်း အိပ်ရာပေါ်ကနေထနိုင်တော့မှာ မဟုတ်တော့ပါဘူး။ သားလေးငယ်ငယ်တုန်းက  အမေဟာ သားလေးအတွက် အမြဲတမ်း စိတ်မချမ်းသာစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တာကို အမေ တကယ်စိတ်မကောင်းပါဘူး သားလေးရယ်။

 သားလေးတော့ ဘယ်သိပါ့မလဲလေ။  သားလေး ကလေးလေးဘဝတုန်းကပေါ့။ သားလေးမတော်တဆချော်လဲပြီး မျက်လုံးတစ်ဖက်ကွယ်ခဲ့ရတယ်လေ။  ကိုယ့်သားလေးတစ်ယောက် မျက်လုံးတစ်ဖက်ကွယ်ပြီး အင်္ဂါမစုံမလင်နဲ့ ကြီးပြင်းလာမှာကို အမေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီးမြင်နိုင်ပါ့မလဲလေ။ ဒါဟာ မိဘတိုင်းရဲ့မေတ္တာစေတနာပဲလေ။ အဲဒီတော့  အမေဟာ သားအတွက် မျက်လုံးတစ်ဖက်ကိုထုတ်ပေးပြီး အစားထိုးကုသပေးခဲ့တယ်လေ။

တကယ်တော့ အမေဟာလေ သားလေးအတွက် အရမ်းဂုဏ်ယူသလို အရမ်းလည်းကြည်နူးရတယ်သိလား သားလေး။ ဘာလို့လဲဆိုတော့ အမေမျက်လုံးနဲ့ သားလေးဟာ ကမ္ဘာသစ်တစ်ခုကိုမြင်နေရလို့ပါပဲ။ ဒီလောကကြီးထဲမှာ သားလေးဘဝအဆင်ပြေနေရင် အမေပျော်ပါပြီ။ ဒါပေမယ့် အမေအနားမှာ သားလေးကိုရှိနေစေချင်ခဲ့မိတာကတော့ အမှန်ပါပဲ သားလေးရယ်။ သားလေးဘဝ ထာဝရလှပနိုင်ပါစေ။

အမုန်းမပွား ထာဝရမေတ္တာတရားများဖြင့်
သားလေးရဲ့ အမေ

____0___

သားထွီး (ကျောက်ရိုး)
၁၇-၀၁-၂၀၁၅

___My mom only had one eye ကိုဆီလျော်အောင်ဘာသာပြန်ပြီး ပြန်လည်ရေးဖွဲ့ပါသည်။

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories