Thursday, September 24, 2015

အလိုအပ်ဆုံးအရာ


အဖေ မရှိတဲ့လောကဟာ
နေမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အဖေ မရှိတဲ့ အိမ်ဟာ
တံတိုင်းအကာမရှိတဲ့ အိမ်တစ်အိမ်လို...။

အဖေ မရှိတဲ့ဘဝဟာ
စစ်သူကြီးမရှိတဲ့ စစ်မြေပြင်ကြီးတစ်ခုလို...။

အမေ မရှိတဲ့ လောကဟာ
လမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အမေ မရှိတဲ့ အိမ်ဟာ
မန်နေဂျာမရှိတဲ့ ရုံးခန်းတစ်ခုလို...။

အမေ မရှိတဲ့ဘဝဟာ
ရင်ခွင်မဲ့ ငှက်ငယ်တစ်ကောင်လို...။

အဖေ အမေ မရှိတဲ့ဘဝဟာ
အမှောင်တွေဖုံးနေတဲ့ လောကကြီးတစ်ခုလို
ဘာဆို ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး...။

အဖေ အမေ ဆိုတာ
လောကရဲ့အလှ
လောကရဲ့ အထွဋ်အထိပ်
ငါတို့ရဲ့ဘဝ ငါတို့ရဲ့အလှ
ငါတို့ဘဝရဲ့ သခင်
ငါတို့ဘဝရဲ့ ပဲ့ကိုင်ရှင်
ငါတို့ဘဝရဲ့ မီးရှူးတန်ဆောင်
ငါတို့ဘဝရဲ့ အလင်းရောင်
ငါတို့ဘဝရဲ့ ဘုရားသခင်...။

____အကောင်ချေ (ကျောက်ရိုး)
၂၄ - ၀၉ - ၂၀၁၅
၂၀:၀၃ ပီအမ်

________00______
 အားလုံးကိုကျေးဇူးတင်ပါတယ်။


____အကောင်ချေ (ကျောက်ရိုး)

 http://kyaukroevillage.blogspot.com/

Saturday, September 12, 2015

Compound Sentences (ပေါင်းစပ်ဝါကျများ)

Compound Sentences (ပေါင်းစပ်ဝါကျများ) အပိုင်း (၁)

Compound Sentences (ပေါင်းစပ်ဝါကျများ) ဆိုတာဘာလဲ။ ဘယ်လို Sentence (ဝါကျမျိုး)ကို Compound Sentence (ပေါင်းစပ်ဝါကျ)ဟုခေါ်သနည်း။ Compound Sentences (ပေါင်းစပ်ဝါကျများ)ဟူသည် Simple Sentence (ရိုးရိုးဝါကျ) နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဝါကျတို့ကို Coordinator Conjunctions သို့မဟုတ် Connective Adverbs တို့ဖြင့် ဝါကျတစ်ခုတည်းဖြစ်အောင်ဖွဲ့စည်းရေးစပ်ထားသော ဝါကျများကို Compound Sentences (ပေါင်းစပ်ဝါကျများ)ဟုခေါ်တယ်။ Simple Sentence ကို Independent Clause ဟုလည်းခေါ်ကြ၏။ ဥပမာ - Subject + Verb + Objective / Complement
(I love her. I'm a student.)

Compound Sentences (ပေါင်းစပ်ဝါကျများ)ကိုရေးဖွဲ့ရာတွင် Coordinator Conjunctions သို့မဟုတ် Connective Adverbs သို့မဟုတ် Punctuation သက်သက်ဖြင့်ရေးဖွဲ့နိုင်တယ်။

အောက်ပါ Compound Sentences (ပေါင်းစပ်ဝါကျများ) ကိုလေ့လာကြည့်ကြရအောင်။ Independent Clause တို့အား Underline ဖြင့်ပြထားတယ်။ Bold ဖြင့်ပြထားသည့် အပိုင်းကိုတော့ Coordinator Conjunctions သို့မဟုတ် Connective Adverbs သို့မဟုတ် Punctuation တစ်ခုခုဟုမှတ်သားပါ။

ဥပမာ။ ။

1. I saw no one in the room, so I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော် အထဲသို့မဝင်ခဲ့ပါဘူးဗျ။ (အခန်းထဲတွင်ဘယ်သူ့ကိုမှ မတွေ့မြင်ရခဲ့သောကြောင့် ကျွန်တော်အထဲသို့မဝင်ခဲ့ပါ။)

2. I saw no one in the room; therefore, I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့ပါဘူး။ ထို့ကြောင့် ကျွန်တော် အထဲသို့မဝင်ခဲ့ပါဘူးဗျ။

3. I saw no one in the room; I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့လို့ အထဲသို့မဝင်ခဲ့ပါဘူးဗျ။

အထက်ပါ Compound Sentences သုံးမျိုးတို့တွင် I saw no one in the room. နှင့် I didn't go in. တို့ဟာ Independent Clause နှစ်ခုပဲဖြစ်တယ်။  နံပါတ် (၁) ဝါကျကို So ဟူသော Conjunction ဖြင့်ဆက်ထားခြင်းဖြစ်သည်။ so ဆိုတဲ့ Conjunction အနားမှာ ကပ်လျက် Comma (,) ထည့်ထားတာကိုသတိပြုပါ။ နံပါတ် (၂) ဝါကျကိုတော့ therefore ဆိုတဲ့ Conjunctive Adverbနဲ့ဆက်ထားတယ်။ therefore ဆိုတဲ့ စကားဆက်ရဲ့ရှေ့တွင် Semicolon (;) ထည့်ထားပြီး ၄င်းရဲ့ စကားဆက်ရဲ့နောက်တွင် Comma (,) ထည့်ပြီးရေးထားတာကို အထူးသတိထားပါ။ နောက်ဆုံးဝါကျ နံပါတ် (၃) မှာတော့ Independent clause နှစ်ခုရဲ့ကြားတွင် semicolon (;) တစ်ခုတည်းအသုံးပြု၍ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဒါလည်းပဲ Compound Sentence ပဲဖြစ်တယ်။

Compound Sentences တို့ကိုရေးဖွဲ့ရာတွင် And - Type, But - Type, Or- Type, and So-Type ဟု ယေဘုယျမှတ်သားကြရအောင်။

(and - နှင့်၊ ၍။ but - သို့ရာတွင်၊ ဒါပေမယ့်။ or - ဒါမှမဟုတ်၊ သို့မဟုတ်၊ သို့ရာတွင်။ so - ဒါကြောင့်၊ ထိုကြောင့်။ အဲဒါကြောင့်။)

ဒါမဟုတ်ရင် ဒါဖြစ်ရမယ် စသည့်သဘောဆောင်က or-type ဖြင့်ဆက်ပါ။ ဥပမာ - တစ်ခုခုကို တတ်အပ်မသိဘူး။ ဒီဥစ္စာက "ရွှေဖြစ်မယ်။ ဒါမှမဟုတ် ငွေ ဖြစ်မယ်" စသည်ဖြင့် ဝိုးတိုးဝါးတားဖြစ်နေရင်ပေါ့။

ဆန့်ကျင်ဖက်ဖြစ်က but-type ဖြင့်ဆက်ပါ။ ဥပမာ - "နေမကောင်းဘူး။ ဒါပေမယ့်လည်း ကျောင်းကိုသွားရတယ်" စသည်ဖြင့်။

အကြောင်းကြောင့် အကျိုးတစ်ခုဖြစ်ရင် so-type ဖြင့်ဆက်ပါ။ ဥပမာ - "သူမဟာ စာကျက်ဖို့ပျင်းခဲ့တယ်။ အဲဒါကြောင့် စာမေးပွဲကျခဲ့တယ်" စသည် စသည်ဖြင့်။

အထက်ပါသဘောထားမသက်ရောက်ပါက and-type ဖြင့်ဆက်ပါ။ ဥပမာ - "ကျွန်တော်က ဆရာတစ်ယောက်ဖြစ်တယ်။ ကျွန်တော်စာပြနေတယ်" ။

And-Type

And-Type ဖြင့်ဆက်တဲ့ Compound Sentences တွေကိုလေ့လာကြစို့။ ဝါကျတိုင်းကို ဘာသာပြန်လို့တော့ မပေးတော့ဘူး။ နမူဝါကျတွေလောက်ပဲရေးပေးသွားပါမယ်။

1. Coordinate Conjunctions 

and - နှင့်၊ ၍။ 
both ......and .... နှစ်ခု/နှစ်ယောက်စလုံး။ 
not only ...... but also ..... သာမဟုတ် .... လည်းပဲ။ 

And 

I don't feel like going to that party. ပါတီပွဲကိုသွားချင်စိတ်မရှိဘူး။ 
I have a bad cold.  ကျွန်တော် တော်တော့်ကို အအေးမိနေတယ်။
>> I don't feel like going to that party, and I have a bad cold. (Compound Sentence)

One part of the TV screen carried the tennis game. တွီဗွီဖန်သားပြင်တစ်ဘက်က တင်းနစ်ပွဲပြနေတယ်။ 
The other part showed the game show. အခြားတစ်ဖက်ခြမ်းမှာတော့ ပြိုင်ပွဲတွေပြနေတယ်။ 
>>> One part of the TV screen carried the tennis game, and the other part showed the game show. (Compound Sentence)

The young man needs a car for his work. ဒီလူငယ်မှာ အလုပ်အတွက် ကားတစ်စီးလိုအပ်နေတယ်။
He is going to buy one right away. သူဟာ အခုပဲကားတစ်စီးသွားဝယ်တော့မယ်။ 
>> The young man needs a car for his work, and he is going to buy one right away. (Compound Sentence)

Both....and...
He agreed. သူကသဘောတူတယ်။ 
I agreed.ကျွန်တော်က သဘောတူတယ်။
>>> Both he and I agreed. (Compound Sentence)
 (Subject နှစ်ခု (he နှင့် I) ကို both..and နှင့်ဆက်ထားသည်။ and နှင့်လည်း ဆက်နိုင်သည်။ ဥပမာ - He and I agreed.)

She can write Japanese. သူမဟာ ဂျပန်စာကိုရေးတတ်တယ်။
She can speak Japanese. သူမဟာ ဂျပန်စကားပြောတတ်တယ်။
>>> She can both write and speak Japanese. (Compound Sentence)
(Verb နှစ်လုံး (write နှင့် speak) ကို both ... and နှင့်ဆက်ထားသည်။)

He has lived in Britain. သူဟာ ဗြိတိန်မှာနေဖူးတယ်။
He has lived in America. သူဟာ အမေရိကမှာနေဖူးတယ်။
>>> He has lived in both Britain and America. (Compound Sentence)
(Place (နေရာပြပုဒ်) နှစ်ခု (Britain နှင့် America) ကို both...and နှင့်ဆက်ထားသည်။)

Not only ....... but also....
He read the book. သူဟာ စာအုပ်ဖတ်နေတယ်။
He remembered what he read. သူဖတ်ခဲ့သမျှကို သူကမှတ်မိနေတယ်။
>>> He not only read the book but also remembered what he read. (Compound Sentence)
(Verb နှစ်လုံး (read နှင့် remembered) နှစ်လုံးကို not only....but also နှင့်ဆက်ထားသည်။)

2. Conjunctive Adverbs 

besides - မှတစ်ပါး။ ၄င်းအပြင်။ ထို့အပြင်။
moreover - ထို့အပြင်။ သာမက။
in addition - ထို့အပြင်။ လည်းပဲ။
furthermore - ထို့အပြင်။

He was tired. သူက မောနေပြီ။
He was hungry. သူဟာ ဗိုက်ဆာနေပြီ။
>>> He was tired; besides, he was hungry.
>>> He was tired; moreover, he was hungry.
>>> He was tired; in addition, he was hungry.
>>> He was tired; furthermore, he was hungry.


But-Type
ဆန့်ကျင်ဘက်ဝါကျနှစ်ခုကိုဆက်ရာတွင် သုံးသည်။

I. Coordinate Conjunctions 

but - သို့ရာတွင်။ ဒါပေမယ့်။
yet - သို့ရာတွင်။ ဒါပေမယ့်။
while - စဉ်တွင်။ သို့ရာတွင်။
whereas - စင်စစ်ကတော့။ သို့ရာတွင်။

He tried to tell her the truth. သူသည် သူမအားအမှန်တရားးကိုပြောဖို့ကြိုးစားခဲ့တယ်။
She din't listen to him. သူမဟာ သူပြောတာကိုနားမထောင်ခဲ့ဘူး။
>>> He tried to tell her the truth, but she didn't listen to him. (Compound Sentence)

He struggled. သူသည် အလွန်ကြိုးစားခဲ့တယ်။
He failed. သူဟာ ရှုံးနိမ့်ခဲ့ရတယ်။
He struggled, but he failed. (Compound Sentence)

She is a funny girl. သူမဟာ ကြောင်တောင်ကောင်မလေးတစ်ယောက်ပဲ။ 
You can't help admiring her. ခင်ဗျားဟာ သူမကို မလေးစားပဲ (မခင်မင်ပဲ) မနေနိုင်ပါဘူး။
>>> She is a funny girl, yet you can't help admiring her. (Compound Sentence)

You like sports. ခင်ဗျားက အားကစားကိုကြိုက်တယ်။
I would rather read. ကျွန်တော်ကတော့ စာဖတ်တာကိုပိုကြိုက်တယ်။
>>> You like sports, while I would rather read. (Compound Sentence)

They wanted a house. သူတို့က အိမ်တစ်လုံးလိုချင်ခဲ့ကြတယ်။
We would rather live in a flat. ငါတို့ကတော့ တိုက်ခန်းနဲ့နေရတာကိုပိုကြိုက်တယ်။
>>> They wanted a house, whereas we would rather live in a flat. (Compound Sentence)

II. Conjunctive Adverbs 

Conjunctive Adverbs

however - သို့သော်လည်း။
nevertheless - သို့ပါလျက်။ သော်ငြားလည်း။ သို့သော်လည်း။
on the other hand - အခြားတစ်ဖက်မှာတော့။

His first response was to say no. သူ့ရဲ့ပထမဆုံးတုန့်ပြန်မှုက မဟုတ်ဘူးဆိုတာပါပဲ။
He changed his mind. သူ့စိတ်က ပြောင်းလဲသွားခဲ့တယ်။
>>> His first response was to say no; however, he changed his mind. (Compound Sentence)

The sun is shining. နေပူနေတယ်။
I'm sure it will rain. မိုးရွာလိမ့်မယ်ဆိုတာသေချာပါတယ်။
>>> The sun is shining; nevertheless, I'm sure it will rain. (Compound Sentence)

Sunlight is good for health. နေရောင်ခြည်ဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။
Too much sunlight may cause illness. အလွန်အကျွံနေပူချိန်ကတော့ကျန်းမာရေးကိုထိခိုက်စေပါယ်။
>>> Sunlight is good for health; on the other hand, too much sunlight may cause illness.


ဒီနေ့အတွက် သင်္ခန်းစာကတော့ ဒီလောက်ပါပဲနော်။ နောက်ထပ် Compound Sentence နဲ့ပတ်သက်တဲ့ သင်္ခန်းစာတွေကိုလည်း ဆက်လက်တင်ပေးပါအုံးမယ်။ အဲဒီအခါကျရင် လေ့ကျင့်တွေကိုပါ တင်ပေးပါ့မယ်။ ဘဝပန်းတိုင်း တက်လှမ်းနိုင်ကြပါစေ။
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Friday, September 11, 2015

Buying an Airplane Ticket, Airport and Passport! English and Burmese phrases



1.) Where’s the airport?
လေဆိပ် က ဘယ်နေရာမှာလဲ။

2.) How do I buy a ticket?
လက်မှတ် ဘယ်လိုဝယ်ရမလဲ။

3.) Where do I buy a ticket?
a. လက်မှတ် ဘယ်နေရာမှာဝယ်ရမလဲ။

4.) You can buy a ticket online. It’s easy.
Online မှာ ဝယ် လိုက် ပါ။ သိပ် လွဲတယ်။ လွဲလွဲလေး ပဲ။

5.) Should I get a one way ticket or a round trip ticket?
လက်မှတ် က အသွားတွက် ဝယ် ရ မလား။
အသွားအပြန် ဝယ် ရမလား။

6.) How much is it?
တစ်စောင် ဘယ်လောက်လဲ။

7.) I’m buying a round trip ticket.
ကြေးမုံ က အသွားအပြန် လက်မှတ် ကို ဝယ် မှာ။

a. First class , business class or economy class
ဒီ လက်မှတ် က ပထမတန်း လက်မှတ်လာ။
ဒါမှာမဟုတ် Business class လက်မှတ်လာ။
ဒါမှာမဟုပ် ရိုးရိုးတန်း လက်မှတ် လာ။

8.) ကြေးမုံ ရဲ့ လက်မတ် က ရိုးရိုးတန်း ပဲ။
Economy class ပဲ။

9.) I’m in a rush. My flight leaves in an hour.
အရေးကြီးနေတယ်။ ကြေးမုံ ရဲ့ လေယာဉ်က တစ်နာရီမှာ ဆိုရင် ထွက် မှာ။

10.) Is your flight domestic or international?
လေယာဉ် က ပြည်တွင်း လာ၊ ပြည် ပ လာ။

11.) How long do I have to wait before boarding?
လေယာဉ် ပေါ် တက် ဖို့ ဘယ် လောက် ကြာစောင့် ရမလဲ။

12.) Remember to bring your passport.
Passport ယူလာဖို့ မမေ့ နဲ့ နော်။

Credit: https://www.youtube.com/watch?v=cjwMmRaaRuY

Window Shopping and Retail Therapy


 1.) I’m having a bad day. It’s just one of those days where nothing is going my way! I’m just upset.
 ဒီနေ့ က တော့ ကြေးမုံ အတွက် ကောင်းတဲ့ နေ့ မဟုပ်ဘူး ။ တစ်ခု မှ ကြေးမုံ စိတ်တိုင်းကျ မ ဖြစ်ဘူး။ ကြေးမုံ စိက်မကောင်းဘူး။

Bad day
မ ကောင်းတဲ့ နေ့ ။

Upset
စိတ်မကောင်းဘူး။

2.) Oh…. Look at that dress. I could do some retail therapy. Shopping is called retail therapy because when you shop and buy things you like, it improves your mood. I get happier when I buy something I like.

အိုး အဲဒီ ဂါဝန် ကို ကြည့် လိုက် ပါ လာ။ သိပ် လှတာပဲ။ ကြေးမုံ retail therapy လိုတယ်။ တစ်ခုခု ဝယ် လိုက် ရ ရင်း ၊စိတ်ရွှင်လာတယ်။ ကြေးမုံ ပို ပျော်လာတယ်။

စိတ် ချမ်း သာ အောင် ဈေးဝယ်မယ်။
စိတ် သက် သာ အောင် ဈေးဝယ်ဖို့ လုပ်မယ်။

dress = ဂါဝန်
Retail therapy စိတ် ချမ်းသာ အောင် ဈေးဝယ်တာ။
Shop / buy ဝယ် တယ်။
mood = စိတ် နေ စိတ် ထား ။

2.) I need some retail therapy, but I can’t afford that. It’s too expensive. I’m broke! I have no money. Maybe I can just do some window- shopping.
ကြေးမုံ retail therapy လိုတယ် ၊ဒါပေမယ် ကြေးမုံ မ ဝယ်နိုင်းဘူး။ အရမ်း ဈေးကြီတယ်။ ကြေးမုံ က broke . ကြေးမုံ က ပိုက်ဆံ မ ရှီဘူး။ ကြေးမုံ window shopping ပဲ လုပ်နိုင်တယ် ထင်တယ်။ ကြေးမုံ က ဘိုင်ကျတယ်။

Broke – no money –
ပိုက်ဆံ မ ရှီဘူး။

Window shopping = ကြည့် ရုံ ပဲ ကြည့် တ်ယ ၊ မ ဝယ် ဘူး။

4.) Window shopping is when you’re looking at the goods and dresses in the shops, but you’re not going to buy them. I’m window shopping today. (sigh*)
Window shopping က ပစစည်း တွေ၊ အဝတ်အစားတွေ ကို ဆိုင် ထဲ မှာ ပဲ ကြည့် ရုံ ပဲ ကြည့် တယ်၊ဒါပေမယ် မ ဝယ် ဘူး။ ကြေးမုံ ဒီနေ့ window shopping လုပ်နေတယ်။ ဘာမှ မဝယ်ဘူး။ ကြည့် ပဲ ကြည့်မှာ။

5.) Well, at least I can afford my nice lunch and enjoy the day. This isn’t too bad at all.
အနည်းဆုံး တော့ ကြေးမုံ နေ့လယ်စာ ဝယ် ခားနိုင်တယ်။ ကြေးမုံ နေ့ က သိပ် မ ဆိုး ဘူး ပေါ့။

6.) Oh, what is this? A sale! 90% off!?!? Unbelievable!
ဟော ကြည့် စမ်း!!!! A sale?!? လျှော့ ဈေး တဲ့။ ဈေးတွေ က ကျ နေ ပြီ ။ မယုံနိုင်စရာပဲ။

7.) I know I said I’m broke, but when there’s a sale – and it’s 90% off, you just have to take advantage and buy the whole store! It’s a steal!
ကြေးမုံ သိတယ်။ ကြေးမုံ ပိုက်ဆံ မ ရှီဘူး ပြောလိုက် တယ်၊ ဒါပေမယ့် ၉၀ ရာနှုန်း တောင်မှာ ကျ ရင်၊ ဒါက အခွင့် ကောင်းပဲ။ တစ် ဆိုင် လုံ တောင်ဝယ် သင့်တယ်။ အလကား ရ သလိုပဲ။

8.) Wow. Retail therapy definitely worked. 2 things that I love hearing – “ I love you” and “ 90% off!”! Wow, I had such a good day! What an amazing day!
Retail therapy က ကောင်းလိုက် တာ၊ အလုပ် လဲ ဖြစ်တယ်။ “ ၉၀ ရာနှုန်း” လျှော့တယ် ဆို တာ ကြားရရင် “ ချစ်တယ်” လို့ အပြော ခံ ရ သလိုပဲ။

Credit: https://www.youtube.com/watch?v=M0TJTm2uAvQ

Friday, September 4, 2015

Vocabulary Skills : ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများ (၂)

ဗုဒ္ဓဘာကိုလေ့လာချင်သူများအတွက် မသိမဖြစ်အရေးကြီးသော ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများကို ဘာသာရေးဆိုင်ရာစာအုပ်များမှ ထုတ်နှုတ်၍ လက်လှမ်းမှီသလောက် စုစည်းတင်ပြလိုက်ပါတယ်။ 

prophecy - ဗျာဒိတ်ပေးခြင်း
fulfilling the ten perfections - ပါရမီဆယ်ပါးကိုဖြည့်ဆည်းပြုကျင့်ခြင်း
ascetic - ရသေ့
attaining the supreme psychic power - လောကီဈာန်ကိုရရှိခြင်း
the five stalks of Lotus-flowers - ကြာပန်းငါးခိုင်
ascetic Sumedha - သုမေဓာရှင်ရသေ့
disciples - တပည့်သာဝကများ
Arahat - ရဟန္တာ
previous existences - အတိတ်ဘဝများ
defilement - ကိလေသာ
the Four Noble Truths - သစ္စာလေးပါး
prophesy - ဗျာဒိတ်ပေးသည်
charity - ဒါန
morality / precept/ discipline - သီလ
the Fulfillment of the Perfections - ပါရီဖြည့်ကျင့်ခြင်း
Bodhisatta / Bodhisattva - ဘုရားလောင်း
fulfilling the perfection of morality - သီလပါရမီကိုဖြည့်ကျင့်ခြင်း
the five precepts - ငါးပါးသီလ
fulfilling the perfection of charity - ဒါနပါရမီကိုဖြည့်ကျင့်ခြင်း

the Ten Noble Perfections - ပါရမီဆယ်ပါး
(၁) the Fulfillment of the Perfection of Charity - ဒါနပါရမီကိုဖြည့်ကျင့်ခြင်း
(၂) the Fulfillment of the Perfection of Morality - သီလပါရမီကိုဖြည့်ကျင့်ခြင်း
(၃) the Fulfillment of the Perfection of Renunciation - နေက္ခမပါရမီကိုဖြည့်ကျင့်ခြင်း
(၄) the Fulfillment of the Perfection of Wisdom - ပညာပါရမီကိုဖြည့်ကျင့်ခြင်း
(၅) the Fulfillment of the Perfection of Effort - ဝီရိယပါရမီကိုဖြည့်ကျင့်ခြင်း
(၆) the Fulfillment of the Perfection of Patience - ခန္တီပါရမီကိုဖြည့်ကျင့်ခြင်း
(၇) the Fulfillment of the Perfection of Truthfulness - သစ္စာပါရမီကိုဖြည့်ကျင့်ခြင်း
(၈) the Fulfillment of the Perfection of Resolution - အဓိဋ္ဌာန်ပါရမီကိုဖြည့်ကျင့်ခြင်း
(၉) the Fulfillment of the Perfection of Loving-kindness - မေတ္တာပါရမီကိုဖြည့်ကျင့်ခြင်း
(၁၀) the Fulfillment of the Perfection of Equanimity - ဥပေက္ခာပါရမီကိုဖြည့်ကျင့်ခြင်း

the Four Immeasurables - ဗြဟ္မဝိဟာရတရား ၄ ပါး
(၁) loving-kindness - မေတ္တာ
(၂) compassion - ကရုဏာ
(၃) empathetic joy - မုဒိတာ
(၄) equanimity - ဥပေက္ခာ

Three Noble Practices - စရိယသုံးပါး
(၁) the noble practice aiming at the welfare of all beings - လောကတ္ထစရိယ (လောကကောင်းကျိုးအတွက်ကျင့်ကြံခြင်း)
(၂) the noble practice aiming at the welfare of his own relatives and races - ညာတတ္ထစရိယ (မိမိဆွေမျိုးအသိုင်းအဝိုင်းနှင့် မိမိလူမျိုးတို့ကောင်းကျိုးအတွက်ကျင့်ကြံခြင်း)
(၃) the noble practice aiming at becoming the fully enlightened Buddha who can save beings from Samsara - ဗုဒ္ဓတ္ထစရိယ (ဘုရားဖြစ်ဖို့ရန်အတွက်ကျင့်ကြံခြင်း)

The Fivefold Great Sacrifice - စွန့်ခြင်းကြီးငါးပါး
(၁) the sacrifice of the most valuable treasure, royal kingdom and royal properties - ဓန ပရိစာဂ (ထီးသုံးနန်းသုံးပိုင်ဆိုင်မှုအပါအဝင် စီးပွားဥစ္စာတို့ကိုစွန့်ကြဲလှူဒါန်းခြင်း)
(၂) the sacrifice of sons and daughters - ပုတ္တ ပရိစာဂ (မိမိရဲ့သားသမီးတို့ကို စွန့်ကြဲလှူဒါန်းခြင်း)
(၃) the sacrifice of one's wife - ဘရိယ ပရိစာဂ (မိမိ ဇနီးမယားကိုစွန့်လွှတ်လှူဒါန်းခြင်း)
(၄) the sacrifice of one's limb - အင်္ဂ ပရိစာဂ (ခြေ လက် အင်္ဂါတို့ကိုစွန့်ကြဲလှူဒါန်းခြင်း)
(၅) the sacrifice of one's own life - ဇီဝိတ ပရိစာဂ (မိမိ၏အသက်ကိုစွန့်ကြဲလှူဒါန်းခြင်း)


အပိုင်း (၃) ကို ဆက်လက်တင်ပြပါမည်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

____အကောင်ချေ (ကျောက်ရိုး)
၀၃ - ၀၉ - ၂၀၁၅

Thursday, September 3, 2015

Vocabulary Skills : ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများ (၁)

ဗုဒ္ဓဘာကိုလေ့လာချင်သူများအတွက် မသိမဖြစ်အရေးကြီးသော ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများကို ဘာသာရေးဆိုင်ရာစာအုပ်များမှ ထုတ်နှုတ်၍ လက်လှမ်းမှီသလောက် စုစည်းတင်ပြလိုက်ပါတယ်။


the daily routine of a Buddhist - ဗုဒ္ဓဝင်တစ်ယောက်၏နေ့စဉ်လုပ်ဆောင်ရမည့်တာဝန်လုပ်ငန်းစဉ်
the Teachings of the Buddha - မြတ်စွာဘုရားရှင်၏တရားတော်များ
take refuge in Buddha/ Dhamma/ Sangha - ဘုရား၊ တရား၊ သံဃာ ကိုကိုးကွယ်ဆည်းကပ်သည်
the Triple Gems - ရတနာသုံးပါး (ဘုရား၊ တရား၊ သံဃာ)
the Three Gems / Jewels - ရတနာသုံးပါး (ဘုရား၊ တရား၊ သံဃာ)
the Ministry of Religious Affair - သာသနာရေးဝန်ကြီးဌာန
sharing merit - အမျှဝေခြင်း၏
giving charity - အလှူဒါနပြုခြင်း
radiating loving-kindness - မေတ္တာပို့ခြင်း
cultivating loving-kindness - မေတ္တာပို့ခြင်း
fulfill perfection - ပါရမီဖြည့်သည်
the Self-Enlightened One - ဗုဒ္ဓမြတ်စွာဘုရား
Buddha - ဗုဒ္ဓမြတ်စွာဘုရား
the Exalted One - ဗုဒ္ဓမြတ်စွာဘုရား
the Fully Enlightened One - ဗုဒ္ဓမြတ်စွာဘုရား
the Enlightened One - ဗုဒ္ဓမြတ်စွာဘုရား
the whirlpool of miseries or samsara - သံသရာ
paying homage to the Buddha - ဘုရားရှင်ကို ရှိခိုးပူဇော်ခြင်း
observing the moral precepts - သီလကိုစောင့်ထိန်းခြင်း
doing acts of charity - အလှူဒါနပြုလုပ်ခြင်း
cultivating loving-kindness - မေတ္တာပို့ခြင်း
striving for perpetuation and propagation of Buddha's Teachings - မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး စည်ပင်ပြန်ပွားထွန်းကားအောင် ကြိုးစားလုပ်ဆောင်ခြင်း
practicing mindfulness on tranquility and insight mediation - သမထဘာဝနာ ဝိပဿနာဘာဝနာတရားများကို ပွားများအားထုတ်ခြင်း
offering alms-food - ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
five kinds of bodily contact - ထိခြင်းငါးပါး
reciting the virtues of the Triple Gems - ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကိုရွတ်ဖတ်ပူဇော်ခြင်း
offering pure water - သောက်တော်ရေဆက်ကပ်လှူဒါန်းခြင်း
offering perfumes - အမွှေးနံ့သာဆက်ကပ်လှူဒါန်းခြင်း
offering joss-sticks - အမွှေါ်နံ့သာတိုင်များဆက်ကပ်လှူဒါန်းခြင်း
sending or developing loving-kindness (metta) - မေတ္တာပို့သခြင်း
all living beings - သက်ရှိသတ္တဝါအားလုံး
meritorious deeds -  ကောင်းမှုကုသိုလ်တရားများ
meritorious actions - ကောင်းမှုကုသိုလ်တရားများ
good deeds - ကောင်းမှုကုသိုလ်တရားများ
good actions - ကောင်းမှုကုသိုလ်တရားများ
merits -  ကောင်းမှုကုသိုလ်တရားများ
wholesome actions / deeds - ကောင်းမှုကုသိုလ်တရားများ
demeritorious deeds  - မကောင်းမှု အသိုလ်တရားများ
demeritorious actions - မကောင်းမှု အသိုလ်တရားများ
bad deeds - မကောင်းမှု အသိုလ်တရားများ
bad actions - မကောင်းမှု အသိုလ်တရားများ
unwholesome actions / deeds - မကောင်းမှု အသိုလ်တရားများ
demerits - မကောင်းမှု အသိုလ်တရားများ
donation - လှူဒါန်းမှုပြုလုပ်ခြင်း
the illusion of self - သက္ကာယဒိဋ္ဌိ
mind - စိတ်၊ နာမ်တရား
matter - ရုပ်တရား
mind and matter - ရုပ်နာမ်
impermanence - အနိစ္စ
permanence - နိစ္စ
suffering - ဒုက္ခ
no-soul or no-self - အနတ္တ
the benefit of merit - ကုသိုလ်ကောင်းမှု၏အကျိုးကျေးဇူး

____အကောင်ချေ (ကျောက်ရိုး)
၀၃ - ၀၉ - ၂၀၁၅

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories