Saturday, October 10, 2015

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

ဒီနေ့မှာတော့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ အကြောင်းကိုလေ့ကြရအောင်နော်။ ဒီအကြောင်းကိုမလေ့လာမီ အင်္ဂလိပ်စာကိုစတင်လေ့လာသူများအနေဖြင့် Prepositions - ဝိဘတ်များကို ဤနေရာတွင်လေ့လာပါ။ အသုံးများသော Preposition (ဝိဘတ်) တို့အသုံးပြုပုံ အသုံးပြုနည်းကိုတော့ ဤနေရာတွင် ဆောင်ပုဒ်များဖြင့်ဖော်ပြဖူးပြီးဖြစ်ပါတယ်။

Prepositional Phrases - ဝိဘတ်တွဲစကားစုများသင်္ခန်းစာကို First Steps in Academic Writing စာအုပ်ကနေ ထုတ်နှုတ်၍တင်ပြပေးသွားပါမယ်။ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ ဘာကိုဆိုတာလဲ။ ဘယ်လိုတည်ဆောက်ထားသလဲ။ အလွယ်ဆုံး အရှင်းဆုံးပြောရရင်တော့ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ  at, in, from စတဲ့ Preposition (ဝိတ်ဘတ်) တစ်ခုကို Noun -နာမ်ပုဒ်တစ်ခုနှင့်တွဲလျက်ရေးသားခြင်းကို ဆိုလိုသည်ဟု သာမန်အားဖြင့်မှတ်သားထားပါ။ ဥပမာ - in the class, in the house, at six o'clock အစရှိသည်ဖြင့်ပေါ့နော်။

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

Prepositional Phrases - ဝိဘတ်တွဲစကားစုကိုခွဲခြားလိုက်တဲ့အခါ အုပ်စု ၄ မျိုးထွက်လာတယ်။
၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ where (ဘယ်မှာလဲ) ဖြင့်မေးမြန်းသော မေးခွန်းတို့ဖြေဆိုရန်အတွက်။
၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ when (ဘယ်အချိန်) ဖြင့်မေးမြန်းသော မေးခွန်းတို့ကိုဖြေဆိုရန်အတွက်။
၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the name) of my boss-သူဌေးအမည် အစရှိသည်။
၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the woman) with red hair - ဆံပင်အနီရောင်နဲ့ မိန်းမကြီး။ (the student) from Arakan - ရခိုင်ပြည်က ကျောင်းသား အစရှိသည်ဖြင့်။

၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

on the desk - စာပွဲခုံပေါ်တွင်
next to the window - ပြတင်းပေါက်နှင့်ကပ်လျက်
under the bed - အိပ်ရာအောက်တွင်
in front of the house - အိမ်ရှေ့တွင်
opposite to the door - မျက်နှာချင်းဆိုင်
in the closet - ဗီရိုထဲတွင်
in the middle of the room - အခန်းအလယ်တွင်
in/ into  the distance - အဝေးကြီးမှာ။ အဝေးကြီးသို့

Where is my book? ငါ့ စာအုပ်ဘယ်မှာလဲ
It is on the desk. စာပွဲခုံထက်မှာလေ။

Where is the table? စားပွဲဘယ်မှာလဲ။
It is next to the window. ပြတင်းနှင့်ကပ်လျက်ပဲ။

Where is your house? ခင်ဗျားအိမ်က ဘယ်မှာလဲ။
My house is opposite to the Kyaukphru Post Office.  ကျောက်ဖြူစာတိုက်နှင့်မျက်နှာချင်းပဲလေ။


၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

at last - နောက်ဆုံးတွင်။ နောက်ဆုံးမှာတော့
after that - ထိုနောက်
after class - သင်တန်းပြီးနောက်
on New's Year Day - နှစ်သစ်ကူးနေ့မှာ
before the test - စာမေးပွဲမတိုင်ခင်
upon arrival - ဆိုက်ရောက်တဲ့အခါ ။ ဆိုက်ရောက်လုနီးပါး
in the morning - မနက်ခင်းမှာ
at midnight - ညဥ့်သန်ခေါင်ယံအချိန်တွင်

When will we go shopping? ဘယ်တော့ ရှော့ပင်းထွက်ကြမလဲ။
We will go shopping after class. သင်တန်းပြီးရင် သွားကြမယ်လေ။

When will you do your homework taught in the class?
အတန်းထဲမှာသင်တဲ့ အိမ်စာကို ဘယ်တော့လုပ်မလဲ။
I will do my homework taught in the class in the morning.
မနက်ကျရင် လုပ်မှာပေါ့။

၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the father) of the bride - သူတိုးသမီးအဖေရဲ့အမည်
(the name) of my boss  - ကျွန်တော်တို့သူဌေးရဲ့ အမည်
(the colors) of the rainbow - သက်တံရောင်များ
(the president) of the company  - ကုမ္ပဏီလူကြီး

The father of the bride is my closed friend.
သူတိုးသမီးအဖေဟာ ကျွန်တော်ရဲ့ အခင်ဆုံးမိတ်ဆွေပဲ။

The name of my boss is Mr. John.
ကျွန်တော်ရဲ့ သူဌေးအမည်စာ မစ္စတာဂျွန်ဖြစ်တယ်။

The colors of the rainbow are so amazing.
သက်တံရောင်တွေ အံ့အားသင့်စရာကောင်းတယ်။

၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the woman) with red hair
(the student) from Ecuador
(the man) in the blue shirt
(the car) with the flat tire

The woman with red hair is coming toward us.
ဆံပင်အနီရောင်နဲ့ အမျိုးသမီးကြီး ငါတို့ဆီသို့ဦးတည်လာနေတယ်ကွ။

I met the student from Kyaukphru.
ကျောက်ဖြူက ကျောင်းသားကို ငါတွေ့ခဲ့တယ်။

The student from Ramree is very good at English.
ရမ်းဗြဲက ကျောင်းသားဟာ အင်္ဂလိပ်စာတော်တယ်။

The man in the blue shirt looks like a spy.
အပြာရောင်ရှပ်အကျီဝတ်ထားတဲ့လူဟာ သူလျို့ဖြစ်ပုံရတယ်။

Ref: First Steps in Academic Writing, P. 113

အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Friday, October 9, 2015

If I were you, I would (I'd)........ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်....

If I were you, I would (I'd)........ ကျွန်တော်သာ  ခင်ဗျားနေရာမှာဆိုရင်.... ဒီအသုံးအနှုံးကို နှိုင်းယှဉ်ပြောဆိုတဲ့အခါသုံးတယ်။ ငါသာ မင်းနေရာမှာဆိုရင်.....၊ ငါသာ မင်းဖြစ်ဆိုရင်တော့....၊ စသည်ဖြင့် လူတစ်ဦးတစ်ယောက် လုပ်ကိုင်ပုံပြောဆိုပုံ စသည်တို့ကို အားမလို အားမရဖြစ်တဲ့အခါ ရေးသား ပြောဆိုရတယ်။

If I were you, ဝါကျတွင် အင်္ဂလိပ်သဒ္ဒါစည်းကမ်းအရ I ကို အတိတ်ကာလ (Past Tense) အတွက် Verb to be (am, is, are, was, were) was နှင့်တွဲပြီး I was ဖြင့်တွဲသုံးရသော်လည်း ဒီ Pattern မှာတော့ was အစား were ကိုပဲသုံးရပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်နိုင်တာကို တွေးတော့လို့ပါပဲ။ ဒါကြောင့် - ငါ သာမင်းဖြစ်(ခဲ့)ရင် If I were you, ငါသာ သူမနေရာမှာဆိုရင် If I were her, စသည်ဖြင့် Subject က နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အမြဲတမ်း were နှင့်သာတွဲ၍ ရေးသားပြောဆိုရပါသည်။ ကိုင်! ဥပမာ ဝါကျလေးတွေကို လေ့လာကြည့်ကြရအောင်။

If I were you, I'd refuse what she asked help from you.
ကျွန်တော်သာ မင်းနေရာမှာဆိုရင် ခင်ဗျားဆီက သူမအကူအညီတောင်တာကို ငြင်းပယ်လိုက်မယ်။

If I were you, I'd elope with him last year.
ငါသာ နင့်နေရာမှာဆိုရင်တော့ လွန်ခဲ့နှစ်က သူနှင့်အတူ ခိုးရာလိုက်ပြေးသွားမှာ။

If I were her, I wouldn't date him.
ငါသာ သူမနေရာမှာဆိုရင် သူနဲ့ချိန်းတွေ့မှာမဟုတ်ဘူး။

If I were him, I'd listen to what his parents.
ကျွန်တော်သာ သူ့နေရာမှာဆို သူ့မိဘတွေပြောပြတာကို နားထောင်လိုက်မယ်။

I wouldn't speak Japanese if I were you.
ငါသာ မင်းဆိုရင်တော့ကွာ ဂျပန်စကားပြောမှာမဟုတ်ဘူး။

I'd study English if I were you.
ကျွန်တော်သာ မင်းနေရာမှာဆို အင်္ဂလိပ်စာလေ့လာမှာ။

အထူးမှတ်ချက်။  ။ If နှင့်စသည့် ဝါကျကို ဝါကအစတွင်ထားရေးသောအခါ comma (,) ထည့်ပေးရတာကို သတိထားပါ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Wednesday, October 7, 2015

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များ (၁)

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များအစီအစဉ်အတွက် ဒီနေ့တင်ပြပေးမယ့် စကားလုံးက out of the blue ဆိုတဲ့အသုံးအနှုန်းပဲဖြစ်တယ်။ တစ်လုံးချင်းအဓိပ္ပါယ်ကတော့ out အပြင်မှာ၊ of ၏၊ blue အပြာရောင်။ ဒီတော့ သာမာအဓိပ္ပါယ်ကောက်ကြည့်မယ်ဆိုရင် 'အပြာရောင်အောက်တွင်' ဟု ယေဘုယျမှတ်ယူနိုင်တယ်။ သို့သော် အီဒီယမ်ဆိုတဲ့ ဗန်းစကားက 'လတ်တလော ဖြစ်ပျက်တာတွေ၊ မမျှော်လင့်ပဲ ဖြစ်ပျက်တာတွေ' စတာတွေကိုဆိုလိုခြင်းဖြစ်တယ်။ out of the blue အစား out of a clear blue sky ကိုလည်း သုံးနိုင်တယ်။ အဓိပ္ပါယ်ကအတူတူပဲဖြစ်တယ်။ အောက်မှာပေးထားတဲ့ ဥပမာလေးတွေကို လေ့လာကြည့်ကြရအောင်။

out of the blue / out of a clear blue sky  - ကြိုင်တင်မမြင်နိုင်ခြင်း၊ မျှောင်လင့်မထားဘဲ

Criticism came out of the blue.
ဝေဖန်မှုက ရုတ်တစ်ရက်ပေါ်ထွက်လာတယ်။

A long-unseen friend appeared out of the blue.
မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့သူငယ်ချစ်တစ်ယောက်ဟာ ရုတ်တစ်ရက်ပေါက်ချ (ပေါ်)လာတယ်။

out of the blue/ out of a clear blue sky - လုံးဝမမျှော်လင့်ဘဲ။ ဗြုန်းစားကြီး။ ဆိုင်းမဆင့် ဗုံမဆင့်။

Then one day, completely out of the blue, I had a letter from her.
ထို့နောက် တစ်နေ့မှာတော့ လုံးဝမျှော်လင့်မထားဘဲ သူမဆီက စာတစ်စောင်ကို ရလိုက်တယ်။

The invasion came out of a clear blue sky.
တိုက်ခိုက်မှုက ဗြုန်းခနဲ ပေါ်လာခဲ့တယ်။

I was so surprised because I met her out of a clear blue sky.
သူမကို မမျှော်လင့်ပဲတွေ့လိုက်ရလို့ ကျွန်တော်အရမ်းအံ့အားသင့်ခဲ့ရတယ်။

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲနော်။ အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။ ပြောစရာရှိက CBox မှာပဲဖြစ်ဖြစ်၊ Comment ပေးလို့ပဲဖြစ်ဖြစ် ပေးထားခဲ့ပါနော်။


Ref: idioms.thefreedictionary
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Thursday, September 24, 2015

အလိုအပ်ဆုံးအရာ


အဖေ မရှိတဲ့လောကဟာ
နေမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အဖေ မရှိတဲ့ အိမ်ဟာ
တံတိုင်းအကာမရှိတဲ့ အိမ်တစ်အိမ်လို...။

အဖေ မရှိတဲ့ဘဝဟာ
စစ်သူကြီးမရှိတဲ့ စစ်မြေပြင်ကြီးတစ်ခုလို...။

အမေ မရှိတဲ့ လောကဟာ
လမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အမေ မရှိတဲ့ အိမ်ဟာ
မန်နေဂျာမရှိတဲ့ ရုံးခန်းတစ်ခုလို...။

အမေ မရှိတဲ့ဘဝဟာ
ရင်ခွင်မဲ့ ငှက်ငယ်တစ်ကောင်လို...။

အဖေ အမေ မရှိတဲ့ဘဝဟာ
အမှောင်တွေဖုံးနေတဲ့ လောကကြီးတစ်ခုလို
ဘာဆို ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး...။

အဖေ အမေ ဆိုတာ
လောကရဲ့အလှ
လောကရဲ့ အထွဋ်အထိပ်
ငါတို့ရဲ့ဘဝ ငါတို့ရဲ့အလှ
ငါတို့ဘဝရဲ့ သခင်
ငါတို့ဘဝရဲ့ ပဲ့ကိုင်ရှင်
ငါတို့ဘဝရဲ့ မီးရှူးတန်ဆောင်
ငါတို့ဘဝရဲ့ အလင်းရောင်
ငါတို့ဘဝရဲ့ ဘုရားသခင်...။

____အကောင်ချေ (ကျောက်ရိုး)
၂၄ - ၀၉ - ၂၀၁၅
၂၀:၀၃ ပီအမ်

________00______
 အားလုံးကိုကျေးဇူးတင်ပါတယ်။


____အကောင်ချေ (ကျောက်ရိုး)

 http://kyaukroevillage.blogspot.com/

Saturday, September 12, 2015

Compound Sentences (ပေါင်းစပ်ဝါကျများ)

Compound Sentences (ပေါင်းစပ်ဝါကျများ) အပိုင်း (၁)

Compound Sentences (ပေါင်းစပ်ဝါကျများ) ဆိုတာဘာလဲ။ ဘယ်လို Sentence (ဝါကျမျိုး)ကို Compound Sentence (ပေါင်းစပ်ဝါကျ)ဟုခေါ်သနည်း။ Compound Sentences (ပေါင်းစပ်ဝါကျများ)ဟူသည် Simple Sentence (ရိုးရိုးဝါကျ) နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဝါကျတို့ကို Coordinator Conjunctions သို့မဟုတ် Connective Adverbs တို့ဖြင့် ဝါကျတစ်ခုတည်းဖြစ်အောင်ဖွဲ့စည်းရေးစပ်ထားသော ဝါကျများကို Compound Sentences (ပေါင်းစပ်ဝါကျများ)ဟုခေါ်တယ်။ Simple Sentence ကို Independent Clause ဟုလည်းခေါ်ကြ၏။ ဥပမာ - Subject + Verb + Objective / Complement
(I love her. I'm a student.)

Compound Sentences (ပေါင်းစပ်ဝါကျများ)ကိုရေးဖွဲ့ရာတွင် Coordinator Conjunctions သို့မဟုတ် Connective Adverbs သို့မဟုတ် Punctuation သက်သက်ဖြင့်ရေးဖွဲ့နိုင်တယ်။

အောက်ပါ Compound Sentences (ပေါင်းစပ်ဝါကျများ) ကိုလေ့လာကြည့်ကြရအောင်။ Independent Clause တို့အား Underline ဖြင့်ပြထားတယ်။ Bold ဖြင့်ပြထားသည့် အပိုင်းကိုတော့ Coordinator Conjunctions သို့မဟုတ် Connective Adverbs သို့မဟုတ် Punctuation တစ်ခုခုဟုမှတ်သားပါ။

ဥပမာ။ ။

1. I saw no one in the room, so I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော် အထဲသို့မဝင်ခဲ့ပါဘူးဗျ။ (အခန်းထဲတွင်ဘယ်သူ့ကိုမှ မတွေ့မြင်ရခဲ့သောကြောင့် ကျွန်တော်အထဲသို့မဝင်ခဲ့ပါ။)

2. I saw no one in the room; therefore, I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့ပါဘူး။ ထို့ကြောင့် ကျွန်တော် အထဲသို့မဝင်ခဲ့ပါဘူးဗျ။

3. I saw no one in the room; I didn't go in.
အခန်းထဲတွင် ဘယ်သူ့ကိုမှကျွန်တော်မမြင်ခဲ့လို့ အထဲသို့မဝင်ခဲ့ပါဘူးဗျ။

အထက်ပါ Compound Sentences သုံးမျိုးတို့တွင် I saw no one in the room. နှင့် I didn't go in. တို့ဟာ Independent Clause နှစ်ခုပဲဖြစ်တယ်။  နံပါတ် (၁) ဝါကျကို So ဟူသော Conjunction ဖြင့်ဆက်ထားခြင်းဖြစ်သည်။ so ဆိုတဲ့ Conjunction အနားမှာ ကပ်လျက် Comma (,) ထည့်ထားတာကိုသတိပြုပါ။ နံပါတ် (၂) ဝါကျကိုတော့ therefore ဆိုတဲ့ Conjunctive Adverbနဲ့ဆက်ထားတယ်။ therefore ဆိုတဲ့ စကားဆက်ရဲ့ရှေ့တွင် Semicolon (;) ထည့်ထားပြီး ၄င်းရဲ့ စကားဆက်ရဲ့နောက်တွင် Comma (,) ထည့်ပြီးရေးထားတာကို အထူးသတိထားပါ။ နောက်ဆုံးဝါကျ နံပါတ် (၃) မှာတော့ Independent clause နှစ်ခုရဲ့ကြားတွင် semicolon (;) တစ်ခုတည်းအသုံးပြု၍ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဒါလည်းပဲ Compound Sentence ပဲဖြစ်တယ်။

Compound Sentences တို့ကိုရေးဖွဲ့ရာတွင် And - Type, But - Type, Or- Type, and So-Type ဟု ယေဘုယျမှတ်သားကြရအောင်။

(and - နှင့်၊ ၍။ but - သို့ရာတွင်၊ ဒါပေမယ့်။ or - ဒါမှမဟုတ်၊ သို့မဟုတ်၊ သို့ရာတွင်။ so - ဒါကြောင့်၊ ထိုကြောင့်။ အဲဒါကြောင့်။)

ဒါမဟုတ်ရင် ဒါဖြစ်ရမယ် စသည့်သဘောဆောင်က or-type ဖြင့်ဆက်ပါ။ ဥပမာ - တစ်ခုခုကို တတ်အပ်မသိဘူး။ ဒီဥစ္စာက "ရွှေဖြစ်မယ်။ ဒါမှမဟုတ် ငွေ ဖြစ်မယ်" စသည်ဖြင့် ဝိုးတိုးဝါးတားဖြစ်နေရင်ပေါ့။

ဆန့်ကျင်ဖက်ဖြစ်က but-type ဖြင့်ဆက်ပါ။ ဥပမာ - "နေမကောင်းဘူး။ ဒါပေမယ့်လည်း ကျောင်းကိုသွားရတယ်" စသည်ဖြင့်။

အကြောင်းကြောင့် အကျိုးတစ်ခုဖြစ်ရင် so-type ဖြင့်ဆက်ပါ။ ဥပမာ - "သူမဟာ စာကျက်ဖို့ပျင်းခဲ့တယ်။ အဲဒါကြောင့် စာမေးပွဲကျခဲ့တယ်" စသည် စသည်ဖြင့်။

အထက်ပါသဘောထားမသက်ရောက်ပါက and-type ဖြင့်ဆက်ပါ။ ဥပမာ - "ကျွန်တော်က ဆရာတစ်ယောက်ဖြစ်တယ်။ ကျွန်တော်စာပြနေတယ်" ။

And-Type

And-Type ဖြင့်ဆက်တဲ့ Compound Sentences တွေကိုလေ့လာကြစို့။ ဝါကျတိုင်းကို ဘာသာပြန်လို့တော့ မပေးတော့ဘူး။ နမူဝါကျတွေလောက်ပဲရေးပေးသွားပါမယ်။

1. Coordinate Conjunctions 

and - နှင့်၊ ၍။ 
both ......and .... နှစ်ခု/နှစ်ယောက်စလုံး။ 
not only ...... but also ..... သာမဟုတ် .... လည်းပဲ။ 

And 

I don't feel like going to that party. ပါတီပွဲကိုသွားချင်စိတ်မရှိဘူး။ 
I have a bad cold.  ကျွန်တော် တော်တော့်ကို အအေးမိနေတယ်။
>> I don't feel like going to that party, and I have a bad cold. (Compound Sentence)

One part of the TV screen carried the tennis game. တွီဗွီဖန်သားပြင်တစ်ဘက်က တင်းနစ်ပွဲပြနေတယ်။ 
The other part showed the game show. အခြားတစ်ဖက်ခြမ်းမှာတော့ ပြိုင်ပွဲတွေပြနေတယ်။ 
>>> One part of the TV screen carried the tennis game, and the other part showed the game show. (Compound Sentence)

The young man needs a car for his work. ဒီလူငယ်မှာ အလုပ်အတွက် ကားတစ်စီးလိုအပ်နေတယ်။
He is going to buy one right away. သူဟာ အခုပဲကားတစ်စီးသွားဝယ်တော့မယ်။ 
>> The young man needs a car for his work, and he is going to buy one right away. (Compound Sentence)

Both....and...
He agreed. သူကသဘောတူတယ်။ 
I agreed.ကျွန်တော်က သဘောတူတယ်။
>>> Both he and I agreed. (Compound Sentence)
 (Subject နှစ်ခု (he နှင့် I) ကို both..and နှင့်ဆက်ထားသည်။ and နှင့်လည်း ဆက်နိုင်သည်။ ဥပမာ - He and I agreed.)

She can write Japanese. သူမဟာ ဂျပန်စာကိုရေးတတ်တယ်။
She can speak Japanese. သူမဟာ ဂျပန်စကားပြောတတ်တယ်။
>>> She can both write and speak Japanese. (Compound Sentence)
(Verb နှစ်လုံး (write နှင့် speak) ကို both ... and နှင့်ဆက်ထားသည်။)

He has lived in Britain. သူဟာ ဗြိတိန်မှာနေဖူးတယ်။
He has lived in America. သူဟာ အမေရိကမှာနေဖူးတယ်။
>>> He has lived in both Britain and America. (Compound Sentence)
(Place (နေရာပြပုဒ်) နှစ်ခု (Britain နှင့် America) ကို both...and နှင့်ဆက်ထားသည်။)

Not only ....... but also....
He read the book. သူဟာ စာအုပ်ဖတ်နေတယ်။
He remembered what he read. သူဖတ်ခဲ့သမျှကို သူကမှတ်မိနေတယ်။
>>> He not only read the book but also remembered what he read. (Compound Sentence)
(Verb နှစ်လုံး (read နှင့် remembered) နှစ်လုံးကို not only....but also နှင့်ဆက်ထားသည်။)

2. Conjunctive Adverbs 

besides - မှတစ်ပါး။ ၄င်းအပြင်။ ထို့အပြင်။
moreover - ထို့အပြင်။ သာမက။
in addition - ထို့အပြင်။ လည်းပဲ။
furthermore - ထို့အပြင်။

He was tired. သူက မောနေပြီ။
He was hungry. သူဟာ ဗိုက်ဆာနေပြီ။
>>> He was tired; besides, he was hungry.
>>> He was tired; moreover, he was hungry.
>>> He was tired; in addition, he was hungry.
>>> He was tired; furthermore, he was hungry.


But-Type
ဆန့်ကျင်ဘက်ဝါကျနှစ်ခုကိုဆက်ရာတွင် သုံးသည်။

I. Coordinate Conjunctions 

but - သို့ရာတွင်။ ဒါပေမယ့်။
yet - သို့ရာတွင်။ ဒါပေမယ့်။
while - စဉ်တွင်။ သို့ရာတွင်။
whereas - စင်စစ်ကတော့။ သို့ရာတွင်။

He tried to tell her the truth. သူသည် သူမအားအမှန်တရားးကိုပြောဖို့ကြိုးစားခဲ့တယ်။
She din't listen to him. သူမဟာ သူပြောတာကိုနားမထောင်ခဲ့ဘူး။
>>> He tried to tell her the truth, but she didn't listen to him. (Compound Sentence)

He struggled. သူသည် အလွန်ကြိုးစားခဲ့တယ်။
He failed. သူဟာ ရှုံးနိမ့်ခဲ့ရတယ်။
He struggled, but he failed. (Compound Sentence)

She is a funny girl. သူမဟာ ကြောင်တောင်ကောင်မလေးတစ်ယောက်ပဲ။ 
You can't help admiring her. ခင်ဗျားဟာ သူမကို မလေးစားပဲ (မခင်မင်ပဲ) မနေနိုင်ပါဘူး။
>>> She is a funny girl, yet you can't help admiring her. (Compound Sentence)

You like sports. ခင်ဗျားက အားကစားကိုကြိုက်တယ်။
I would rather read. ကျွန်တော်ကတော့ စာဖတ်တာကိုပိုကြိုက်တယ်။
>>> You like sports, while I would rather read. (Compound Sentence)

They wanted a house. သူတို့က အိမ်တစ်လုံးလိုချင်ခဲ့ကြတယ်။
We would rather live in a flat. ငါတို့ကတော့ တိုက်ခန်းနဲ့နေရတာကိုပိုကြိုက်တယ်။
>>> They wanted a house, whereas we would rather live in a flat. (Compound Sentence)

II. Conjunctive Adverbs 

Conjunctive Adverbs

however - သို့သော်လည်း။
nevertheless - သို့ပါလျက်။ သော်ငြားလည်း။ သို့သော်လည်း။
on the other hand - အခြားတစ်ဖက်မှာတော့။

His first response was to say no. သူ့ရဲ့ပထမဆုံးတုန့်ပြန်မှုက မဟုတ်ဘူးဆိုတာပါပဲ။
He changed his mind. သူ့စိတ်က ပြောင်းလဲသွားခဲ့တယ်။
>>> His first response was to say no; however, he changed his mind. (Compound Sentence)

The sun is shining. နေပူနေတယ်။
I'm sure it will rain. မိုးရွာလိမ့်မယ်ဆိုတာသေချာပါတယ်။
>>> The sun is shining; nevertheless, I'm sure it will rain. (Compound Sentence)

Sunlight is good for health. နေရောင်ခြည်ဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။
Too much sunlight may cause illness. အလွန်အကျွံနေပူချိန်ကတော့ကျန်းမာရေးကိုထိခိုက်စေပါယ်။
>>> Sunlight is good for health; on the other hand, too much sunlight may cause illness.


ဒီနေ့အတွက် သင်္ခန်းစာကတော့ ဒီလောက်ပါပဲနော်။ နောက်ထပ် Compound Sentence နဲ့ပတ်သက်တဲ့ သင်္ခန်းစာတွေကိုလည်း ဆက်လက်တင်ပေးပါအုံးမယ်။ အဲဒီအခါကျရင် လေ့ကျင့်တွေကိုပါ တင်ပေးပါ့မယ်။ ဘဝပန်းတိုင်း တက်လှမ်းနိုင်ကြပါစေ။
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Friday, September 11, 2015

Buying an Airplane Ticket, Airport and Passport! English and Burmese phrases



1.) Where’s the airport?
လေဆိပ် က ဘယ်နေရာမှာလဲ။

2.) How do I buy a ticket?
လက်မှတ် ဘယ်လိုဝယ်ရမလဲ။

3.) Where do I buy a ticket?
a. လက်မှတ် ဘယ်နေရာမှာဝယ်ရမလဲ။

4.) You can buy a ticket online. It’s easy.
Online မှာ ဝယ် လိုက် ပါ။ သိပ် လွဲတယ်။ လွဲလွဲလေး ပဲ။

5.) Should I get a one way ticket or a round trip ticket?
လက်မှတ် က အသွားတွက် ဝယ် ရ မလား။
အသွားအပြန် ဝယ် ရမလား။

6.) How much is it?
တစ်စောင် ဘယ်လောက်လဲ။

7.) I’m buying a round trip ticket.
ကြေးမုံ က အသွားအပြန် လက်မှတ် ကို ဝယ် မှာ။

a. First class , business class or economy class
ဒီ လက်မှတ် က ပထမတန်း လက်မှတ်လာ။
ဒါမှာမဟုတ် Business class လက်မှတ်လာ။
ဒါမှာမဟုပ် ရိုးရိုးတန်း လက်မှတ် လာ။

8.) ကြေးမုံ ရဲ့ လက်မတ် က ရိုးရိုးတန်း ပဲ။
Economy class ပဲ။

9.) I’m in a rush. My flight leaves in an hour.
အရေးကြီးနေတယ်။ ကြေးမုံ ရဲ့ လေယာဉ်က တစ်နာရီမှာ ဆိုရင် ထွက် မှာ။

10.) Is your flight domestic or international?
လေယာဉ် က ပြည်တွင်း လာ၊ ပြည် ပ လာ။

11.) How long do I have to wait before boarding?
လေယာဉ် ပေါ် တက် ဖို့ ဘယ် လောက် ကြာစောင့် ရမလဲ။

12.) Remember to bring your passport.
Passport ယူလာဖို့ မမေ့ နဲ့ နော်။

Credit: https://www.youtube.com/watch?v=cjwMmRaaRuY
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories