Sunday, October 11, 2015

I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။

"မဖြစ်ခဲ့တာကို စဉ်းစားခြင်း၊ ဖြစ်နိုင်ခြေမရှိတာကိုတွေးတောခြင်း" စသည်တို့ကိုရေးသားပြောဆို လိုသောအခါတွင်  "I wish..... .... ဖြစ်ချင်စမ်းပါဘိ။ ဖြစ်ရင်ကောင်းမှာဘဲ။ သွားချင်စမ်းပါဘိ။သွားရင်ကောင်းမှာဘဲ။" ___  I wish+ S+ Past tense....... ___ Pattern ဖြင့်ရေးသားပြောဆိုရသည်။

လက်ရှိအချိန်တွင် လူတစ်ယောက်က တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်ဆိုပါစို့။ ဒါပေမယ့် အဲဒီ ၅ ရက်အလုပ်လုပ်ရတာကို အဲဒီလူက ငြီးငွေ့ပြီးတော့ "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ" (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)။
I work five days a week.
ကျွန်တော်ဟာ တပတ်မှာ ၅ ရက်အလုပ်လုပ်ရတယ်။ (ယခုလက်ရှိ အလုပ်ဆင်းနေရသည့် ရက်အရေအတွက်)
အဲဒါကို "ကျွန်တော်ကတော့ဗျာ တပတ်မှာ ၃ ရက်သာ အလုပ်လုပ်ချင်စမ်းပါဘိ (တပတ်မှာ ၃ ရက်သာအလုပ်ဆင်းရရင် ဘယ်လောက်ကောင်းမှာလဲ)" ဟု အတွေးပုံစံဖြင့်ရေးသားပြောဆိုမယ်ဆိုရင်တော့ ___  I wish+ S+ Past tense....... ___ဖြင့်ရေးသားရတယ်။

ဥပမာ။ ။

ပစ္စုပ္ပန်ကာလအတွက်

 >>I work five days a week. 
ကျွန်တော် တပတ်မှာ ၅ ရက်အလုပ်လုပ်တယ်။
I wish I worked only three days a week.
ကျွန်တော်ကတော့ဗျာ တပတ်သုံးရက်သာ အလုပ်လုပ်ချင်တာ။ (တစ်ပတ် ၃ ရက်သာ အလုပ်လုပ်ချင်းစမ်းပါဘိ။ တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ရရင် ဘယ်လောက်ကောင်းမှာလဲ။)

>> You are not here. 
မင်းက ဒီမှာမရှိဘူး။
I wish you were here.
မင်းကို ဒီမှာရှိနေစေချင်းလိုက်ပါဘိ။

>> I am not near you.
ငါဟာ မင်းအနားမှာမရှိဘူး။
I wish I were near you.
မင်းအနားမှာပဲရှိချင်စမ်းပါဘိ။


အတိတ်ကာလအတွက်
အတိတ်က ပြုလုပ်ခဲ့သည့် အတွက် နောင်တရသောအခါ --

>> I worked five days a week last year.
လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဟာ တစ်ပတ်မှာ ၅ ရက်အလုပ်လုပ်ခဲ့တယ်။
I wish I had worked only three days a week last year.
ပြီးခဲ့တဲ့နှစ်က တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ခဲ့ရင်သိပ်ကောင်းမှာပဲ။

>> I did not study English last year.
ပြီးခဲ့တဲ့နှစ်က ကျွန်တော် အင်္ဂလိပ်စာမသင်ခဲ့ဘူး။
I wish I had studied English last year.
ပြီးခဲ့တဲ့နှစ်က အင်္ဂလိပ်စာကိုသာလေ့လာခဲ့ရင် သိပ်ကောင်းမှာပဲ။


အထူးမှတ်ထားဖို့ကတော့  
____လက်ရှိပစ္စုပ္ပန် မျက်မှောက်ကာလတွင် "အလုပ်တစ်ခုကို လုပ်နေတယ်။ ဒါမှမဟုတ် ချစ်သူနဲ့ဝေးနေတယ်။ အိမ်နှင့်ဝေးနေတယ်"  အဲဒီအလုပ်ကို မလုပ်ချင်ဘူး။ ဒါပေမယ့် လုပ်နေရတယ်။ ချစ်သူနဲ့မဝေးချင်ဘူး ဒါပေမယ့် ဝေးနေရတယ်။ အိမ်နဲ့မဝေးချင်ဘူး။ ဒါပေမယ့် ဝေးနေရတယ်။ အဲဒီလိုအခြေမျိုးမှာ ပစ္စုပ္ပန်ကာလအတွက် ပေးထားတဲ့ပုံစံဖြင့်ရေးသားပြောဆိုရပါတယ်။
____အတိတ်ကာမှာ ဖြစ်ပျက်ခဲ့သည် နောင်တရသည့်အခါတွင် "ချစ်သူနဲ့ဝေးနေခဲ့တယ်။ အလုပ်ကိုလုပ်နေခဲ့တယ်။ အိမ်နှင့်ဝေးနေခဲ့တယ်" အဲဒါကို ပြန်လည်၍ တမ်းတပြောဆိုသောအခါတွင် အတိတ်ကာလအတွက် ပေးထားသော ပုံစုံဖြင့်ရေးသားပြောဆိုရတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

There is .... / There are .... အသုံးအနှုန်းများ

အင်္ဂလိပ်စာလေ့လာရာတွင် There is .... /  There are .... အသုံးအနှုန်းများ ဆိုတာ အလယ်တန်းအထက်တန်း ကျောင်းသူ/သားတို့ကိုသာမက တက္ကသိုလ်ကျောင်းသူ/သားများကိုပါ ဒုက္ခကြီးကြီးပေးလေ့ရှိတယ်။ ဒါကြောင့် There is .... /  There are .... ဖြင့်ရေးသားတဲ့အတခါ တော်တော်များများ မှားတတ်ကြတယ်။
ဒီနေ့တော့ There is .... /  There are .... အသုံးအနှုန်းများ နဲ့ပတ်သက်၍ အလွယ်ကူဆုံးနည်းကို လေ့လာကြာရအောင်။ ကိုင်...ဘယ်လိုသုံးကြမလဲ။

There is .... /  There are .... ကိုသုံးမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်များကို ကြေညက်အောင် လေ့လာကျက်မှတ်ထားဖို့တိုက်တွန်းပါတယ်။

 There is .... /  There are .... ကို အသုံးရသည့်နေရာ

There is .... /  There are .... ကို
(၁)Article (အာတီကယ် - နာမ်ညွှန်းစကားလုံး) "a, an" ပါသော ကတ္တားပုဒ်များ (a boy, a book, an apple, etc.)
(၂) Some, all, any, no စသည့် ပမာဏပြ နာမဝိသေသနပါသော ကတ္တားများ (all students, no one, etc.)
(၃) Two, three, many, a few စသည့် သင်္ချာပြနာမဝိသေသနပါသော ကတ္တားများ (three books, many apples, etc.)
(၄) Countable Plural Noun ကတ္တားများ ( books, students, girls, etc.)
(၅) Uncountable Singular Noun ကတ္တားများ (milk, sand, gold, etc.)
(၆) ယူနစ်တစ်ခုရဲ့အစိပ်အပိုင်းများ
(၇) Some, anyone, no one, something, anything, nothing စသည့်မတိကျ၊ မသေချာသော လူ/ အရာဝတ္ထုတို့ရှိခြင်း တို့ကို There is .... /  There are .... အသုံးအနှုန်းများဖြင့် ရေးသားပြောဆိုရလေသည်။

-- Countable Nouns နှင့် Uncountable Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Singular Nouns နှင့် Plural Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Adjective အမျိုးအစားများကို ဤနေရာတွင်လေ့လာပါ။
-- Articles အကြောင်းကို ဤနေရာတွင် လေ့လာပါ။

ဥပမာ။ ။
(a) There is a girl in the class room.
စာသင်ခန်းထဲတွင် ကောင်းမလေးတစ်ယောက်ရှိတယ်။
(b) A girl is in the class room.

(a) There will be some girls in the class.
သင်တန်းထဲမှာ ကောင်းမလေးအချို့ရှိကြလိမ့်မည်။
(b) Some girls will be in the class.

(a) There were boys in the room.
ကောင်းလေးတွေ အခန်းထဲတွင်ရှိကြတယ်။
(b) Boys were in the room.

(a) There will be milk in the bottle.
ပုလင်းထဲမှာနို့ရှိမှာပါ။
(b) Milk will be in the bottle.

(a) There are 60 seconds in a minute.
တစ်မိနစ်တွင် စက္ကန့်ခြောက်ဆယ်ရှိတယ်။
(b) 60 seconds are in a minute.

(a) There are 24 hours in a day.
တစ်ရက်မှာ ၂၄ နာရီရှိတယ်။
(b) 24 hours are in a day.

(a) There is nobody in the office.
ရုံးခန်းထဲမှာ ဘယ်သူမှမရှိဘူး။
(b) Nobody is in the office.

(a) There are seven days in a week.
တစ်ပတ်မှာ ၇ ရက်ရှိတယ်။
(b) Seven days are in a week.

မှတ်ချက်။ ။ 
အထက်ပါ ဥပမာဝါကျအသီးသီးရှိ (a) နှင့် (b) တို့တွင် (b) ဝါကျပုံစံလည်း သဒ္ဒါ (Grammar) နည်းအရ လုံးဝမှန်ကန်၏။ သို့သော်လည်း Usage မရှိ။ ထိုကြောင့် (a) ပုံစံ There is..../ There are... ဖြင့်သာရေးသား ပြောဆိုပါလေ။ 
________________________

 There is .... /  There are .... ကို အသုံးမပြုရသည့်နေရာ 

There is .... /  There are .... ကို
(၁) the, this, that, these, those  ပါသော ကတ္တားများ
(၂) I, we, you, you, he, she, it, they နာမ်စား ကတ္တားများ
(၃) my, our, your, his, her, theirs, its တို့ဖြင့်တွဲထားသော (my book, his sisters, etc.) ကတ္တားများ တို့ဖြင့် လုံးဝ (လုံးဝ) မသုံးရ။

ဥပမာ။  
အောက်ပါကဲ့သို့မရေးရပါ။

There am I in the class room.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

There are the books on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

There is your sister in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။


အထက်ပါဝါကျတို့အား အောက်ပါကဲ့သို့ရေးသားရလေသည်။

I am in the class.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။

The books are on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။

Your sister is in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။

မှတ်ချက်။  ။ There will be.... ဟုသုံးသော်လည်း There shall be .... ဟုမသုံးရ။ 
There is....../ There are....../ There was..../ There were...../ There will be..... စသည်ဖြင့် မိမိရေး ပြောချင်သောကာလကိုကြည့်၍ ရေးသားပါလေ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Saturday, October 10, 2015

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

ဒီနေ့မှာတော့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ အကြောင်းကိုလေ့ကြရအောင်နော်။ ဒီအကြောင်းကိုမလေ့လာမီ အင်္ဂလိပ်စာကိုစတင်လေ့လာသူများအနေဖြင့် Prepositions - ဝိဘတ်များကို ဤနေရာတွင်လေ့လာပါ။ အသုံးများသော Preposition (ဝိဘတ်) တို့အသုံးပြုပုံ အသုံးပြုနည်းကိုတော့ ဤနေရာတွင် ဆောင်ပုဒ်များဖြင့်ဖော်ပြဖူးပြီးဖြစ်ပါတယ်။

Prepositional Phrases - ဝိဘတ်တွဲစကားစုများသင်္ခန်းစာကို First Steps in Academic Writing စာအုပ်ကနေ ထုတ်နှုတ်၍တင်ပြပေးသွားပါမယ်။ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ ဘာကိုဆိုတာလဲ။ ဘယ်လိုတည်ဆောက်ထားသလဲ။ အလွယ်ဆုံး အရှင်းဆုံးပြောရရင်တော့ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ  at, in, from စတဲ့ Preposition (ဝိတ်ဘတ်) တစ်ခုကို Noun -နာမ်ပုဒ်တစ်ခုနှင့်တွဲလျက်ရေးသားခြင်းကို ဆိုလိုသည်ဟု သာမန်အားဖြင့်မှတ်သားထားပါ။ ဥပမာ - in the class, in the house, at six o'clock အစရှိသည်ဖြင့်ပေါ့နော်။

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

Prepositional Phrases - ဝိဘတ်တွဲစကားစုကိုခွဲခြားလိုက်တဲ့အခါ အုပ်စု ၄ မျိုးထွက်လာတယ်။
၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ where (ဘယ်မှာလဲ) ဖြင့်မေးမြန်းသော မေးခွန်းတို့ဖြေဆိုရန်အတွက်။
၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ when (ဘယ်အချိန်) ဖြင့်မေးမြန်းသော မေးခွန်းတို့ကိုဖြေဆိုရန်အတွက်။
၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the name) of my boss-သူဌေးအမည် အစရှိသည်။
၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the woman) with red hair - ဆံပင်အနီရောင်နဲ့ မိန်းမကြီး။ (the student) from Arakan - ရခိုင်ပြည်က ကျောင်းသား အစရှိသည်ဖြင့်။

၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

on the desk - စာပွဲခုံပေါ်တွင်
next to the window - ပြတင်းပေါက်နှင့်ကပ်လျက်
under the bed - အိပ်ရာအောက်တွင်
in front of the house - အိမ်ရှေ့တွင်
opposite to the door - မျက်နှာချင်းဆိုင်
in the closet - ဗီရိုထဲတွင်
in the middle of the room - အခန်းအလယ်တွင်
in/ into  the distance - အဝေးကြီးမှာ။ အဝေးကြီးသို့

Where is my book? ငါ့ စာအုပ်ဘယ်မှာလဲ
It is on the desk. စာပွဲခုံထက်မှာလေ။

Where is the table? စားပွဲဘယ်မှာလဲ။
It is next to the window. ပြတင်းနှင့်ကပ်လျက်ပဲ။

Where is your house? ခင်ဗျားအိမ်က ဘယ်မှာလဲ။
My house is opposite to the Kyaukphru Post Office.  ကျောက်ဖြူစာတိုက်နှင့်မျက်နှာချင်းပဲလေ။


၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

at last - နောက်ဆုံးတွင်။ နောက်ဆုံးမှာတော့
after that - ထိုနောက်
after class - သင်တန်းပြီးနောက်
on New's Year Day - နှစ်သစ်ကူးနေ့မှာ
before the test - စာမေးပွဲမတိုင်ခင်
upon arrival - ဆိုက်ရောက်တဲ့အခါ ။ ဆိုက်ရောက်လုနီးပါး
in the morning - မနက်ခင်းမှာ
at midnight - ညဥ့်သန်ခေါင်ယံအချိန်တွင်

When will we go shopping? ဘယ်တော့ ရှော့ပင်းထွက်ကြမလဲ။
We will go shopping after class. သင်တန်းပြီးရင် သွားကြမယ်လေ။

When will you do your homework taught in the class?
အတန်းထဲမှာသင်တဲ့ အိမ်စာကို ဘယ်တော့လုပ်မလဲ။
I will do my homework taught in the class in the morning.
မနက်ကျရင် လုပ်မှာပေါ့။

၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the father) of the bride - သူတိုးသမီးအဖေရဲ့အမည်
(the name) of my boss  - ကျွန်တော်တို့သူဌေးရဲ့ အမည်
(the colors) of the rainbow - သက်တံရောင်များ
(the president) of the company  - ကုမ္ပဏီလူကြီး

The father of the bride is my closed friend.
သူတိုးသမီးအဖေဟာ ကျွန်တော်ရဲ့ အခင်ဆုံးမိတ်ဆွေပဲ။

The name of my boss is Mr. John.
ကျွန်တော်ရဲ့ သူဌေးအမည်စာ မစ္စတာဂျွန်ဖြစ်တယ်။

The colors of the rainbow are so amazing.
သက်တံရောင်တွေ အံ့အားသင့်စရာကောင်းတယ်။

၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the woman) with red hair
(the student) from Ecuador
(the man) in the blue shirt
(the car) with the flat tire

The woman with red hair is coming toward us.
ဆံပင်အနီရောင်နဲ့ အမျိုးသမီးကြီး ငါတို့ဆီသို့ဦးတည်လာနေတယ်ကွ။

I met the student from Kyaukphru.
ကျောက်ဖြူက ကျောင်းသားကို ငါတွေ့ခဲ့တယ်။

The student from Ramree is very good at English.
ရမ်းဗြဲက ကျောင်းသားဟာ အင်္ဂလိပ်စာတော်တယ်။

The man in the blue shirt looks like a spy.
အပြာရောင်ရှပ်အကျီဝတ်ထားတဲ့လူဟာ သူလျို့ဖြစ်ပုံရတယ်။

Ref: First Steps in Academic Writing, P. 113

အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Friday, October 9, 2015

If I were you, I would (I'd)........ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်....

If I were you, I would (I'd)........ ကျွန်တော်သာ  ခင်ဗျားနေရာမှာဆိုရင်.... ဒီအသုံးအနှုံးကို နှိုင်းယှဉ်ပြောဆိုတဲ့အခါသုံးတယ်။ ငါသာ မင်းနေရာမှာဆိုရင်.....၊ ငါသာ မင်းဖြစ်ဆိုရင်တော့....၊ စသည်ဖြင့် လူတစ်ဦးတစ်ယောက် လုပ်ကိုင်ပုံပြောဆိုပုံ စသည်တို့ကို အားမလို အားမရဖြစ်တဲ့အခါ ရေးသား ပြောဆိုရတယ်။

If I were you, ဝါကျတွင် အင်္ဂလိပ်သဒ္ဒါစည်းကမ်းအရ I ကို အတိတ်ကာလ (Past Tense) အတွက် Verb to be (am, is, are, was, were) was နှင့်တွဲပြီး I was ဖြင့်တွဲသုံးရသော်လည်း ဒီ Pattern မှာတော့ was အစား were ကိုပဲသုံးရပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်နိုင်တာကို တွေးတော့လို့ပါပဲ။ ဒါကြောင့် - ငါ သာမင်းဖြစ်(ခဲ့)ရင် If I were you, ငါသာ သူမနေရာမှာဆိုရင် If I were her, စသည်ဖြင့် Subject က နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အမြဲတမ်း were နှင့်သာတွဲ၍ ရေးသားပြောဆိုရပါသည်။ ကိုင်! ဥပမာ ဝါကျလေးတွေကို လေ့လာကြည့်ကြရအောင်။

If I were you, I'd refuse what she asked help from you.
ကျွန်တော်သာ မင်းနေရာမှာဆိုရင် ခင်ဗျားဆီက သူမအကူအညီတောင်တာကို ငြင်းပယ်လိုက်မယ်။

If I were you, I'd elope with him last year.
ငါသာ နင့်နေရာမှာဆိုရင်တော့ လွန်ခဲ့နှစ်က သူနှင့်အတူ ခိုးရာလိုက်ပြေးသွားမှာ။

If I were her, I wouldn't date him.
ငါသာ သူမနေရာမှာဆိုရင် သူနဲ့ချိန်းတွေ့မှာမဟုတ်ဘူး။

If I were him, I'd listen to what his parents.
ကျွန်တော်သာ သူ့နေရာမှာဆို သူ့မိဘတွေပြောပြတာကို နားထောင်လိုက်မယ်။

I wouldn't speak Japanese if I were you.
ငါသာ မင်းဆိုရင်တော့ကွာ ဂျပန်စကားပြောမှာမဟုတ်ဘူး။

I'd study English if I were you.
ကျွန်တော်သာ မင်းနေရာမှာဆို အင်္ဂလိပ်စာလေ့လာမှာ။

အထူးမှတ်ချက်။  ။ If နှင့်စသည့် ဝါကျကို ဝါကအစတွင်ထားရေးသောအခါ comma (,) ထည့်ပေးရတာကို သတိထားပါ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Wednesday, October 7, 2015

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များ (၁)

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များအစီအစဉ်အတွက် ဒီနေ့တင်ပြပေးမယ့် စကားလုံးက out of the blue ဆိုတဲ့အသုံးအနှုန်းပဲဖြစ်တယ်။ တစ်လုံးချင်းအဓိပ္ပါယ်ကတော့ out အပြင်မှာ၊ of ၏၊ blue အပြာရောင်။ ဒီတော့ သာမာအဓိပ္ပါယ်ကောက်ကြည့်မယ်ဆိုရင် 'အပြာရောင်အောက်တွင်' ဟု ယေဘုယျမှတ်ယူနိုင်တယ်။ သို့သော် အီဒီယမ်ဆိုတဲ့ ဗန်းစကားက 'လတ်တလော ဖြစ်ပျက်တာတွေ၊ မမျှော်လင့်ပဲ ဖြစ်ပျက်တာတွေ' စတာတွေကိုဆိုလိုခြင်းဖြစ်တယ်။ out of the blue အစား out of a clear blue sky ကိုလည်း သုံးနိုင်တယ်။ အဓိပ္ပါယ်ကအတူတူပဲဖြစ်တယ်။ အောက်မှာပေးထားတဲ့ ဥပမာလေးတွေကို လေ့လာကြည့်ကြရအောင်။

out of the blue / out of a clear blue sky  - ကြိုင်တင်မမြင်နိုင်ခြင်း၊ မျှောင်လင့်မထားဘဲ

Criticism came out of the blue.
ဝေဖန်မှုက ရုတ်တစ်ရက်ပေါ်ထွက်လာတယ်။

A long-unseen friend appeared out of the blue.
မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့သူငယ်ချစ်တစ်ယောက်ဟာ ရုတ်တစ်ရက်ပေါက်ချ (ပေါ်)လာတယ်။

out of the blue/ out of a clear blue sky - လုံးဝမမျှော်လင့်ဘဲ။ ဗြုန်းစားကြီး။ ဆိုင်းမဆင့် ဗုံမဆင့်။

Then one day, completely out of the blue, I had a letter from her.
ထို့နောက် တစ်နေ့မှာတော့ လုံးဝမျှော်လင့်မထားဘဲ သူမဆီက စာတစ်စောင်ကို ရလိုက်တယ်။

The invasion came out of a clear blue sky.
တိုက်ခိုက်မှုက ဗြုန်းခနဲ ပေါ်လာခဲ့တယ်။

I was so surprised because I met her out of a clear blue sky.
သူမကို မမျှော်လင့်ပဲတွေ့လိုက်ရလို့ ကျွန်တော်အရမ်းအံ့အားသင့်ခဲ့ရတယ်။

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲနော်။ အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။ ပြောစရာရှိက CBox မှာပဲဖြစ်ဖြစ်၊ Comment ပေးလို့ပဲဖြစ်ဖြစ် ပေးထားခဲ့ပါနော်။


Ref: idioms.thefreedictionary
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Thursday, September 24, 2015

အလိုအပ်ဆုံးအရာ


အဖေ မရှိတဲ့လောကဟာ
နေမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အဖေ မရှိတဲ့ အိမ်ဟာ
တံတိုင်းအကာမရှိတဲ့ အိမ်တစ်အိမ်လို...။

အဖေ မရှိတဲ့ဘဝဟာ
စစ်သူကြီးမရှိတဲ့ စစ်မြေပြင်ကြီးတစ်ခုလို...။

အမေ မရှိတဲ့ လောကဟာ
လမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အမေ မရှိတဲ့ အိမ်ဟာ
မန်နေဂျာမရှိတဲ့ ရုံးခန်းတစ်ခုလို...။

အမေ မရှိတဲ့ဘဝဟာ
ရင်ခွင်မဲ့ ငှက်ငယ်တစ်ကောင်လို...။

အဖေ အမေ မရှိတဲ့ဘဝဟာ
အမှောင်တွေဖုံးနေတဲ့ လောကကြီးတစ်ခုလို
ဘာဆို ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး...။

အဖေ အမေ ဆိုတာ
လောကရဲ့အလှ
လောကရဲ့ အထွဋ်အထိပ်
ငါတို့ရဲ့ဘဝ ငါတို့ရဲ့အလှ
ငါတို့ဘဝရဲ့ သခင်
ငါတို့ဘဝရဲ့ ပဲ့ကိုင်ရှင်
ငါတို့ဘဝရဲ့ မီးရှူးတန်ဆောင်
ငါတို့ဘဝရဲ့ အလင်းရောင်
ငါတို့ဘဝရဲ့ ဘုရားသခင်...။

____အကောင်ချေ (ကျောက်ရိုး)
၂၄ - ၀၉ - ၂၀၁၅
၂၀:၀၃ ပီအမ်

________00______
 အားလုံးကိုကျေးဇူးတင်ပါတယ်။


____အကောင်ချေ (ကျောက်ရိုး)

 http://kyaukroevillage.blogspot.com/
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories