Saturday, April 2, 2011

လာလောဧည့်သည်

တချိန်တုန်းက
ငါ့ဘ၀ကို၊ သစ်ခြောက်အိုဟု
ဆိုကြသူများ၊ မုန်းစကားနဲ့ 
နားပြီးစွန့် ခွာသွားကြသည် ။ 

 *
ဆိုပင်ဆိုလည်း
ငြိုငြင်မုန်းပွား၊ ငါမထားပါ
ငါ့အားငါ့အင်၊ ငါဖြစ်စဉ်က
ရေစင်ချိုမြ၊ ချိုးခဲ့ရလို့ 
ညိုလျအားငယ်၊ သောကလယ်၌
နွယ်းနယ်ပန်းလျ၊ တခဏ ။
*
အခုခါဆို သစ်ခြောက်အိုသည်
စိုစိုပြေပြေ၊ နုရွက်တွေနှင့်
ဝေေ၀ဆာဆာ၊ ဖူးပွင့်ပြာနှင့်
တင့်ကာဖွဲ့ ဖြိုး၊ အားသစ်တိုးလို့ 
နိုးထလွန့် လူး၊ လေတွင်မြူးပေါ့ ။
*
မျက်နှာစိမ်းနှင့်
ရှောင်တိမ်းမေ့သွား၊ ဧည့်သည်များငဲ့ 
ပန်းများပွင့်ရာ ရောက်လာတတ်ပြီး
ကမ္ဘာအသစ်၊ ရှာဖွေလှစ်၍
ချစ်ကြင်ကြည်မွေ့ ၊ သင်းဓလေ့ကို
ရွက်ခြောက်အိုက၊ ဖူးပွင့်ပြကာ
ကြိုဆိုပါသည်.....
လာလော့ဧည့်သည်၊ အို...ဧည့်သည် ။။။
*
မင်းပြားမြတ်သောင်း

(ဝတီကြေးမုံဘလော့မှ)
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories