Thursday, September 24, 2015

အလိုအပ်ဆုံးအရာ


အဖေ မရှိတဲ့လောကဟာ
နေမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အဖေ မရှိတဲ့ အိမ်ဟာ
တံတိုင်းအကာမရှိတဲ့ အိမ်တစ်အိမ်လို...။

အဖေ မရှိတဲ့ဘဝဟာ
စစ်သူကြီးမရှိတဲ့ စစ်မြေပြင်ကြီးတစ်ခုလို...။

အမေ မရှိတဲ့ လောကဟာ
လမင်းကြီးမရှိတဲ့ ကမ္ဘာကြီးလို...။

အမေ မရှိတဲ့ အိမ်ဟာ
မန်နေဂျာမရှိတဲ့ ရုံးခန်းတစ်ခုလို...။

အမေ မရှိတဲ့ဘဝဟာ
ရင်ခွင်မဲ့ ငှက်ငယ်တစ်ကောင်လို...။

အဖေ အမေ မရှိတဲ့ဘဝဟာ
အမှောင်တွေဖုံးနေတဲ့ လောကကြီးတစ်ခုလို
ဘာဆို ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး...။

အဖေ အမေ ဆိုတာ
လောကရဲ့အလှ
လောကရဲ့ အထွဋ်အထိပ်
ငါတို့ရဲ့ဘဝ ငါတို့ရဲ့အလှ
ငါတို့ဘဝရဲ့ သခင်
ငါတို့ဘဝရဲ့ ပဲ့ကိုင်ရှင်
ငါတို့ဘဝရဲ့ မီးရှူးတန်ဆောင်
ငါတို့ဘဝရဲ့ အလင်းရောင်
ငါတို့ဘဝရဲ့ ဘုရားသခင်...။

____အကောင်ချေ (ကျောက်ရိုး)
၂၄ - ၀၉ - ၂၀၁၅
၂၀:၀၃ ပီအမ်

________00______
 အားလုံးကိုကျေးဇူးတင်ပါတယ်။


____အကောင်ချေ (ကျောက်ရိုး)

 http://kyaukroevillage.blogspot.com/
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories