Thursday, November 24, 2011

ခံစားမှု

Ø နွယ်တစ်ပင်လို ရင်ထဲတွယ်ငြိ
ဖြတ်ဖို့လည်းမလွယ် ဖြေဖို့လည်းခက်
ဂဟေဆက်ထားတာထက် ခိုင်မြဲတယ်။

Ø နီလာပတ္တမြား တန်ဖိုးရှိငြားလည်း
ဒို့ဘဝအတွက် မလိုအပ်တာအမှန်ပါ။
ဒါပေမယ့်…
ဒို့လိုချင်တာတစ်ခုက
မင်းကိုတွေ့ဖို့အချိန်တစ်ခုနှင်
မင်းဆီမှမေတ္တာ တရားတစ်ခုတည်းပဲ။

Ø အောင်ဘာလေ သိန်းထီပေါက်ရင်တောင်မှ
မင်းနှင့်တွေ့နေရတဲ့အချိန်ခဏလေးလောက်
ဒို့…ပျော်ခဲ့မှာ မဟုတ်ပါဘူး။
ဒါဟာ…
တကယ်မှတ်ကန်တဲ့ ခံစားမှုတစ်ခုပါ။
…………………
အကောင်ချေ (ကျောက်ရိုး)
(တွေ့ဆုံခဲ့တဲ့ Sunday ကိုထာဝရလွမ်းဆွေးလျှက်)
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories