Monday, September 1, 2014

အသုံးများတဲ့..အာမေဋိတ်စကားလုံးများ

အသုံးများတဲ့..အာမေဋိတ်စကားလုံးများ”

(1) How joyful! ၀မ်းမြောက်လိုက်တာကွာ။
(2) Marvellous! အံ့မခမ်းပဲနော်..။
(3) Done wonderfully! လုပ်ထားတာ ကောင်းလိုက်တာ။...
(4) Excellent! ကောင်းမှကောင်းကွာ။
(5) How sweet! ချိုသာလိုက်တာ..။
(6) How lovely! ချစ်စရာလေး။
(7) What a surprise! အံ့သြသွားတာပဲ။
(8) Wonderful! ကောင်းလိုက်တာကွာ။
(9) Congratulations! ဂုဏ်ယူတယ်ကွာ..။
(10) What a wonderful idea! တယ်ကောင်းတဲ့ အကြံညဏ်ပဲ။
(11) Oh! No! အိုး..မဟုတ်ရပါဘူး။
(12) How bad! ဆိုးလိုက်တာ။
(13) How terrible! ဆိုးပါ့ကွာ..။
(14) How disgraceful! ဆိုးလွန်းပါတယ်။
(15) How absurd! အဓိပွါယ် မရှိလိုက်တာ..။
(16) What a shame! ရှက်စရာ ကောင်းလိုက်တာ။
(17) What a nonsense! တောက်တီးတောက်တဲ့ကွာ။
(18) How disgusting! မုန်းစရာကောင်းလိုက်တာ။
(19) What a pity! သနားပါတယ်နော်။
(20) How tragic! ၀မ်းနည်းစရာ ကောင်းလိုက်တာ။
(21) O God! ဘုရားရေ။
(22) My God! ဘု၇ား..ရေ။
(23) Oh my God! ဘုရား..ဘုရား။
(24) Good Heavens! ။
(25) By God's grace! ။
(26) For goodness' sake! ဘုရား..ဘုရား
(27) Thank Goodness! တော်ပါသေး။ဘုရားမလို့။
(28) My Goodness! , Goodness me! , Goodness gracious(me)!
ဟိုက်..ဘုရားရေ ..(Surprise)

(29) God Almighty! , God in heaven! ,Good Heavens!, Good God! Oh (my) God! =ဘုရား..ဘုရား၊ ဘုရားရေ
(30) To God/ Goodness/Heaven! ဘုရားသိကြား မလို့....
(31) And how! ဟုတ်ပါ့..မှန်လိုက်လေ။
(32) Well I never! ဟုတ်ပါ့..ငါ ထင်တောင်မထင်ဘူး။
(33) Just imagine! စဉ်းစားလဲ ကြည့်ပါဦး
(34) What the dickens is that! ဘာများပါလိမ့်။
(35) Great Scott! အမလေး။
(36) Look's who's here! ဟေ့ဒီမှာဘယ်သူလဲ ကြည့်စမ်း။
(37) Absolutely delightful! သိပ်ကို ကောင်းတာပေါ့ဗျာ..။
(38) What a nasty weather! တယ်ဆိုးတဲ့ ရာသီဥတုပဲ။
(39) Cool! မိုက်တယ်ကွာ။
(40) Lots of luck! ကံကောင်းကြပါစေ။

Maung Maung One ( မောင်မောင်ဝမ်း )
ရွှေအိမ်စည်စာကြည့်တိုက်(1) How joyful! ၀မ်းမြောက်လိုက်တာကွာ။
(2) Marvellous! အံ့မခမ်းပဲနော်..။
(3) Done wonderfully! လုပ်ထားတာ ကောင်းလိုက်တာ။...
(4) Excellent! ကောင်းမှကောင်းကွာ။
(5) How sweet! ချိုသာလိုက်တာ..။
(6) How lovely! ချစ်စရာလေး။
(7) What a surprise! အံ့သြသွားတာပဲ။
(8) Wonderful! ကောင်းလိုက်တာကွာ။
(9) Congratulations! ဂုဏ်ယူတယ်ကွာ..။
(10) What a wonderful idea! တယ်ကောင်းတဲ့ အကြံညဏ်ပဲ။
(11) Oh! No! အိုး..မဟုတ်ရပါဘူး။
(12) How bad! ဆိုးလိုက်တာ။
(13) How terrible! ဆိုးပါ့ကွာ..။
(14) How disgraceful! ဆိုးလွန်းပါတယ်။
(15) How absurd! အဓိပွါယ် မရှိလိုက်တာ..။
(16) What a shame! ရှက်စရာ ကောင်းလိုက်တာ။
(17) What a nonsense! တောက်တီးတောက်တဲ့ကွာ။
(18) How disgusting! မုန်းစရာကောင်းလိုက်တာ။
(19) What a pity! သနားပါတယ်နော်။
(20) How tragic! ၀မ်းနည်းစရာ ကောင်းလိုက်တာ။
(21) O God! ဘုရားရေ။
(22) My God! ဘု၇ား..ရေ။
(23) Oh my God! ဘုရား..ဘုရား။
(24) Good Heavens! ။
(25) By God's grace! ။
(26) For goodness' sake! ဘုရား..ဘုရား
(27) Thank Goodness! တော်ပါသေး။ဘုရားမလို့။
(28) My Goodness! , Goodness me! , Goodness gracious(me)!
ဟိုက်..ဘုရားရေ ..(Surprise)

(29) God Almighty! , God in heaven! ,Good Heavens!, Good God! Oh (my) God! =ဘုရား..ဘုရား၊ ဘုရားရေ
(30) To God/ Goodness/Heaven! ဘုရားသိကြား မလို့....
(31) And how! ဟုတ်ပါ့..မှန်လိုက်လေ။
(32) Well I never! ဟုတ်ပါ့..ငါ ထင်တောင်မထင်ဘူး။
(33) Just imagine! စဉ်းစားလဲ ကြည့်ပါဦး
(34) What the dickens is that! ဘာများပါလိမ့်။
(35) Great Scott! အမလေး။
(36) Look's who's here! ဟေ့ဒီမှာဘယ်သူလဲ ကြည့်စမ်း။
(37) Absolutely delightful! သိပ်ကို ကောင်းတာပေါ့ဗျာ..။
(38) What a nasty weather! တယ်ဆိုးတဲ့ ရာသီဥတုပဲ။
(39) Cool! မိုက်တယ်ကွာ။
(40) Lots of luck! ကံကောင်းကြပါစေ။

___ ဆရာMaung Maung One ( မောင်မောင်ဝမ်း )

English Grammar In brief - အခန်း(၁)

English Grammar In brief - အခန်း(၁)

အင်္ဂလိပ်စာဖတ်တတ်ရန် ဆန္ဒရှိသူအဖို့ ပထမဦးဆုံး အခြေခံဝါကျ ၅မျိုးကို နားလည်ရမည် ဖြစ်ပါသည်။
အခြေခံ ၀ါကျ (၅) မျိုး-
Subject+verb (s+v)
Subject+verb+complement (s+v+c)
Subject+verb+object (s+v+o)
Subject+verb+indirect object+ direct object (s+v+i.o, d+o)
Subject+verb+object+complement (s+v+o+c)
(S-Subject/ V-Verb/O-Object/ C-Complement/ I-Indirect/ D-Direct)

ပုံစံ (၁) s+v
A boy stands.
လူကလေး ရပ်သည်။
ပုံစံ (၂) s+v+c
He is a student. {n}
သူသည်ကျောင်းသား ဖြစ်သည်။
He is clever. {adj}
သူလိမ္မာသည်။
He is here. {adv}
သူ ဒီမှာ ရှိသည်။
He is in the garden. {Phrase}
သူ ဥယျာဉ်ထဲမှာ ရှိသည်။
အထက်ပါဝါကျများကို ကြည့်ခြင်းအားဖြင့် ၀ါကျမပြည့်စုံသောကြောင့် ဖြည့်ပေးရမယ့် Complement {C} အဖြည့်ပုဒ်သည် {၄} မျိုးရှိနိုင်ကြောင်း သိရမည်။ ၄င်းတို့မှာ…
1. Noun {student}
2. Adjective {clever}
3. Adverb {here}
4. Phrase {in the garden}

ပုံစံ (၃) s+v+o
He kills a mouse.
သူ ကြွက်ကို သတ်သည်။
ပုံစံ (၄) s+v+i-o/d-o
He gives me a book.
ကျွန်တော့်ကို စာအုပ်တစ်အုပ် သူ ပေးသည်။
Me နှင့် a bookသည် object များဖြစ်သည်။ a bookသည် subject နှင့် တိုက်ရိုက်ထိတွေ့ရသဖြင့် D-Oဖြစ်ပြီး၊ me သည် တစ်ဆင့်ခံ ထိတွေ့ရသဖြင့် I-O ဖြစ်သည်။
D-O (တိုက်ရိုက်ကံ) I-O (တစ်ဆင့်ခံကံပုဒ်)
(Direct object) (Indirect object)

မှတ်ချက်။ ။
He gives a book to Mg Hla.
မောင်လှကို စာအုပ်တစ်အုပ် သူ ပေးသည်။
ဤ၀ါကျတွင် Mg Hla (Proper noun) ကိုယ်ပိုင်နာမ် (indirect object) ကို verbနှင့် ကပ်မထားရပါ။ ဤနေရာတွင် Direct objectသာ ထားရမည် ဖြစ်ပါသည်။

ပုံစံ (၅) s+v+o+c
The sun keeps us warm.
s v o c
ကျွန်တော်တို့ကို နေက နွေးစေသည်။
He gets himself ready.
s v o c
သူဘာသာသူ အသင့်ပြင်သည်။
He found his box empty.
s v o c
သူ့ သေတ္တာ ဘာမျှမရှိတာ သူတွေ့ပြီ။
Government sets the prisoners free.
s v o c
အကျဉ်းသားများကို အစိုးရက လွှတ်လိုက်ပြီ။
She pushed the door open.
s v o c
တံခါးကို သူ တွန်းဖွင့်လိုက်သည်။
He painted the door green.
s v o c
တံခါးကို သူ အစိမ်းရောင် သုတ်သည်။
အထူးမှတ်ချက်။ ။
ကြိယာ {V} ကို နောက်ဆုံးမှာ အနက်မြန်မာပြန်ရသည်။
အထက်ပါ အခြေခံ ၀ါကျ {၅}မျိုးသည် Simple Sentenceတွင် အမြဲတွေ့ရမည် ဖြစ်သည်။
Simple sentenceဆိုသည်မှာ Verbတစ်ခုတည်းသာပါသော Sentenceကို ခေါ်ပါသည်။
အခြေခံဝါကျ {၅}မျိုးအနက် ပုံစံ {၅}သည် အရေးကြီးဆုံး ဖြစ်ပြီး နောက်တွေ့ရမည့် Compound/ Complex Sentenceများတွင် ပြန်လာလျှင် မျက်စိမရှုပ်စေရန် ယခုကတည်းက ရှင်းရှင်းလင်းလင်းမြင်စေရန် ကြည့်ထားစေလိုပါသည်။
Simple Sentence {ကြိယာ တစ်လုံးတည်းပါ} သည် စာဖတ်သူ၏ စိတ်ကို ရှုပ်ထွေးစေမည် မဟုတ်ပါ။ Compound Sentenceဆိုသည်မှာလည်း Simple Sentence {၂}ခု သို့မဟုတ် {၂}ခုထက် ပို၍ပေါင်းပေးထားပြီး သီးခြားစီ အဓိပ္ပါယ်ကောက်နိုင်ပါသေးသည်။
ဥပမာ၊ ၊
We fished all day.
We didn’t catch a thing.
တစ်နေကုန် ငါးဖမ်းသည် တစ်ကောင်မျှ မမိပါ။
We fished all day; however, we didn’t catch a thing.
တစ်နေကုန် ငါးဖမ်းသည် သို့ရာတွင် တစ်ကောင်မျှ မမိပါ။
We fished all day, but didn’t catch a thing.
တစ်နေကုန် ငါးဖမ်းသည်။ သို့သော် တစ်ကောင်မျှ မမိပါ။
However, butတို့သည် conjunction စကားဆက်များဖြစ်သည်။ Conjunctionတွင် {၂} မျိုးရှိသည်။
1. Co-ordinating Conjunction.
(ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်သည်။)
2. Sub-ordinating Conjunction ဟူ၍ ဖြစ်ပါသည်။
(အခြားဝါကျကို မှီခိုရသည်။)
Co-ordinating Conjunctionများကို Compound Sentenceတွင် သုံးပါသည်။ Sub-ondinating Conjunctionများကို Complex Sentenceတွင် သုံးပါသည်။
Co-ordinating Conjunction, and ဒါကြောင့်/ နှင့်/ ပြီးတော့/ ၍/ သော်လည်း၊ and then အဲဒီနောက်၊ After that (တစ်ဆက်တည်းဖြစ်ကြောင်း ပြသည်။)
But= သို့သော်
Nor= လည်းပဲ (မဟုတ်/ မတတ်နိုင်/ မဖြစ်….)
Or= သို့မဟုတ်
So= ထို့ကြောင့်
Yet= သို့သော် {butနှင့် တူ၏}
Either…or တစ်ခုမဟုတ် အခြားတစ်ခု
Neither…nor တစ်ခုမှမဟုတ်
Not only…but {also/ as well/ too} ထိုမျှမက/ဤမျှလည်းပဲ

ဥပမာ၊ ၊ And ပုံစံ…
We were talking and laughing.
ကျွန်တော်တို့ စကားပြော၍ ရယ်ကြသည်။
He fell heavily and broken his arm.
သူ လဲခဲ့သည်။ ဒါကြောင့် လက်ကျိုးသွားသည်။
(ဤ၀ါကျတွင် andသည် soကဲ့သို့ အနက်အဓိပ္ပါယ်ကောက်ရသည်။)
Weed the garden and I’ll pay you 5$.
ဥယျာဉ်ကို ရှင်းပေးပါ။ ပြီးတော့ {၅}ဒေါ်လာ ပေးပါမည်။
Tom is 15 and still sucks his thumb.
တွမ်၁၅နှစ်ရှိပြီဖြစ်သော်လည်း လက်မ စုပ်သေးသည်။
Co-ordinating Conjunctionတွင် andသည် ပရိယာယ် အလွန်များပါသည်။ and သည် noun နှင့် nounခြင်း၊ adjective နှင့် adjectiveခြင်း၊ verb နှင့် verbခြင်း၊ adverbနှင့် adverbခြင်း ဆက်ထားသည်။ တစ်ခါတည်းရော၍ အဓိပ္ပါယ်ကောက်ရမည်။ andရှေ့နောက် ၀ါစင်္ဂ{part of speech}ကွဲပြားလျှင် သီခြားစီ အဓိပ္ပါယ်ယူနိုင်ပါသည်။ (ဆိုလိုသည်မှာ and၏ ရှေ့က ၀ါကျနှင့် နောက်က၀ါကျကို သီးခြားစီ အဓိပ္ပါယ်ကောက်ယူနိုင်သည်။)
ဥပမာ၊ ၊
I have a book{n} and a pencil{n}.
စာအုပ်နှင့်ခဲတံ ကျွန်တော့်မှာ ရှိသည်။
She is beautiful{adj} and clever{adj}.
သူ ချော၍ လိမ္မာသည်။
He eats the food quickly{adv} and eagerly{adv}.
အစားကို မြန်မြန်နှင့် အားပါးတရ သူ စားသည်။
He came home to eat{v} and sleep{v}.
အိပ်ဖို့နှင့် စားဖို့ သူ ပြန်လာသည်။
He finished lunch{n} and went{v} shopping.
သူ နံနက်စာ စားပြီးတော့ ဈေးသွားသည်။
ဤနောက်ဆုံး ၀ါကျတွင် and၏ ရှေ့တွင် lunch {n}ဖြစ်ပြီး၊ နောက်တွင်went {v}ဖြစ်နေသည်။ အဓိပ္ပါယ်သီးခြားစီ ကောက်ရမည်။ went၏ ရှေ့တွင် Subject{ကတ္တား} မရှိ and၏ ရှေ့က Subject {He}ကို ပြန်ယူပါ။ ဤ၀ါကျမျိုး မကြာခဏ တွေ့ရမည်။
And then/ after thatပုံစံ
He washed the car and then/ after that {he} polished it.
ကားကို သူရေဆေးပြီး အရောင်တင်သည်။
But/yet ပုံစံ
He washed the car, but/yet didn’t polish it.
ကားကို ရေဆေးသည်။ သို့သော် အရောင်မတင်ပါ။
Nor ပုံစံ
He is not a teacher, nor am I.
သူ ကျောင်းဆရာ မဟုတ်။ ကျွန်တော်လည်း မဟုတ်ပါ။
Orပုံစံ
It wasn’t cold or wet.
အဲဒါ မအေးပါ။ သို့မဟုတ် မစိုပါ။
Soပုံစံ
He couldn’t find his pen, so he wrote in pencil.
ဖောင်တိန် သူ့မှာ မတွေ့ပါ။ ထို့ကြောင့် ခဲတံနဲ့ ရေးရပါသည်။
Either…orပုံစံ
He either speaks English, or understands it.
သူ အင်္ဂလိပ်စကားပြောမည် သို့မဟုတ် နားလည်မည်။
Neither…nor ပုံစံ
Neither he nor they are teachers.
သူရော သူတို့ရော ဆရာများ မဟုတ်ပါ။
Not only…but {also/ as well/too}ပုံစံ
Not only he but also they are not teachers.
သူသာမဟုတ် သူတို့လည်းပဲ ဆရာများ မဟုတ်ကြပါ။
Not only he but they are not teachers as well/ too.
အဓိပ္ပါယ်တူပါသည်။ also အစား as wellနှင့် tooကို အစားထိုးထားပါသည်။
{not only…but alsoသည် ကံပုဒ် {O}နှင့် အဖြည့်ပုဒ်{C}တို့အနေဖြင့် အထူးပြဿနာ မရှိပါ။ သို့သော် ကတ္တား {S}နေရာတွင်ထားလျှင် တစ်ခုကိန်း၊ အများကိန်းပြဿနာ ရှိပါသည်။ ရေးထုံးမှာ but also နှင့် ကပ်နေသော{S}သည် အများကိန်းဖြစ်လျှင် {V}အများဖြစ်ပြီး၊ but alsoနှင့်ကပ်နေသော {S}တစ်ခုကိန်းဖြစ်လျှင် {V}မှာ တစ်ခုကိန်းဖြစ်ရမည်။
ဥပမာ၊ ၊
Not only he but also they are teachers.
{but alsoနှင့် ကပ်လျက် {S}အများကိန်းရှိပါသည်။ ထို့ကြောင့် {V}သည် အများကိန်းဖြစ်ရမယ်။
Not only they but also he is teacher.
{but alsoနှင့်ကပ်လျက် he {S}တစ်ခုကိန်းဖြစ်၍{V}တစ်ခုကိန်းဖြစ်ရမယ်။}
Not because……………..but because
အဲဒါကြောင့် မဟုတ်ဘူး………ဒါကြောင့်ပါ။
Sub-ordinating Conjunctions
That {ဆိုတာကို၊ သော}
When {သောအခါ၊ ဆိုတာကို}
Where {ဆိုတာကို၊ နေရာမှာ}
While {စဉ်တွင်}
Before {မတိုင်မီ}
Until {တိုင်အောင်}
If {လျှင်၊ ဆိုတာကို}
After {ပြီးနောက်}
Since {သောကြောင့်၊ ကတည်းက}
Because, for, as {သောကြောင့်}
Although, though {သော်ငြားလည်း}
Unless {မ…လျှင်}{ဥပမာ..မစားလျှင်}
အထက်ပါ စကားများသည် Clause{၀ါကျကဏ္ဍ}တွင် အကျယ်ရှင်းလင်းရေးပါမည်။ မြန်မာလို အနက်ကောက်ပုံသာ မှတ်မိရုံကြည့်ထားစေလိုပါသည်။
မှတ်ချက်။ ။
ဝိဘတ်စကားစု {Prepositional Phrase}များကို စကားဆက်အဖြစ် သုံးနိုင်သည်။
ဥပမာ။ ။
In fact, he is incapable of hard work.
အမှန်တော့ သူ အလုပ်ကြမ်း မလုပ်နိုင်ပါ။
His behaviour hasn’t improved; on the country, it has become worse.
သူ့ အပြုအမူ မတိုးတက်ပါ။ ဆန့်ကျင်ဘက်အနေနဲ့ ပိုဆိုးသွားသည်။
မှတ်ချက်။ ။
Complex Sentenceတွင် ဆက်လက်ရှင်းလင်းရေးသားပါမည်။


____
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

English Grammar in brief အခန်း{၂}

English Grammar in brief

အခန်း{၂}


Phrases
Phraseသည် မြန်မာလိုစကားစုသာ ဖြစ်ပါသည်။ Phrase {၃}မျိုးရှိပါသည်။
Noun Phrase
Adjective Phrase
Adverb Phrase
Noun Phrase


Noun Phraseသည် ၀ါကျ၏ ကတ္တား {S} နေရာတွင် (သည်)၊ {O}နေရာတွင် (ကို)၊ ဆိုတာကို {C}နေရာတွင် (သည်)တို့ဖြင့် အနက်ကောက်နိုင်သည်။
{S}နေရာတွင် ရှိသော N Phrase
ဥပမာ-
{a} The girl=
{b} The pretty girl=
{c} The pretty girl in the corner=
{d} The pretty girl who is standing in the corner= is my sister.
အထက်ပါဝါကျများတွင် {S}နေရာတွင်ရှိနေသော စကားစုများသည် Noun Phraseဖြစ်ပါသည်။ ယင်းတို့ကို (သည်)နှင့် အနက်ကောက်ပါသည်။
{a} မိန်းကလေးသည်=
{b} လှပသော မိန်းကလေးသည်=
{c} အခန်းထောင့်တွင်ရှိသော လှပသော မိန်းကလေးသည်=
{d} အခန်းထောင့်တွင် မတ်တပ်ရပ်နေသော လှပသော မိန်းကလေးသည်=ကျွန်ုပ်၏ ညီမဖြစ်သည်။

Noun Phraseထဲတွင် pretty{adj}, in the corner {propositional Phrase တစ်နည်းအားဖြင့် adj {သို့} Adv Phrase} who is standing {adj Clause}တို့ ရောနှောပါဝင်သည်ကို သတိထားမိပါလိမ့်မည်။
Who, what, how, whether စသည့် wh စကားလုံးများဖြင့်ရှိနေသော Noun Phrase…
I don’t know who to go to for advice.
အကြံဉာဏ်ရဖို့ ဘယ်သူ့ဆီ သွားရမည်ဆိုတာကို ငါမသိ။
ဤ၀ါကျတွင် who to go to for adviceသည် ကံလိုသော ကြိယာ Know၏ ကံပုဒ် {O}ဖြစ်သည်။ ကံပုဒ်နေရာတွင် Nounသာ ရှိနိုင်သည်။ ထိုစကားစုသည် Nounအလုပ်ကို လုပ်သဖြင့် Noun Phrase ဖြစ်သည်။
She couldn’t think what to do next.
နောက် ဘာဆက်လုပ်ရမည်ကို သူ မစဉ်းစားနိုင်ပါ။
I will ask how to get there.
ထိုနေရာကို ဘယ်လိုရောက်နိုင်မည်ဆိုတာကို ငါမေးရမည်။
Phraseပါသော ၀ါကျတွင် Phraseက စ၍ အနက်ကောက်ရသည်ကို သတိထားစေလိုပါသည်။
အလားတူ ဥပမာများ-
Have you decided where to go for you holiday?
You must learn when to give advice and when to be silent.
မှတ်ချက်။ Phrase {၂}ခု၊ {၃}ခု ပါလာလျှင် နောက်ဆုံး Phraseက စ၍ အနက်ကောက်ပါ။
Do you know how to do it?
She didn’t know whether to laugh or to cry.
How can you tell which button to press?
အထက်ပါ ဥပမာများတွင် Noun Phraseသည် ကံပုဒ် {O} သို့မဟုတ် အဖြည့်ခံ {C}နေရာတွင် ရှိနေကြသည်ကို တွေ့ပါလိမ့်မည်။ ယင်းတို့သည် ကတ္တား {S}နေရာတွင်လည်း ရှိနိုင်သည်။
How to do it is my problem.
အဲဒါကို ဘယ်လိုလုပ်ရမည်ဆိုသည် ငါ့ပြဿနာပါ။

Adjective Phrase
Noun၏ နောက်တွင် အမြဲနေသည် အဖြည့်ပုဒ် {C}နေရာတွင် ရှိတတ်သည်။ Prepositionနှင့် Noun ပေါင်းစပ်ထားသော စကားစု ဖြစ်သည်။ adjective (နာမ၀ိသေသန)ကဲ့သို့ အလုပ်လုပ်သည် (သော)ဖြင့် အနက်ကောက်ပါသည်။
ဥပမာ-
A boy in a white shirt is my brother.
အဖြူရောင် ရှပ်ဝတ်ထားသော ကောင်လေးသည် ကျွန်တော့်ညီ ဖြစ်သည်။
ကြိယာ {V}တစ်လုံးတည်းပါသော Simple Sentence တွင် Phraseပါလာလျှင် Phraseက စ၍ အနက်ကောက်သည်။
The girl with black hair in the shop is a student.
ဆိုင်ထဲ၌ရှိသော ဆံပင်အနက်ရှိသော မိန်းကလေးသည် ကျောင်းသူ ဖြစ်သည်။
With black နှင့် hair in the shop စကားစုသည် ရှေ့က the girl {n}ကို အထူးပြုသွားသဖြင့် Adj Phraseများ ဖြစ်သည်။
မှတ်ချက်-
Adj Phraseသည် {C}အဖြည့်ပုဒ်နေရာတွင် ရှိလျှင် သည်/ဖြစ်သည်ဟု အနက်ကောက်သည်။ ကတ္တား{S}က စ၍ အနက်ကောက်သည်။
ဥပမာများ-
She is in good health.
သူ နေကောင်းသည်။ (နေကောင်းသော{adj}+ဖြစ်သည်{be})
Your memory is at fault.
ခင်ဗျား မှတ်မိတာ မှားနေသည်။
At last he was at liberty.
နောက်ဆုံးမှာ သူ လွတ်မြောက်သွားသည်။
We are not yet out of danger.
ငါတို့ အန္တရာယ် မကင်သေးဘူး။ (ဖြစ်သည်)

Adverb Phrase
ကြိယာ{V}၏ အရှေ့နှင့်အနောက် ၀ါကျ Sentence ၏ အရှေ့ဆုံးနှင့် အနောက်ဆုံးနေရာ၊ နာမ၀ိသေသန Adj၏ အနောက် နေရာတို့တွင် ရှိနိုင်သည်။ ကြိယာဝိသေသန Advအလုပ်ကို လုပ်သည်။ Adv Phrase သည် အမျိုးမျိုးရှိနေသဖြင့် ယင်း၏ ဆောင်ရွက်ပုံကိုကြည့်၍ အနက်ကောက်ရမည်။
ပုံသဏ္ဍာန်မှာ Preposition နှင့် Nounပေါင်းစပ်သော ပုံစံနှင့် Prepositionနှင့် Verbပေါင်းစပ်ပုံတို့ ရှိနေသည်။
Adverb Phrase အမျိုးအစားများ-
Direction လားရာပြပုဒ်စု {D}
Manner အမူအရာပြပုဒ်စု {M}
Place နေရာပြပုဒ် {P}
Time အချိန်ပြပုဒ်စု {T}
Reason or Purpose အကြောင်းပြချက် (သို့) ရည်ရွယ်ချက်ပြပုဒ်စု {R or P} ဟူ၍ အမျိုးအစား {၅}မျိုး ရှိနေသည်။
ဥပမာ-
He went up to the counter. {D}
ကောင်တာဆီသို့ သွားခဲ့သည်။
They play in happiness. {M}
ပျော်ရွှင်စွာ သူတို့ ကစားကြသည်။
It is warm in the house. {P}
အိမ်ထဲမှာ နွေးသည်။
He gets up at six 6 o’clock. {T}
၆နာရီမှာ သူ အိပ်ရာထသည်။
He lives to work. {R or P}
အလုပ်လုပ်ဖို့/ရန် သူ အသက်ရှင်နေသည်။
Simple Sentence တွင် Adv Phrase က စတင် အနက်ကောက်ကြောင်း သတိထားပါ။ Adv Phraseတစ်ခုတည်းသာမက (၃)ခု၊ (၄)ခု တန်းစီရှိနိုင်ပါသည်။ နောက်ဆုံး Adv Phraseမှ စ၍ အနက်ကောက်သွားပါ။
ဥပမာ-
He goes to school{D} on foot {M} in Sanchaung {P} in the morning {T} to study his lessons {R or P}.
သူ၏ သင်ခန်းစာများကို လေ့လာရန် နံနက်တွင် စမ်းချေင်းမြို့နယ်မှ ခြေကျင် ကျောင်းသို့သွားသည်။
မှတ်ချက်-
၁၊ D, M, P, T, R or P အစီအစဉ်ကို မှတ်သားပြီ အနောက်ကနေ စ၍ ဘာသာပြန်သည်ကို မှတ်သားပါ။
၂၊ Adj Phrase နှင့် Adv Phraseများ ရောနှောပါနေလျှင် နောက်ဆုံးကသာ စ၍ ဘာသာပြန်ပါ။
ဥပမာ-
He goes to school{adv phrase} in Sanchaung {adj Phrase}.
ဤ၀ါကျတွင် in Sanchaung သည် ၄င်းရှေ့ရှိ school {n}ကို အထူးပြုသဖြင့် Adj Phraseဖြစ်ပြီး (သော)ဖြင့် ဘာသာပြန်သဖြင့် စမ်းချောင်းတွင်ရှိသော ကျောင်းသို့ သူ သွားသည်ဟူ၍ ဘာသာပြန်ရသည်။
မှတ်ချက်-
To+V သည် Noun Phraseနှင့် Adv Phraseလို အလုပ် လုပ်နိုင်သည်။ အဓိပ္ပါယ်ကွဲပါသည်။
Noun Phraseဖြစ်လျှင် “ခြင်း”နှင့် ဘာသာပြန်။
Adv Phraseဖြစ်လျှင် “ရန်/ဖို့ရန်” ဟု ဘာသာပြန်။
ဥပမာ-
My aim was to help you.{ Noun Phrase}
ခင်ဗျားကို ကူညီခြင်းသည် ကျွန်တော့် ရည်ရွယ်ချက် ဖြစ်သည်။
He goes to school to study lessons. {adv phrase}
သင်ခန်းစာ လေ့လာရန် သူ ကျောင်းသွားသည်။


ဒုတိယ၀ါကျတွင် အကြောင်းပြချက်ဖြစ်၍ adv phraseဖြစ်ပြီး ပထမ၀ါကျတွင် ကြိယာ၏ အဖြည့်ပုဒ် သို့မဟုတ် ကံပုဒ် {O}ဖြစ်သည်။
ဥပမာ-
I like to read.
စာဖတ်ခြင်းကို ငါ နှစ်သက်သည်။
ဤ၀ါကျတွင် to readသည် like၏ ကံပုဒ် {O}ဖြစ်သဖြင့် Noun Phraseဖြစ်သည်။
အခြား ဥပမာများ-
Is it easy for a rich window to find a handsome husband? {adv phrase}
ယောကျာ်းချောရှာဖွေဖို့ရန် ချမ်းသာသော မုဆိုးမအဖို့ လွယ်သလား?
It was hard for him to live on his small pension.
ပင်စင်လစာ အနည်းငယ်နဲ့ အသက်မွေးဖို့ရန် သူ့အတွက် ခက်ပါတယ်။
အထက်ပါဝါကျအားလုံးတွင် အကြောင်းပြချက်တွေဖြစ်သဖြင့် adv phraseများသာ ဖြစ်ပါသည်။ “ရန်”ဟု ဘာသာပြန်ရမည်။


___ မှတ်စုမှတ်ရာ အင်္ဂလိပ်စာ ပညာ

English Grammar In Brief အခန်း (၃)

English Grammar Brief
အခန်း (၃)

CLAUSE ၀ါကျကဏ္ဍ
ဝါကျ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကတ္တာ{S}၊ ကြိယာ{V}တို့ပါဝင်သော်လည်း အဓိပ္ပါယ်မပြည့်စုံသော စကားစုကို Clauseဟု ခေါ်သည်။
Clause အမျိုးအစား (၃)မျိုးရှိပါသည်။


1. Noun Clause
2. Adjective Clause
3. Adverb Clauseတို့ဖြစ်ပါသည်။


Noun Clause
Who, that, what, how, when, whereစသည် ကဲ့သို့သော စကားဆက်တစ်ခု ၀ါကျ၏ထိပ်တွင်ရှိသည်။ Noun၏ နေရာဖြစ်သော ကတ္တား {S}၊ ကံ{O}၊ အဖြည့်ပုဒ် {C}နေရာနှင့် Adj၏ နောက်တွင် ရှိသည်။ သည်၊ ကို၊ ဆိုတာကို၊ တာ စသည်တို့နှင့် အနက်အဓိပ္ပါယ်ပြန်နိုင်သည်။
ဥပမာ-
That the match will be cancelled is now certain.
ပြိုင်ပွဲပယ်ဖျက်မည်ဆိုတာ အခု သေချာပြီ။
(အထက်ပါဝါကျတွင် Noun Clauseသည် ကတ္တား{S}နေရာတွင် ရှိသည်။)
I know that the match will be cancelled.
ပြိင်ပွဲပယ်ဖျက်မည်ဆိုတာ ငါသိတယ်။
(အထက်ပါ ၀ါကျတွင် that ပါသော Clause၏ ရှေ့တွင် ကံလိုသောကြိယာ {V.T} knowရှိသည်။ that clause သည် ကံပုဒ်{O}နေရာတွင်ရှိသည်။ သို့ဖြစ်၍ that clauseသည် Noun Clauseဖြစ်သည်။


မှတ်ချက်-

တစ်ခါတစ်ရံ that, whatတို့ကို မြှုပ်ထားတတ်သည်။
ဥပမာ-
I know that match will be cancelled.
ပြိုင်ပွဲပယ်ဖျက်မည်ဆိုတာ ငါ သိတယ်။
I knowသည် ၀ါကျတစ်ခု၊
The match will be cancelledသည် ၀ါကျတစ်ခု ဘာမှ အဆက်အစပ်မထားလျှင် မြှုပ်ထားကြောင့် သိပါ။
It is obvious that money does not grow on tree.
ငွေဟာ သစ်ပင်က သီးလာတာ မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ။
အထက်ပါဝါကျတွင် ရှင်းနေတာပဲ {It is obvious}ဆိုရုံနဲ့ ၀ါကျဖြစ်သော်လည်း ဘာရှင်းထားမှန်း မသိ၍ အဓိပ္ပါယ်မပြည့်စုံ။ သို့ဖြစ်၍ ပြည့်စုံကြရန် အဖြည့်ပုဒ် {C}ဖြစ်သော that clauseပါရမည်။
I am afraid that we’ve sold out of tickets.
လက်မှတ်တွေ ငါတို့ရောင်းကုန်ပါ့မလားဆိုတာ စိုးရိမ်တယ်။
(ခံစားမှု adjective afraid, glad, happy, pleased, sorryတို့နောက်မှာ noun clauseရှိနိုင်သည်။)


မှတ်ချက်-

စကားအဆက်ကဲ့သို့ အလုပ်လုပ်သော Prepositional Phraseများ၏ နောက်တွင် the fact thatနှင့်စသော Noun clauseများ လိုက်နိုင်သည်။
ဥပမာ-
His love of literature was due to the fact that his mother read poetry to him when he was a child.
သူငယ်ငယ်တုန်းက သူ့အမေက ကဗျာတွေဖတ်ပြသည့် အကြောင်းကြောင့် သူစာပေ မြတ်နိုးတတ်ခြင်းဖြစ်သည်။


စကားဆက်အဖြစ်သုံးသော ၀ိဘတ်စကားစု prepositional Phraseအချို့မှာ-
According to =အလိုအရ
Along with = အတူတကွ
Apart from = ဒါ့အပြင်
As a result of = အကြောင်းကြောင့်
By means of = ဤနည်းအားဖြင့်
In addition to = ထပ်လောင်းပြောရလျှင်
An account of = ကြောင်းကြောင့်
On behalf of = ကိုယ်စားပြု၍
With reference = ရည်ညွှန်းလျက်
အခြား Noun Clauseနမူနာများ-
Whether he has signed the contract doesn’t matter.


{S} whether စကားဆက် (…လား/ မလား)
စာအုပ်ကို သူလက်မှတ် ထိုးပြီးပြီလား၊ မထိုးပြီးပြီလားဆိုတာ အရေးမကြီးပါ/ ပြဿနာ မဟုတ်ပါ။
I want to know whether/ if he has signed the contract.
စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား၊ မထိုးရသေးဘူးလားဆိုတာ ငါသိချင်တယ်။
When he did it {s} is a mystery.
ဘယ်အချိန်မှာ အဲဒါကို သူ လုပ်ခဲ့မယ်ဆိုတာ သိဖို့ ခက်ခဲတဲ့ကိစ္စ ဖြစ်တယ်။
He said that he was a student.
သူ ကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာ သူ ပြောတယ်။
I wonder when he did it.
အဲဒါကို သူ ဘယ်အချိန်လုပ်မယ်ဆိုတာ ငါသိချင်တယ်။
I know who you are.
မင်း ဘယ်သူဆိုတာ ငါ သိတယ်။
When he comes depends on your decision.
ဘယ်တော့ သူလာရမယ်ဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်။
I don’t know whether he lives.
သူဘယ်မှာနေသလဲဆိုတာ ငါ မသိဘူး။
Let me know how he comes back.
ဘယ်လိုပြန်လာမလဲဆိုတာ ငါ သိပါရစေ။


မှတ်ချက်-
Direct, Indirect speechတွင် အသုံးပြုသည့် verbများဖြစ်သော ask, tell, say, wonderနောက်တွင် Noun clause လိုက်သည်။
I don’t know what to do. {Noun Phrase}
ဘာလုပ်ရမည်ဆိုတာ ငါ မသိ။
I don’t know what he is. {Noun clause}
သူ ဘာလဲဆိုတာ ငါ မသိ။


မှတ်ချက်-
Clauseတွင် ကတ္တားပါပြီး၊ Phraseတွင် ကတ္တားမပါသည်ကို သတိပြုပါ။


Adjective Clause
Who, what, which, whoseကဲ့သို့သော relativeစကားဆက် Conjunctionများကို ရှေ့မှာထားသည်။ နာမ၀ိသေသနAdjective ကဲ့သို့ အလုပ်လုပ်သည်။ “သော”ဖြင့် အနက်ဘာသာပြန်ရသည်။ များသောအားဖြင့် Noun၏ နောက်တွင် ရှိသည်။
The government which promises to cut taxes will be popular.
အခွန်လျော့ချရန် ကတိပြုသော အစိုးရ လူကြိုက်များလိမ့်မည်။
ဤ၀ါကျတွင် the government {n}ကို {adj}ကဲ့သို့ အထူးပြုသော Clauseဖြစ်၍ Adj Clauseဖြစ်သည်။
He is the man who/ that lives next door.
ကပ်လျက်အခန်းမှာ နေသောလူသည် သူဖြစ်သည်။
This is the photo which/ that shows my house.
ကျွန်ုပ်၏ အိမ်ကိုပြသော ဓာတ်ပုံသည် ဒါဖြစ်သည်။
He is the man whose car was stolen/
ကားအခိုးခံရသော လူသည် သူဖြစ်သည်။
A doctor examined the astronauts who returned from space today.
ယနေ့ အာကာသမှပြန်လာသော လေသူရဲကို ဆရာဝန်က စစ်ဆေးသည်။
This is the house where the windows were broken.
မှန်တွေကွဲသွားသော အိမ်သည် ဤဟာ ဖြစ်သည်။
တစ်ခါတစ်ရံwhose နေရတွင် of whichကို သုံးသည်။ သောဖြင့်သာ အဓိပ္ပါယ်ပြန်သည်။
It was an agreement the details of which could not be altered.
အပြောင်းအလဲ လုပ်၍မရသော စာချုပ်အသေးစိပ်သည် ဒါပဲ ဖြစ်သည်။
The millionaires whose son ran away from home a week ago has made a public appeal.
လွန်ခဲ့သော တစ်ပတ်လောက်က သူ့သား အိမ်မှ ထွက်ပြေးသွားခြင်းကို ခံရသော သန်းကြွယ်သူဌေးကြီးက ပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။

မှတ်ချက်-
စကားဆက်၏ရှေ့က Nounသည် စကားဆက်၏နောက်က Verbဖြင့် ပြန်ချိန်ကြည့်သောအခါ ကံပုဒ် Objectဖြစ်နေလျှင် စကားဆကို ဖြုတ်ထားနိုင်သည်။ သောဖြင့် ဘာသာပြန်ရမည်။
ဥပမာ-
This is the photo that/ which Thazin took.
သဇင်ရိုက်ခဲ့သော ဓာတ်ပုံသည် ဤဟာဖြစ်သည်။
ဤ၀ါကျတွင် စကားဆက်ဖြစ်သောthat/which၏ ရှေ့တွင်ရှိသော the photo {n} သည် စကားဆက်၏နောက်ရှိ took {v}၏ ကံပုဒ် Objectဖြစ်သဖြင့် စကားဆက်ကိုဖြုတ်ပြီး အောက်ပါတိုင်းရေးနိုင်သည်။
This is the photo Thazin took.
အဓိပ္ပါယ်မှာတူသည် the photo နှင့်Thazin အကြားတွင် that/which မြှုပ်ထားသည်ကို မမေ့ပါနှင့်။
This is the cat that/ which I photographed.
ငါဓာတ်ပုံရိုက်လိုက်သော ကြောင်သည် ဒါပဲဖြစ်သည်။

Adjective Clauseများတွင် Prepositionများလည်း တွဲပါနိုင်ပါသည်။ “သော”ဖြင့်ပင် ဘာသာပြန်ပါသည်။
ဥပမာ-
The person to whom I complained is the manager.
ကျွန်တော် မကျေနပ်ကြောင်းသွားပြောသော ပုဂ္ဂိုလ်သည် မန်နေဂျာဖြစ်သည်။
This is the pan in which I boiled the milk.
ကျွန်တော် နို့ကျိုသောအိုးသည် ဤဟာပဲ ဖြစ်သည်။
The agency from which we bought our tickets is bankrupt.
ကျွန်တော်တို့ လက်မှတ်ဝယ်သော ကိုယ်စားလှယ်ဌာနသည် မွဲသွားပြီ။
The Soe Travel Agency, with which our company has been dealing for several years, has opened four new branches.
ကျွန်တော်တို့ ကုမ္ပဏီနှင့် နှစ်ပေါင်းများစွာ ဆက်သွယ်နေသော စိုးခရီးသွားကိုယ်စားလှယ်လုပ်ငန်းသည် ရုံးခွဲသစ် ၄-ခုကို ဖွင့်လှစ်ပြီးပါပြီ။
In 1980 he caught a serious illness from whose effects he still suffers.
ယနေ့တိုင် သူခံစားနေရသေးသော ပြင်းထန်သော အဖျားကို ၁၉၈၀ခုနှစ်ကတည်းက သူရရှိခဲ့တာ ဖြစ်သည်။
Adjective clauseသည် time placeနှင့် reasonတို့ကို အထူးပြုနိုင်ပါသေးသည်။
1984 was the year in which my son was born.
ကျွန်တော့်သား မွေးသောနှစ်သည် ၁၉၈၄ဖြစ်သည်။
This is the place in which I grew up.
ကျွန်တော် အရွယ်ရောက်လာသော နေရာသည် ဤနေရာဖြစ်သည်။
That’s the reason why he dislikes me.
ကျွန်တော့်ကို သူ မချစ်သောအကြောင်းကတော့ ဒါပါပဲ။

မှတ်ချက်-
In whichနေရာတွင် whereရှိနိုင်သည်။
Whyနေရာတွင် whichရှိနိုင်သည်။ “သော”နဲ့သာ အဓိပ္ပါယ်ကောက်ပါလေ။
Adjective Clauseသည် တစ်ခါတစ်ရံ နှစ်ခု၊ သုံးခုရှိနိုင်သည်။ နောက်ဆုံး Clauseက စတင် အဓိပ္ပါယ်ပြန်ပါလေ။
ဥပမာ-
It is the only building which I have ever seen which is made entirely of glass.
မှန်ဖြင့်သာ ဆောက်လုပ်ထားသော ကျွန်တော်မြင်ဖူးသော အဆောက်အဦးသည် ထိုဟာပဲ ဖြစ်ပါသည်။

Adverbial Clause

Adverbial Clauseသည် အဓိက၀ါကျ၏ ရှေ့ပိုင်းတွင်သော်လည်းကောင်း၊ နောက်ပိုင်းတွင်သော်လည်းကောင်း ရှိတတ်ပြီး အဓိက၀ါကျ၏ ကြိယာ Verbနှင့် အဓိက၀ါကျတွင်ပါသော နာမ၀ိသေသနAdjective တစ်ခုခုကို မထူးပြုတတ်သည်။
Adverbial Clauseသည် စကားဆက် Conjunctionပေါ်မူတည်၍ အချိန် Time၊ နေရာ Place၊ အမူအရာ Manner၊ အကြောင်းပြချက် Reasonစသည်တို့ကိုပြသောကြောင့် Clause၏ အခြေအနေပေါ် မူတည်၍ ဘာသာပြန်ရမည်။

1. Adverbial Clause of Time

ဤ Clause၏ ထိပ်ပိုင်းတွင် အချိန်ပြစကားဆက်များရှိသည်။
ဥပမာ-
Tell him as soon as he arrives.
သူရောက်လျှင်ရောက်ခြင်း သူ့ကို ပြောလိုက်ပါ။
You didn’t look very well when you got up this morning.
မင်း မနက်အိပ်ရာထသောအခါ မင်း သိပ်နေကောင်းပုံ မရပါ။
အထက်ပါဝါကျများတွင် အချိန်ပြစကားဆက်များကို မူတည်၍ ဘာသာပြန်ရမည်။ စကားဆက်များ အနက်ကောက်ပုံ ဆက်လက်ဖော်ပြပါမည်။
As soon as -လျှင်…လျှင်ခြင်း
When -သောအခါ
After - ပြီးနောက်
As- သောကြောင့်/စဉ်တွင်
As long as - လျှင်
Before -မတိုင်မီ
By the time -အဲဒီအချိန်လောက်မှာ {when}
During - အဲဒီအချိန်လောက်မှာ
Once - ဆိုရင်ပဲ
Since - သောကြောင့်၊ ကတည်းက
No sooner than -လျှင်…လျှင်ခြင်း
Until/ till - တိုင်အောင်
Whenever - ဘယ်အခါဖြစ်ဖြစ်
While - စဉ်တွင်
အထက်ပါစကားဆက်များအနက် စာဖတ်သူ အသိနည်းသော စကားဆက်အနည်းငယ်ကို နမူနာပြပါမည်။
Once you’re seen one penguin, you’ve seen them all.
ပင်းကွင်းငှက်တစ်ကောင် မြင်ဖူးသည်ဆိုရင်ပဲ ခင်ဗျား အကုန်မြင်ဖူးတာပဲပေါ့။
You can keep these records as long as you like.
ခင်ဗျားသဘောကျလျှင် ဒီဓာတ်ပြားတွေကို သိမ်းထားနိုင်ပါသည်။

2. Adverbial Clause of Place

အချိန်ပြစကားဆက်များရှေ့မှာရှိသော Clauseများဖြစ်သည်။
You can’t camp where you like these days.
ဒီခေတ်မှာ ခင်ဗျားကြိုက်တဲ့နေရာမှာ ခင်ဗျား စခန်းချလို့ မရပါ။
အခြားနေရာပြ စကားဆက်များ-
Whenever - ဘယ်နေရာဖြစ်ဖြစ်
Anywhere - မည်သည့်နေရာမဆို
Everywhere - နေရာတကာ စသည်။

3. Adverbial Clause of manner
အမူအရာပြ စကားဆက်များပါသော Clause ဖြစ်သည်။
ဥပမာ-
Type this again as I showed you a moment ago.
လွန်ခဲ့တဲ့ အချိန်အနည်းငယ်အတွင်းက ငါပြထားတဲ့ အတိုင်း ဒီစာအုပ်ကို ပြန်ရိုက်ပါ။
အမူအရာပြ အခြားစကားဆက်များ-
As -အတိုင်း/သလို
How/ the way - အတိုင်း/သလို
In that way - အတိုင်း/ သလို
The way in which - အတိုင်း/ သလို
In the same way - ဤနည်းအတိုင်း
As if - ဘိသကဲ့သို့
As though -ဘိသကဲ့သို့
နမူနာပုံစံ-
She acted as if she were mad.
ရူးနေဘိသကဲ့သို့ သူ ပြုမူသည်။ (အခြားအလားတူ ပုံစံများကိုလည်း ဤနည်းတူ သိပါလေ။)

4. Adverbial Clauses of reason
အကြောင်းပြချက် စကားဆက်ပါသော Adverbial Clause ဖြစ်သည်။
ဥပမာ-
As/because/ since there was very little support, the strike was not successful.
ထောက်ခံမှု အနည်းငယ်သာရသောကြောင့် သပိတ်သည် မအောင်မြင်ပါ။
အခြားအကြောင်းပြချက်ပြ စကားဆက်များ
Seeing that -သောကြောင့်
For - သောကြောင့်

5. Adverbial Clauses of condition

အခြေအနေပြစကားဆက်များပါသော Adverbial Clauseဖြစ်သည်။
ဥပမာ-
If the rain stops, we’ll be able to go for a walk.
မိုးတိတ်လျှင် ငါတို့ လမ်းလျှောက်ထွက်နိုင်တာပေါ့။
အခြေအနေပြ စကားဆက်များအကြောင်း ဆွေးနွေးလျှင် “if” ပုံစံ (၃)မျိုးအကြောင်း အရိပ်အမြွတ်ပြောပြပါမည်။ အကယ်၍ အကျယ်သိလိုက နှစ်သက်ရာ သဒ္ဒါစာအုပ်မှာ ရှာဖွေကြည့်စေလိုပါသည်။ အဆင့်မြင့် သဒ္ဒါစာအုပ်များတွင် “if”ပုံစံကို ထည့်သွင်းထားသည်မှာ စာဖတ်သူကို များစွာရှင်းပြရမည်ဖြစ်ပါသည်။ ဤAdverbial Clauseကဏ္ဍတွင် စာဖတ်သူ မြန်မာလို အဓိပ္ပါယ်ဘာသာပြန်လွယ်ရုံမျှ ဖော်ပြပါမည်။

“If” ပုံစံ (၃)မျိုး
1. If+S+Present, S+will+V.
If I lose my job, I will go abroad.
အလုပ်မရှိရင် ငါ နိုင်ငံခြားသွားမယ်။
2. If+S+Past, S+Would+V.
If I lost my job, I would go abroad.
ငါသာ အလုပ်မရှိခဲ့ရင် ငါနိုင်ငံခြားသွားမှာ။
(အခု အလုပ်ရှိတယ်၊ သွားဖို့ မလိုပါ-ဟုဆိုလို)

3. If+S+had+past participle, S+ Would have+past participle.
If I had lost my job, I would have gone abroad.
အလုပ်သာမရှိခဲ့ရင် ငါ နိုင်ငံခြား သွားကောင်းသွားမယ်။
(အလုပ်လည်းရှိ၊ လစာလည်းကောင်း၍ ဖြစ်နိုင်ခြေ မရှိသလောက် အခြေအနေကိုပြ)
“If”ကို “လျှင်” “ရင်”နဲ့သာ အဓိပ္ပါယ်ပြန်သည်။
အထက်ပါပုံစံ (၃)မျိုးမှ ခွဲထွက်လာသော ပုံစံကွဲများမှာ အလွန်များပါသည်။ ၄င်းတို့အနက် စာဖတ်သူ အခက်အခဲဖြစ်နိုင်သော ပုံစံအနည်းငယ်ကို ရှင်းပြပါမည်။

ပုံစံ -၁-
If+should
If he should call, tell him I’ll ring back.
သူ ဖုန်းခေါ်ရင် ငါပြန်ဆက်မယ်လို့ ပြောလိုက်။
အထက်ပါပုံစံကို 1. If+shouldကို ‘if’ဖျောက်ပြီး ရေးနိုင်သည်။
Should he call, tell him I’ll ring back.
အဓိပ္ပါယ်တူပါသည်။ “လျှင်”နဲ့သာ ဘာသာပြန်ပါ။

ပုံစံ-၂-
Imperative+conjunction+clause
အမိန့်ပေး/ခိုင်း+စကားဆက်+၀ါကျကဏ္ဍ မေတ္တာရပ်/အကြံပြု
(ဘာသာပြန်သောအခါ “လျှင်”ဖြင့်သာ ဘာသာပြန်သည်။)
ဥပမာ-
Fail to pay and, they’ll cut off the electricity.
ငွေပေးဖို့ ပျက်ကွယ်လျှင် သူတို့ မီးဖြတ်လိမ့်မယ်။
Tell us what to do and we’ll get on with it.
ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာပြောရင် ကျွန်တော် ဆက်လုပ်မှာပေါ့။
Stop eating sweets, or you won’t get any dinner.
အချိုတွေ စားတာ မရပ်ဘူးဆိုရင် မင်း ညစာစားလို့ရမှာ မဟုတ်ဘူး။
Take a taxi, otherwise you will muss your train.
အငှားယာဉ်မခေါ်ဘူးဆိုရင် မင်း ရထားလွတ်သွားမယ်။

ပုံစံ-၃-
If+were to+would
If the government were to cut tax, price would tall.
အစိုးရကသာ အခွန်လျော့ချရင် ဈေးကျမှာ။ (ဆိုလိုသည်မှာ-အစိုးရက အခွန်မလျော့ ဟုဆိုလို)
ယင်းဝါကျ “if”ကို ဖြုတ်ပြီး wereကို ရှေ့ထုတ်ရေးနိုင်သည်။ အဓိပ္ပါယ် တူသည်။
Were the government to cut tax, price would fall. {were –if}

ပုံစံ-၄-
Had+s+past participle
ပင်မအမှတ် (၃)ပုံစံ if+s+had+past participleပုံစံကို ‘if’ဖျောက်ပြီး ရေးထားခြင်းဖြစ်သည်။ အဓိပ္ပါယ်တူပါသည်။
ဥပမာ-
Had the management acted sooner, the strike wouldn’t have happened.
အုပ်ချုပ်ရေးဌာနက အလျှင်အမြန်ဆောင်ရွက်ခဲ့လျှင် သပိတ်တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိပါ။ (ဆိုလိုသည်မှာ-အုပ်ချုပ်ရေးဌာနက ဘာမျှ မဆောင်ရွက်ခဲ့ဟု ဆိုလို)
‘if’နှင့် အဓိပ္ပါယ်တူ စကားဆက်များ-
As long as - လျှင်
Assuming that – လျှင်
Even if – ဆိုရင်တောင်မှ
If only – သို့မှသာ
On the condition that – လျှင်
Provided/ providing that – လျှင်
So long as – လျှင်
If not/ unless – မဟုတ်ဘူးဆိုလျှင်
Suppose that – လျှင်
Supposing that – လျှင်
What if – ဆိုရင်ကော
Say – ဆိုရင်ကော
If so – ဒီလိုဆိုရင်
In that case – ဒီလိုဆိုရင်
Then - ဒီလိုဆိုရင်
အထက်ပါ စကားဆက်များအတွက် နမူနာဝါကျအနည်းငယ် ဖော်ပြပါမည်။

What if/ Say he gets home before us and can’t get in?
သူ ကျွန်တော်တို့ အရင်အိမ်ရောက်နေရင်ကော သူ အိမ်ထဲဝင်နိုင်ပါ့မလား?
He may be busy, if so, {if that case} I’ll call later.
သူအလုပ်များနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော် နောက်ပြန်ဆက်လိုက်မယ်။
‘if’အစားသုံးသေား အခြားပရိယာယ်များ-
With luck, we’ll be there by tomorrow.
ကံကောင်းရင် မနက်ဖြန် ကျွန်တော်တို့ ရောက်လိမ့်မယ်။
Give time, they’ll probably agree.
သူတို့ကို အချိန်ပေးမယ်ဆိုရင် သဘောတူမှတ်ပါ။
To hear him talk, you’d think he was a Prime Minister.
သူ့စကားသံကို ခင်ဗျားကြားရရင် သူ့ကို ၀န်ကြီးချုပ်လို့တောင် ထင်မှာ။
But for his pension, he would starve.
သူ ပင်စင်သာမရရင် ငတ်မှာ။
Without your help, I couldn’t have done it.
ခင်ဗျား အကူအညီသာမရရင် ဒဲဒါ ကျွန်တော်လုပ်လို့ရမှာ မဟုတ်ဘူး။
In different circumstance, I would have said yes.
အခြေအနေသာ အပြောင်းအလဲရှိမယ်ဆိုရင် ဟုတ်ကဲ့လို့ ကျွန်တော်ပြောမိမှာ။
အထက်ပါ ‘if’ပုံစံ ၀ါကျများသည် ရိုးရိုးသဒ္ဒါစည်းကမ်းဖြင့် ဘာသာပြန်လို့ မရသည်ကို တွေ့ရမည်။

6. Adverbial clauses of concession
ဆန့်ကျင်ဘက် အနက်ဖြစ်သော “သို့ပေမယ့်” “သော်ငြားလည်း”စသော စကားဆက် although, considering that, though, even though, even if, much as …, while, where as, however much, badly, good, no matter howတို့ဖြင့် ရေးထားသော Clauseများဖြစ်ပါသည်။
ဥပမာ-
Although I felt sorry for him, I was secretly pleased that he was having difficulties.
သူ့အတွက် ငါစိတ်မကောင်းပေမယ့် သူ့အခက်အခဲတွေ့နေတာ ကြိတ်ပြီး ၀မ်းသာမိတယ်။
I intend to go to Singapore, even if air fares go up again.
လေယာဉ်ခ ထပ်တက်သွားပေမယ့် စင်ကာပူကို ငါသွားဖို့ စိတ်ကူမိတယ်။
Much as I’d like to help, there isn’t a lot I can do.
ကျွန်တော် ကူညီချင်ပေမယ့် အများကြီးတော့ မတက်နိုင်ဘူး။

7. Adverbial clauses of Purpose
ရည်ရွယ်ချက်ပြစကားဆက်များဖြစ်သော “စေရန်၊ အလို့ငှာ၊ စိုးလို့”ဟု ဘာသာပြန်ရသော စကားဆက်များ so that, in order that, in case, lest and for fear thatတို့ဖြင့် ရေးထားသော clauseများဖြစ်သည်။
ဥပမာ-
I’ve arrived early so that I will get a good view.
မြင်ကွင်းကောင်းကောင်းရစေရန် ငါစောစောရောက်တယ်။
I arrived early so as not to miss anything.
ဘယ်အရာမှ မလွတ်သွားစေရန်အလို့ငှာ ငါစောစောရောက်တယ်။
In case, lest, for fear that…..အဆိုပါစကားဆက်များသည် “စိုးလို့”ဟု အနက်ပြန်ရသည်။
I asked them to ring first lest we were out.
ငါတို့ အပြင်ရောက်နေမှာစိုးလို့ အရင်ဖုန်းဆက်ဖို့ ငါ သူတို့ကို မှာထားတယ်။

8. Adverbial Clauses of result
အကျိုးပြ စကားဆက်များဖြစ်သော “လောက်အောင်ကို”ဟု အနက်ပြန်ရသည်။ ‘so…that, ‘such…that’များပါသော စကားဆက်ဖြင့်ရေးသည့် clauseများ ဖြစ်သည်။

ဥပမာ-
His reactions are so quick that no one can match him.
သူ့ကို မည်သူမျှ မယှဉ်နိုင်လောက်အောင် သူ့တုန့်ပြန်မှုများက မြန်သည်။
They are such wonderful players that no one can beat them.
ဘယ်သမျှ သူတို့ကို မနိုင်လောက်အောင် တော်သော အားကစားသမားများဖြစ်သည်။

9. Adverbial clauses of comparison
နှိုင်းယှဉ်ခြင်းပြ စကားဆက်များဖြစ်သော “သလောက်” “ထက်”ဟု ဘာသာပြန်သည့် ‘as…as’ more…than’ ‘less…than’တို့ပါသော clauseများ ဖြစ်သည်။

ဥပမာ-
Thazin is as beautiful as Diana.
ဒိုင်ယာနာလှသလောက် သဇင်လှပါတယ်။
He is not so tall as his brother.
သူ့ညီ အရပ်ရှည်သလောက် သူ မရှည်ပါ။
His sister is quicker than he.
သူ့ထက် သူ့ညီမက ပိုမြန်တယ်။
The more you practice the better you get.
မင်းလေ့ကျင့်လေလေ ပိုရလေလေပဲ။

မှတ်ချက်-
Adverbial Clausesများသည် အမျိုးအစား အများဆုံးနှင့် အသုံးအများဆုံး ၀ါကျများဖြစ်ပါသည်။ ပိုမို၍ လေ့လာသင့်ပါသည်။
ဆက်လက်ရေးသားပေးပါမည်။

___မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

English Grammar In Brief အခန်း (၄)

English Grammar In Brief
အခန်း (၄)

Verb+ing
Verb+ingပုံစံသည် complex sentenceရောပြွမ်းဝါကျတွင် အများအပြားတွေ့ရသည်။ ၀ါကျ၏ အနေအထားကိုလုက်၍ “ခြင်း၊ လျက်၊ သော၊ သောကြောင့်”များဖြင့် ဘာသာပြန်နိုင်သည်။ ၄င်းက စတင်ဘာသာပြန်သည်။


ပုံစံ (၁)-
“ခြင်း”ဖြင့် ဘာသာပြန်ပုံ
ကတ္တား {S} သို့မဟုတ် ကံပုဒ်{O}နေရာတွင် ရှိရမည်။
Walking is good exercise.
လမ်းလျှောက်ခြင်းသည် ကောင်းသော လေ့ကျင့်ခန်း ဖြစ်သည်။
I like reading.
စာဖတ်ခြင်းကို ငါ ကြိုက်သည်။


ပုံစံ (၂)-
“လျက်”ဖြင့် ဘာသာပြန်ပုံ
ကတ္တား{S}က တစ်ဦးတည်း အလုပ် (၂)ခု၊ သို့မဟုတ် (၂)ခုထက် ပိုနိုင်သည်။ ingနှင့် ရေးသားသော Verbကြိယာကို “လျက်”ဖြင့် ဘာသာပြန်သည်။ ၄င်းသည် Adv Phraseတစ်မျိုးဖြစ်သည်။
ဥပမာ-
I read the newspaper drinking coffee.
ကော်ဖီသောက်လျက် ငါသတင်းစာဖတ်သည်။
(ကတ္တားတစ်ဦးတည်း အလုပ် (၂)ခု တစ်ပြိုင်တည်း ပြုလုပ်သည်။)

ပုံစံ (၃)-
Verb+ing၏ ရှေ့တွင် ကတ္တား {S}ပါလာလျှင် “သော”ဖြင့် ဘာသာပြန်သည်။
ဥပမာ-
I saw a boy sitting under a tree.
သစ်ပင်အောက်မှာ ထိုင်နေသော ကောင်လေးကို ကျွန်တော်တွေ့တယ်။
(sittingရှေ့က a boyသည် sitting၏ ကတ္တားဖြစ်သည်။)

ပုံစံ (၄)-
Beနှင့်Haveကို ပေါင်းပေးထားခြင်းဖြစ်သည်။ “သောကြောင့်”ဟု ဘာသာပြန်သည်။
ဥပမာ-
Being so ill, he can’t go back to work yet.
အပြင်းဖျားသောကြောင့် သူ အလုပ်ပြန်မဆင်းနိုင်သေးပါ။
Having invited him here to speak, we’d better go to his lecture.
ဟောပြောရန် ဖိတ်ကြားထားသောကြောင့် သူ့ဟောပြောပွဲသို့ တို့သွားဖို့ ကောင်းတယ်။

On+Verb+ing (သောအခါ)
Verb+ingကို onနှင့် ပေါင်းစပ်လျှင် “သောအခါ”ဟု ဘာသာပြန်သည်။
ဥပမာ-
On arriving at Mandalay Air port, he was very happy.
မန္တလေးလေဆိပ်သို့ ရောက်သောအခါ သူအိပ်ပျော်သွားသည်။

In+verb+ing (စဉ်တွင်)
Verb+ingကို inနှင့် ပေါင်းစပ်လျှင် “စဉ်တွင်”ဟု ဘာသာပြန်သည်။
ဥပမာ-
In arriving at Air port, he was arrested.
လေဆိပ်ကို ရောက်စဉ်တွင် သူ အဖမ်းခံလိုက်ရသည်။
Onနှင့်in ပေါင်းစပ်ထားသော Verb+ingပုံစံများလည်း ကျွန်တော်တို့ မကြာခဏတွေ့ရတတ်၍ သတိထားသင့်ပါသည်။

Verb+ed/enစသည့်V+3ပုံစံများ
Verb+en/enပုံစံများသည် ingကဲ့သို့ ရောပြွမ်းဝါကျတွင် မကြာခဏ တွေ့ရမည်။
၎င်းကိုလည်း “သော” နှင့် “လျက်”ဖြင့် အနက်ဘာသာပြန်သည်။

ပုံစံ (၁)-
“သော”ဖြင့် ဘာသာပြန်ပုံ-
Verb+en/enရှေ့တွင် ၄င်း၏ ကံပုဒ်{O} ပါလျှင် “သော”ဖြင့် ဘာသာပြန်ပါ။ ၄င်းကို စတင် အနက်ကောက်ပါ။
ဥပမာ-
The system used in this school is very successful.
ဤကျောင်းမှာ သုံးသောစနစ်သည် အလွန်အောင်မြင်သည်။

ပုံစံ (၂)
“လျက်”ဖြင့် ဘာသာပြန်ပုံ-
ကတ္တား{S} တစ်ခုတည်းပါသည်။ သို့သော် {Clause}အပိုင်းတွင် ထိုကတ္တား{S} သည် ကံပုဒ် ဖြစ်နေသည်။ “လျက်”ဖြင့် ဘာသာပြန်သည်။Adverb Phrase အကျိုးဖြစ်သည်။
ဥပမာ-
Used as a text, this novel becomes popular.
ပြဋ္ဌာန်းစာအုပ်အဖြစ်သုံးလျက် ဤ၀တ္ထုစာအုပ်သည် လူကြိုက်များလာသည်။

မှတ်ချက်-
ဤ၀ါကျတွင် ၀တ္ထုသည် ပြဋ္ဌာန်းစာအုပ်အဖြစ်လည်း သုံးခြင်း ခံရသည်။ လူကြိုက်လည်း များလာသည်။ တစ်ပြိုင်တည် ဖြစ်နေသည်။
ဤနေရာ၌ {It}အသုံးပြုပုံကို အနည်းငယ်ဖော်ပြပါသည်-
Itကို များသောအားဖြင့် “ထိုဟာ”ဟု ဘာသာပြန်ကြပေသည်။ ထိုသို့ ဘာသာပြန်မရသော နေရာများလည်းရှိပါသည်။
Itကို နာမ်စား {Pronoun}အဖြစ် သုံးခြင်း-
“အဲဒါ၊ ထိုဟာ”ဟု ဘာသာပြန်သည်။

၁။ Itကို အရာဝတ္ထု၊ အရည်အချင်း၊ အဖြစ်အပျက်နေရာတို့ကို ကိုယ်စားပြုခြင်း။
That vase is valuable. It’s more than 200 years old.
ထိုပန်းအိုးသက်တမ်း နှစ် နှစ်ရာကျော်ပြီ၊ {အရာဝတ္ထု}
Loyalty must be earned. It can’t be bought.
သစ္စာရှိခြင်းဟာ တန်ဖိုးကြီးတယ်။ ထိုဟာကို ငွေဖြင့် ၀ယ်မရနိုင်။ {အရည်အချင်း}
Last night I ran out of petrol. It really taught me a lesson.
ညက ငါ ဓာတ်ဆီပြတ်သွားတယ်။ ထိုဟာက ငါ့ကို သင်ခန်းစာ ပေးတာပါ။ {အဖြစ်အပျက်}
You should visit Shan State. It’s not far from Mandalay.
ရှမ်းပြည်ကို သွားလည်သင့်တယ်။ ထိုဟာ မန္တလေးနဲ့ သိပ်မဝေးဘူး။ {နေရာ}

၂။ Itလူကို မည်သူမည်ဝါ သတ်မှတ်ပေးရန် သုံးသည်။
There is a knock at the door. Who is it? It’s the postman.
တံခါးခေါက်တယ်။ ထိုဟာ ဘယ်သူလဲ? အဲဒါ စာပို့သမား။

၃။ It ကို ကလေးတစ်ယောက်၊ ယောက်ျား၊ မိန်းမ ခွဲမသိသေးလျှင် သုံးသည်။
It is a lovely baby. Is it a boy or a girl?
သိပ်ချစ်စရာ ကလေးပဲ။ အဲဒါ ယောက်ျားလေးလား၊ မိန်းကလေးလား?

၎။ Itကို ကတ္တားမရှိ၍ အစားထိုးကတ္တား Subjectအဖြစ် သုံးသည်။
မည်သို့မျှ ဘာသာပြန်ရန်မလို။
ကတ္တားမရှိသော အခြေအနေများ-
time
weather
distance
environment
situation
it နှင့် since; says; takeတွဲသုံးသောအခါ
It is 4 o’clock. {time}
It is hot. It is raining. {weather}
It is 4 miles for my house to Shwe See Gon Pagoda. {distance}
It is noisy here. {environment}
It is three years since we last met.
It says here there was a big fight in Mandalay.
It takes 2 hours to get to Monywa.
It ကို Situation (အခြေအနေ အမျိုးမျိုးသုံးပုံ)
It is pleasant to stay here.
It is a shame that Town is not here.
It doesn’t matter when we arrive.
တို့ ဘယ်အချိန် ရောက်မယ်ဆိုတာ အရေးမကြိးဘူး။

မှတ်ချက်-
တခြားပုံစံများ ဘာသာပြန်ပုံ သိနိုင်လောက်၍ ချန်ထားခဲ့ပါသည်။
Itကို situationတွင် သုံးလျှင် it…who/that/to ပုံစံမျာကို သုံးသည်ကို သတိပြုပါ။
အထက်ပါ ဥပမာများတွင် itကို ကတ္တားနေရာတွင် သုံးထားသည်။ itကံပုဒ် Objectအဖြစ်လည်း သုံးသည်။
I found it difficult to concentrate this book.
ဒီစာအုပ်ကို အာရုံစိုက်ဖို့ ခက်တယ်။
I don’t like it when you shout at me.
မင်း ငါ့ကို ဟောက်တာ ငါ မကြိုက်ဘူး။

___မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories