Saturday, February 2, 2013

နားထောင်သည်


Listen - နားထောင်သည်။ အာရုံစိုက်သည်။
I didn’t hear the answer because I wasn’t listening when she read it out.(Adverb Clause of Reason)
သူမကအဖြေကိုဖတ်ပြနေသောအခါ ငါနားထောင်မနေသောကြောင့် ငါမကြားလိုက်ရဘူး။
Listen + to ---နားထောင်သည်။ အာရုံစိုက်သည်။
          San Htwe was lying on her bed, listening to music. (Present Participle Phrase [ ရင်း၊ လျှက်၊ ရင်းနဲ့၊ လျှက်နဲ့ - ဟုများသောအားဖြင့် ဘာသာပြန်)
သီချင်းနားထောင်ရင်းနှင့် စန်းထွေးစာအိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့သည်။
          You don’t listen towhat the teacher explained.(Noun Clause ကို Preposition Object နေရာမှာထားသုံးပုံ)
မင်းကဆရာရှင်းပြတာကိုမှ နားမထောင်ခဲ့တာကို။
Listen carefully - - ဂရုတစိုက်နားထောင်သည်။ သေချာစွာနားထောင်သည်။ သေသေချာချာနားထောင်သည်။
          All students were listening carefully while she telling them the story.(Adverb Clause of Time)
သူမပုံပြောပြနေစဉ်တွင် ကျောင်းသားအားလုံးဂရုတစိုက်နားထောင်နေကြတယ်။
Listen!   စကားပြောရာတွင် “နားထောင်” ဆိုသည်သဘောဖြင့် ပြောဆိုသောအခါတွင်သုံး။
Listen! I’ve just had a brilliant idea.
နားထောင်။ ခုလေးတင်ပဲ ငါ အိုင်ဒီယာကောင်းတစ်ခုရတယ်။
မှတ်ချက်။     I listen music.
I listen the radio. စသည်ဖြင့်မရေးရ။
I listen to music.
I listen to the radio. ဟုtoထည့်ပြီးရေးရသည်။
Pay attention - - နားထောင်သည်။ အာရုံစိုက်သည်။ ဂရုတစိုက်နားထောင်သည်။
          Please pay attention!  ကျေးဇူးပြုပြီးနားထောင်ပေးပါ။
Pay attention + to –နားထောင်သည်။ အာရုံစိုက်သည်။ ဂရုတစိုက်နားထောင်သည်။
          Ma Mra goes on talking, but they aren’t really paying attention to what she is saying.(Noun Clause ကို Preposition Object နေရာမှာထားသုံးပုံ)
မမြကစကားဆက်ပြောနေပေမယ့် သူမဘာတွေပြောနေတယ်ဆိုတာကိုသူတို့ကတကယ်အာရုံမစိုက်ကြဘူး။

Eavesdrop - - ခိုး၍နားထောင်သည်။ (တံခါး၊ နံရံစသည်တိုကိုအကာအကွယ်ပြုလျှက်)
          “How does John know that?”  “He must have been eavesdropping.”
အဲဒါကို ‘ဂျွန်’ ကဘယ်လိုပသိတာလဲ။ သူခိုးပြီးနားထောင်နေတာဖြစ်ရမယ်။
Eavesdrop + on  -- ခိုး၍နားထောင်သည်။ (တံခါး၊ နံရံစသည်တိုကိုအကာအကွယ်ပြုလျှက်)
          I used to sit in the tea-shop and eavesdrop on the conversation around me.
ကျွန်တော်ကလဘက်ရည်ဆိုင်တွင် ထိုင်ပြီး၊ အနီးအနားတဝိုက်ရှိ လူတွေရဲ့ပြောကြာဆိုကြတာတွေကိုနားထောင်လေ့ရှိခဲ့တယ်။
Listen in + on - - ခိုးနားထောင်သည်။ (ဖုန်းလိုင်းကို)
The police were listening in on their conversation.
သူတို့ပြောနေတဲ့ဖုန်းလိုင်းကိုရဲသားတွေခိုးနားထောင်နေခဲ့ကြတယ်။
          Teenagers like listening in on what the famous film stars are talking.(Noun Clause ကို Preposition Object နေရာမှာထားသုံးပုံ)
ဆယ်ကျော်သက်အရွယ်တွေဟာကျော်ကြားတဲ့ ရုပ်ရှင်မင်းသား/မီးတွေ ပြောနေကြတဲ့ ဖုန်းလိုင်းကိုခိုးပြီးနားထောင်ရတာကိုသဘောကျကြတယ်။

         

Sunday, January 6, 2013

Follow - နောက်ကလိုက်သည် - နှင့် ဆက်စပ်စကားလုံးများ

Follow - နောက်ကလိုက်သည်။

          Follow me and I’ll show you where the library is.(Noun Clauseကို Object နေရာမှာထားပုံ)
ငါ့နောက်ကလိုက်လေ။ စာကြည့်တိုက်ရှိတဲ့နေရာကိုငါပြမယ်။
          You drive ahead and I’ll follow.
မင်း ရှေ့ကမောင်းလေ။ ငါ နောက်ကနေလိုက်မယ်။

Follow sb (somebody) around - (သွားတဲ့နေရာတိုင်းကို) နောက်ကနေလိုက်ပါသည်။ 


          Journalists followed the couple around everywhere.
သတင်းထောက်တွေဟာစုံတွဲနောက်ကနေနေရာတိုင်းတိုင်းကိုလိုက်ခဲ့ကြတယ်။

Followed by sb (somebody) - လိုက်ပါလျက်။ ခြံရံလျက်။

          The woman entered the room, followed by three little children.(Past Participle Phrase [ ရင်း၊ လျှက်၊ ရင်းနဲ့၊ လျှက်နဲ့ - များသောများဖြင့် ဘာသာပြန်)
အမျိုသမီးကြီးတစ်ဦးဟာကလေးငယ်သုံးယောက် (သူမရဲ့နောက်မှ)လိုက်ပါလျက် အခန်းထဲကိုဝင်သွားခဲ့တယ်။
(အမျိုးသမီးတစ်ဦးဟာအခန်းထဲသို့ဝင်းသွားခဲ့တယ်။ သူမနှင့်အတူကလေးငယ်သုံးယောက်ကလည်းလိုက်ပါကြတယ် - ဟုဆိုလိုသည်။)
          The Buddha came to Dhannavadi (Dhanyawaddy) Kingdom in 123 M.E. (Maha Era), followed by Five Hundred Disciples and alighted on the top of Selagiri Hill situated on the east bank of Kachapanadi (Kaladan) River.
မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တပည့်သံဃာငါးရာခြံရဲလျက် ဓညဝတီရက္ခိုင်ပြည်ကြီးသို့  ကြွရောက်တော်မူခဲ့ပြီး၊ ကစ္ဆပနဒီ (ကုလားတန်)မြစ်၏ အရှေ့ဘက်၌တည်ရှိသောသေလာဂီရိကျောက်တော်တောင်ထိပ်၌ ဆင်းသက်ရပ်တန့်တော်မူခဲ့၏။

Follow sb out/ down/ across, etc.  (ဖြတ်၍/အထဲသို့) နောက်ကနေလိုက်ပါသည်။

          She didn’t notice that Jack had followed her into the kitchen. (Noun Clase – Object နေရာမှာသုံးထားပုံ)
သူမနောက်က  “ဂျက်” မီးဖိုးချောင်ထဲသို့ လိုက်လာတာကိုသူမသတိမထားမိခဲ့ဘူး။
          I didn’t notice that a tiger had followed me across the river.
မြစ်ကိုဖြတ်ပြီးကျားတစ်ကောင် ငါ့နောက်သို့ လိုက်လာတာကိုငါသတိမထားမိခဲ့ဘူး။

Run after sb/ go after sb - နောက်ကပြေးလိုက်သည်။ နောက်ကနေအဆော့တလျင်လိုက်သည်။

          A group of little girls ran after him to ask for his autograph.
ကောင်မလေးတစ်စုကသူ့ကိုလက်မှတ်ထိုးခိုင်းဖို့ သူ့ရဲနောက်ကိုလိုက်ခဲ့ကြတယ်။
Yesterday beggars were going after her to beg some money.
မနေ့ကသူတောင်းစားတွေဟာသူမရဲ့နောက်ကငွေတောင်းဖို့လိုက်နေခဲ့ကြတယ်။

Chase - လိုက်သည်။ (ဖမ်းဆီးရန်အတွက်။)

          Chase sb across/ up/ down, etc. (ဖြတ်၍/ ဆင်း၍/ တက်၍) လိုက်သည်။  (ဖမ်းဆီးရန်အတွက်။)
          The farmer chased the children across the field.
လယ်သမားဟာလယ်ကွင်းကိုဖြတ်ပြီးကလေးတွေကိုဖမ်းဖို့လိုက်သည်။

Chase after - နောက်မှလိုက်သည်။ (ဖမ်းဆီးရန်အတွက်။)

          Two men chased after the robbers, but they managed to escape.
လူနှစ်ယောက်ဟာဓားပြများနောက်ကနေပြီးဖမ်းဆီးဖို့လိုက်ခဲ့ကြတယ်။ ဒါပေမယ့်  သူတို့လွတ်မြောက် ခဲ့ကြတယ်။

Pursue - နောက်ကနေခြေရာခံလိုက်သည်။ (ဖမ်းဆီးရန်အတွက်) [ အထူးသဖြင့် သတင်းနှင့်ဝတ္ထုတို့တွင် သုံးသည်။] (Formal)

          Police pursued the gunman into an abandoned building.
ရဲသားများဟာသေနတ်သမားနောက်ကနေပြီးလူသူမနေတဲ့ အဆောက်အဦးထဲသို့ ခြေရာခံပြီးလိုက်သွားခဲ့တယ်။

Tail - နောက်ကနေတိတ်တဆိတ်လိုက်သည်။ (လူတစ်ဦးတစ်ယောက် ဘယ်ကိုသွားပြီးဘာတွေလုပ်နေတယ်ဆိုတာကိုသိရန်အတွက် (Informal)

          Do you think that police car is tailing us?(Noun Clase – Object နေရာမှာသုံးထားပုံ)
ရဲသားတွေရဲ့ကားကငတို့နောက်ကိုလိုက်နေတယ်လို့ မင်းထင်လား။


_____အကောင်ချေ (ကျောက်ရိုး)
Ref: Longman Essential Activator 
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories