Saturday, October 10, 2015

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

ဒီနေ့မှာတော့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ အကြောင်းကိုလေ့ကြရအောင်နော်။ ဒီအကြောင်းကိုမလေ့လာမီ အင်္ဂလိပ်စာကိုစတင်လေ့လာသူများအနေဖြင့် Prepositions - ဝိဘတ်များကို ဤနေရာတွင်လေ့လာပါ။ အသုံးများသော Preposition (ဝိဘတ်) တို့အသုံးပြုပုံ အသုံးပြုနည်းကိုတော့ ဤနေရာတွင် ဆောင်ပုဒ်များဖြင့်ဖော်ပြဖူးပြီးဖြစ်ပါတယ်။

Prepositional Phrases - ဝိဘတ်တွဲစကားစုများသင်္ခန်းစာကို First Steps in Academic Writing စာအုပ်ကနေ ထုတ်နှုတ်၍တင်ပြပေးသွားပါမယ်။ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ ဘာကိုဆိုတာလဲ။ ဘယ်လိုတည်ဆောက်ထားသလဲ။ အလွယ်ဆုံး အရှင်းဆုံးပြောရရင်တော့ Prepositional Phrases - ဝိဘတ်တွဲစကားစု ဆိုတာ  at, in, from စတဲ့ Preposition (ဝိတ်ဘတ်) တစ်ခုကို Noun -နာမ်ပုဒ်တစ်ခုနှင့်တွဲလျက်ရေးသားခြင်းကို ဆိုလိုသည်ဟု သာမန်အားဖြင့်မှတ်သားထားပါ။ ဥပမာ - in the class, in the house, at six o'clock အစရှိသည်ဖြင့်ပေါ့နော်။

Prepositional Phrases - ဝိဘတ်တွဲစကားစု (၄) မျိုး

Prepositional Phrases - ဝိဘတ်တွဲစကားစုကိုခွဲခြားလိုက်တဲ့အခါ အုပ်စု ၄ မျိုးထွက်လာတယ်။
၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ where (ဘယ်မှာလဲ) ဖြင့်မေးမြန်းသော မေးခွန်းတို့ဖြေဆိုရန်အတွက်။
၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ when (ဘယ်အချိန်) ဖြင့်မေးမြန်းသော မေးခွန်းတို့ကိုဖြေဆိုရန်အတွက်။
၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the name) of my boss-သူဌေးအမည် အစရှိသည်။
၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ။ (the woman) with red hair - ဆံပင်အနီရောင်နဲ့ မိန်းမကြီး။ (the student) from Arakan - ရခိုင်ပြည်က ကျောင်းသား အစရှိသည်ဖြင့်။

၁။ ။ နေရာပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

on the desk - စာပွဲခုံပေါ်တွင်
next to the window - ပြတင်းပေါက်နှင့်ကပ်လျက်
under the bed - အိပ်ရာအောက်တွင်
in front of the house - အိမ်ရှေ့တွင်
opposite to the door - မျက်နှာချင်းဆိုင်
in the closet - ဗီရိုထဲတွင်
in the middle of the room - အခန်းအလယ်တွင်
in/ into  the distance - အဝေးကြီးမှာ။ အဝေးကြီးသို့

Where is my book? ငါ့ စာအုပ်ဘယ်မှာလဲ
It is on the desk. စာပွဲခုံထက်မှာလေ။

Where is the table? စားပွဲဘယ်မှာလဲ။
It is next to the window. ပြတင်းနှင့်ကပ်လျက်ပဲ။

Where is your house? ခင်ဗျားအိမ်က ဘယ်မှာလဲ။
My house is opposite to the Kyaukphru Post Office.  ကျောက်ဖြူစာတိုက်နှင့်မျက်နှာချင်းပဲလေ။


၂။ ။ အချိန်ပြတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

at last - နောက်ဆုံးတွင်။ နောက်ဆုံးမှာတော့
after that - ထိုနောက်
after class - သင်တန်းပြီးနောက်
on New's Year Day - နှစ်သစ်ကူးနေ့မှာ
before the test - စာမေးပွဲမတိုင်ခင်
upon arrival - ဆိုက်ရောက်တဲ့အခါ ။ ဆိုက်ရောက်လုနီးပါး
in the morning - မနက်ခင်းမှာ
at midnight - ညဥ့်သန်ခေါင်ယံအချိန်တွင်

When will we go shopping? ဘယ်တော့ ရှော့ပင်းထွက်ကြမလဲ။
We will go shopping after class. သင်တန်းပြီးရင် သွားကြမယ်လေ။

When will you do your homework taught in the class?
အတန်းထဲမှာသင်တဲ့ အိမ်စာကို ဘယ်တော့လုပ်မလဲ။
I will do my homework taught in the class in the morning.
မနက်ကျရင် လုပ်မှာပေါ့။

၃။ ။ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the father) of the bride - သူတိုးသမီးအဖေရဲ့အမည်
(the name) of my boss  - ကျွန်တော်တို့သူဌေးရဲ့ အမည်
(the colors) of the rainbow - သက်တံရောင်များ
(the president) of the company  - ကုမ္ပဏီလူကြီး

The father of the bride is my closed friend.
သူတိုးသမီးအဖေဟာ ကျွန်တော်ရဲ့ အခင်ဆုံးမိတ်ဆွေပဲ။

The name of my boss is Mr. John.
ကျွန်တော်ရဲ့ သူဌေးအမည်စာ မစ္စတာဂျွန်ဖြစ်တယ်။

The colors of the rainbow are so amazing.
သက်တံရောင်တွေ အံ့အားသင့်စရာကောင်းတယ်။

၎။ ။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းကို ဖော်ပြတဲ့ ပိုင်ဆိုင်မှုပြဆိုတဲ့ Prepositional Phrases - ဝိဘတ်တွဲစကားစုများ

(the woman) with red hair
(the student) from Ecuador
(the man) in the blue shirt
(the car) with the flat tire

The woman with red hair is coming toward us.
ဆံပင်အနီရောင်နဲ့ အမျိုးသမီးကြီး ငါတို့ဆီသို့ဦးတည်လာနေတယ်ကွ။

I met the student from Kyaukphru.
ကျောက်ဖြူက ကျောင်းသားကို ငါတွေ့ခဲ့တယ်။

The student from Ramree is very good at English.
ရမ်းဗြဲက ကျောင်းသားဟာ အင်္ဂလိပ်စာတော်တယ်။

The man in the blue shirt looks like a spy.
အပြာရောင်ရှပ်အကျီဝတ်ထားတဲ့လူဟာ သူလျို့ဖြစ်ပုံရတယ်။

Ref: First Steps in Academic Writing, P. 113

အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Friday, October 9, 2015

If I were you, I would (I'd)........ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်....

If I were you, I would (I'd)........ ကျွန်တော်သာ  ခင်ဗျားနေရာမှာဆိုရင်.... ဒီအသုံးအနှုံးကို နှိုင်းယှဉ်ပြောဆိုတဲ့အခါသုံးတယ်။ ငါသာ မင်းနေရာမှာဆိုရင်.....၊ ငါသာ မင်းဖြစ်ဆိုရင်တော့....၊ စသည်ဖြင့် လူတစ်ဦးတစ်ယောက် လုပ်ကိုင်ပုံပြောဆိုပုံ စသည်တို့ကို အားမလို အားမရဖြစ်တဲ့အခါ ရေးသား ပြောဆိုရတယ်။

If I were you, ဝါကျတွင် အင်္ဂလိပ်သဒ္ဒါစည်းကမ်းအရ I ကို အတိတ်ကာလ (Past Tense) အတွက် Verb to be (am, is, are, was, were) was နှင့်တွဲပြီး I was ဖြင့်တွဲသုံးရသော်လည်း ဒီ Pattern မှာတော့ was အစား were ကိုပဲသုံးရပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်နိုင်တာကို တွေးတော့လို့ပါပဲ။ ဒါကြောင့် - ငါ သာမင်းဖြစ်(ခဲ့)ရင် If I were you, ငါသာ သူမနေရာမှာဆိုရင် If I were her, စသည်ဖြင့် Subject က နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အမြဲတမ်း were နှင့်သာတွဲ၍ ရေးသားပြောဆိုရပါသည်။ ကိုင်! ဥပမာ ဝါကျလေးတွေကို လေ့လာကြည့်ကြရအောင်။

If I were you, I'd refuse what she asked help from you.
ကျွန်တော်သာ မင်းနေရာမှာဆိုရင် ခင်ဗျားဆီက သူမအကူအညီတောင်တာကို ငြင်းပယ်လိုက်မယ်။

If I were you, I'd elope with him last year.
ငါသာ နင့်နေရာမှာဆိုရင်တော့ လွန်ခဲ့နှစ်က သူနှင့်အတူ ခိုးရာလိုက်ပြေးသွားမှာ။

If I were her, I wouldn't date him.
ငါသာ သူမနေရာမှာဆိုရင် သူနဲ့ချိန်းတွေ့မှာမဟုတ်ဘူး။

If I were him, I'd listen to what his parents.
ကျွန်တော်သာ သူ့နေရာမှာဆို သူ့မိဘတွေပြောပြတာကို နားထောင်လိုက်မယ်။

I wouldn't speak Japanese if I were you.
ငါသာ မင်းဆိုရင်တော့ကွာ ဂျပန်စကားပြောမှာမဟုတ်ဘူး။

I'd study English if I were you.
ကျွန်တော်သာ မင်းနေရာမှာဆို အင်္ဂလိပ်စာလေ့လာမှာ။

အထူးမှတ်ချက်။  ။ If နှင့်စသည့် ဝါကျကို ဝါကအစတွင်ထားရေးသောအခါ comma (,) ထည့်ပေးရတာကို သတိထားပါ။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/

Wednesday, October 7, 2015

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များ (၁)

IDIOM for Today - ယနေ့အတွက် အီဒီယမ် (ဗန်းစကား)များအစီအစဉ်အတွက် ဒီနေ့တင်ပြပေးမယ့် စကားလုံးက out of the blue ဆိုတဲ့အသုံးအနှုန်းပဲဖြစ်တယ်။ တစ်လုံးချင်းအဓိပ္ပါယ်ကတော့ out အပြင်မှာ၊ of ၏၊ blue အပြာရောင်။ ဒီတော့ သာမာအဓိပ္ပါယ်ကောက်ကြည့်မယ်ဆိုရင် 'အပြာရောင်အောက်တွင်' ဟု ယေဘုယျမှတ်ယူနိုင်တယ်။ သို့သော် အီဒီယမ်ဆိုတဲ့ ဗန်းစကားက 'လတ်တလော ဖြစ်ပျက်တာတွေ၊ မမျှော်လင့်ပဲ ဖြစ်ပျက်တာတွေ' စတာတွေကိုဆိုလိုခြင်းဖြစ်တယ်။ out of the blue အစား out of a clear blue sky ကိုလည်း သုံးနိုင်တယ်။ အဓိပ္ပါယ်ကအတူတူပဲဖြစ်တယ်။ အောက်မှာပေးထားတဲ့ ဥပမာလေးတွေကို လေ့လာကြည့်ကြရအောင်။

out of the blue / out of a clear blue sky  - ကြိုင်တင်မမြင်နိုင်ခြင်း၊ မျှောင်လင့်မထားဘဲ

Criticism came out of the blue.
ဝေဖန်မှုက ရုတ်တစ်ရက်ပေါ်ထွက်လာတယ်။

A long-unseen friend appeared out of the blue.
မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့သူငယ်ချစ်တစ်ယောက်ဟာ ရုတ်တစ်ရက်ပေါက်ချ (ပေါ်)လာတယ်။

out of the blue/ out of a clear blue sky - လုံးဝမမျှော်လင့်ဘဲ။ ဗြုန်းစားကြီး။ ဆိုင်းမဆင့် ဗုံမဆင့်။

Then one day, completely out of the blue, I had a letter from her.
ထို့နောက် တစ်နေ့မှာတော့ လုံးဝမျှော်လင့်မထားဘဲ သူမဆီက စာတစ်စောင်ကို ရလိုက်တယ်။

The invasion came out of a clear blue sky.
တိုက်ခိုက်မှုက ဗြုန်းခနဲ ပေါ်လာခဲ့တယ်။

I was so surprised because I met her out of a clear blue sky.
သူမကို မမျှော်လင့်ပဲတွေ့လိုက်ရလို့ ကျွန်တော်အရမ်းအံ့အားသင့်ခဲ့ရတယ်။

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲနော်။ အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။ ပြောစရာရှိက CBox မှာပဲဖြစ်ဖြစ်၊ Comment ပေးလို့ပဲဖြစ်ဖြစ် ပေးထားခဲ့ပါနော်။


Ref: idioms.thefreedictionary
________00______
အားလုံးကိုကျေးဇူးတင်ပါတယ်။
 ____အကောင်ချေ (ကျောက်ရိုး)
 http://kyaukroevillage.blogspot.com/
ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories