Sunday, April 3, 2011

ရခိုင်သဇင်မြေ

ရခိုင်ဒေသ၊ ကျော်ကြားလှသည့်
ရိုးမတံတိုင်း၊ အပြိုင်းပြိုင်းနှင့်
ရှုတိုင်းသာယာ၊ ရေဇလာသည်
ဖြူပြာလှိုင်းကြွ၊ တဖြဖြ ။
*
ရခိုင်ဒေသ၊ ရှုတိုင်းလှသည့်
မြစ်မလေးသွယ်၊ မြစ်ငယ်ပေါင်းဆက်
တိုးတက်ဖြိုးစည်၊ ကျွန်းပတ်လည်၌
ဖြစ်တည်ဝေဖြော၊ မြလယ်ယာတို့ 
ပြည်ရွာနှံ့ ထွေ ဘဏ္ဍာငွေ ။
*
ရခိုင်ဒေသ၊ သာယာလှသည့်
စိမ်းမြမြသွင်၊ သန့် စင်ကြည်လွန်း
လခြမ်းထင်ပေါ်၊ ပင်လယ်အော်သည်
ဖော်ကျူးသာစွ၊ ဂုဏ်ပြည့်ဝ ။
*
ရခိုင်ဒေသ၊ ဖော်ရွေကြသည့်
ရွှင်ပျဆီးကြို၊ သဒ္စါပို၍
ရွှေအိုဘုရား၊ စေတီများနှင့်
ထူးခြားဆန်းကြယ်၊ အံ့ဖွယ်တည်ရာ
သာသနာမြတ်၊ ထွန်းတောက်လတ်သည့်
ရှေးခေတ်သက်သေ သဇင်မြေ.....။။။
*
ထက်အောင်လင်း

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories