Wednesday, November 16, 2011

နန်းထိုက်တဲ့ပန်း

နန်းထိုက်တဲ့ပန်း
....................

မသေချာတဲ့ ခရီးလမ်းမှာ
ဇဝေဇဝါနှင့်တွေ့ခွင့်ရပြီး
ရိုးသားဖြူစင်စွာနှင့်ပဲ
ခင်မင်ခဲ့ရသူ...။

ကြီးကျယ်လှပ တောက်ပြောင်လှပြီး
လှည်းကိုင်းလေးလို ညွတ်နေတဲ့
မျက်ခုံးလေးနှင့် အလှချယ်ထားတဲ့
မျက်ဝန်းတစ်စုံနှင့်
ရိုးသားဖြူစင် ပွင့်လင်းဝေတဲ့
နှလုံးသားတစ်လွှာကို ပိုင်ဆိုင်ထားသူ...။

သင်းပျံ့နေတဲ့ ပန်းတစ်ပွင့်လို
အလှတရားတွေ ဝေဝေဆာပြီး
ပန်းတို့အလယ်မှာ ထည်ဝါစွာနှင့်
မြင်သူတကာ ငေးမောစေလောက်တဲ့သူ...။

သင်းကြိုင်းမွှေးပြီး ယဉ်ယဉ်လေးနှင့်
နန်းထိုက်တော်ဝင် ပန်းသဇင်လို
သူ့ရူပါက အလှပို...။

လှိုင်လှိုင်မွှေးကြူး နှင်းဆီဖူးလို
နီးမြန်းနေတဲ့ နှုတ်ခမ်းလွှာတစ်စုံ
လှပဖြူဖွေး ပုလဲဥလေးလို
ရှုမငြီးစေတဲ့ သွားကလေးတွေ
ဒါဟာ....
တကယ်လှပတဲ့ သဘာဝတရာတွေပဲဆိုတာ
ဘယ်သူမှ ငြင်းလို့မရဘူးလေ...။
.................

ကောင်ချေ (ကျောက်ရိုး)
၂၀-၀၅-၂၀၁၁

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories