Saturday, February 2, 2013

နားထောင်သည်


Listen - နားထောင်သည်။ အာရုံစိုက်သည်။
I didn’t hear the answer because I wasn’t listening when she read it out.(Adverb Clause of Reason)
သူမကအဖြေကိုဖတ်ပြနေသောအခါ ငါနားထောင်မနေသောကြောင့် ငါမကြားလိုက်ရဘူး။
Listen + to ---နားထောင်သည်။ အာရုံစိုက်သည်။
          San Htwe was lying on her bed, listening to music. (Present Participle Phrase [ ရင်း၊ လျှက်၊ ရင်းနဲ့၊ လျှက်နဲ့ - ဟုများသောအားဖြင့် ဘာသာပြန်)
သီချင်းနားထောင်ရင်းနှင့် စန်းထွေးစာအိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့သည်။
          You don’t listen towhat the teacher explained.(Noun Clause ကို Preposition Object နေရာမှာထားသုံးပုံ)
မင်းကဆရာရှင်းပြတာကိုမှ နားမထောင်ခဲ့တာကို။
Listen carefully - - ဂရုတစိုက်နားထောင်သည်။ သေချာစွာနားထောင်သည်။ သေသေချာချာနားထောင်သည်။
          All students were listening carefully while she telling them the story.(Adverb Clause of Time)
သူမပုံပြောပြနေစဉ်တွင် ကျောင်းသားအားလုံးဂရုတစိုက်နားထောင်နေကြတယ်။
Listen!   စကားပြောရာတွင် “နားထောင်” ဆိုသည်သဘောဖြင့် ပြောဆိုသောအခါတွင်သုံး။
Listen! I’ve just had a brilliant idea.
နားထောင်။ ခုလေးတင်ပဲ ငါ အိုင်ဒီယာကောင်းတစ်ခုရတယ်။
မှတ်ချက်။     I listen music.
I listen the radio. စသည်ဖြင့်မရေးရ။
I listen to music.
I listen to the radio. ဟုtoထည့်ပြီးရေးရသည်။
Pay attention - - နားထောင်သည်။ အာရုံစိုက်သည်။ ဂရုတစိုက်နားထောင်သည်။
          Please pay attention!  ကျေးဇူးပြုပြီးနားထောင်ပေးပါ။
Pay attention + to –နားထောင်သည်။ အာရုံစိုက်သည်။ ဂရုတစိုက်နားထောင်သည်။
          Ma Mra goes on talking, but they aren’t really paying attention to what she is saying.(Noun Clause ကို Preposition Object နေရာမှာထားသုံးပုံ)
မမြကစကားဆက်ပြောနေပေမယ့် သူမဘာတွေပြောနေတယ်ဆိုတာကိုသူတို့ကတကယ်အာရုံမစိုက်ကြဘူး။

Eavesdrop - - ခိုး၍နားထောင်သည်။ (တံခါး၊ နံရံစသည်တိုကိုအကာအကွယ်ပြုလျှက်)
          “How does John know that?”  “He must have been eavesdropping.”
အဲဒါကို ‘ဂျွန်’ ကဘယ်လိုပသိတာလဲ။ သူခိုးပြီးနားထောင်နေတာဖြစ်ရမယ်။
Eavesdrop + on  -- ခိုး၍နားထောင်သည်။ (တံခါး၊ နံရံစသည်တိုကိုအကာအကွယ်ပြုလျှက်)
          I used to sit in the tea-shop and eavesdrop on the conversation around me.
ကျွန်တော်ကလဘက်ရည်ဆိုင်တွင် ထိုင်ပြီး၊ အနီးအနားတဝိုက်ရှိ လူတွေရဲ့ပြောကြာဆိုကြတာတွေကိုနားထောင်လေ့ရှိခဲ့တယ်။
Listen in + on - - ခိုးနားထောင်သည်။ (ဖုန်းလိုင်းကို)
The police were listening in on their conversation.
သူတို့ပြောနေတဲ့ဖုန်းလိုင်းကိုရဲသားတွေခိုးနားထောင်နေခဲ့ကြတယ်။
          Teenagers like listening in on what the famous film stars are talking.(Noun Clause ကို Preposition Object နေရာမှာထားသုံးပုံ)
ဆယ်ကျော်သက်အရွယ်တွေဟာကျော်ကြားတဲ့ ရုပ်ရှင်မင်းသား/မီးတွေ ပြောနေကြတဲ့ ဖုန်းလိုင်းကိုခိုးပြီးနားထောင်ရတာကိုသဘောကျကြတယ်။

         

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories