Saturday, February 14, 2015

Love and Relationships စကားလုံးအသုံးအနှုန်းများ

Vocabulary : Love and Relationships

လူတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်၊ သဘောကျ၊ ချစ်ကြိုက် နှစ်သက်နေပြီဆိုရင်
To have a crush on someone  နဲ့ To have got a crush on someone - (ချစ်ကြိုက်နေသည်။ စိတ်ဝင်စားနေသည်။) ဒါပေမယ့် ထာဝရချစ်ခင် နှစ်သက်နေတာ မဟုတ်ပဲ
ခဏတဖြုတ်ချစ်တာ ကိုဆိုလိုသည်။

Last month she had a crush on Htwan Mrat Wai, but this month she has a huge crush on Htwan Kyaw.
လွန်ခဲ့တဲ့လက သူမဟာထွန်းမြတ်ဝေကိုချစ်နေခဲ့ပေမဲ့ ဒီလမှာတော့ ထွန်းကျော်ကို တော်တော်လေးချစ်နေတယ်။

တစ်ဦးတစ်ယောက်ကို စတင်ချစ်မိနေပြီဆိုရင်တော့ To fall for someone - (စတင်ချစ်မိနေပြီ။) ဖြင့်ရေး/ပြောနိုင်တယ်။
I think I'm falling for San San Htwe. I can't stop thinking about her.
ကျွန်တော်ဟာ စန်းစန်းထွေးကို ချစ်မိနေပြီလို့ထင်တယ်။ သူမအကြောင်းကို မတွေးပဲကို မနေနိုင်တော့ဘူး။

တစ်စုံတစ်ဦးနှင့် စကားအချေအတင်ဖြစ်ပြီးနောက် တစ်ဖန်ပြည်လည်၍ ရင်းနှီးလာသောအခါ To make up (ချစ်ကြည်ရေး/ နားလည်မှု/ ရင်းနီးမှုပြန်လည်ရလာသည်) စကားလုံး
ဖြင့်ရေး/ပြောပါ။

We had a huge  fight yesterday, but we made up today.
မနေ့က ကျွန်တော်တို့ တော်တော်လည်းစကားဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့တော့ ပြေလည်သွားပါပြီ။ (ဒီနေတော့ ပြန်လည် အဆင်ပြေသွားကြပါပြီ။)

လူတစ်ဦးတစ်ယောက်နှင့် ပထမဆုံးအကြိမ်တွေ့တာနဲ့ပဲ ပလဲသင့်ပနံတင့် /အဆင်ပြေသွားကြသောအခါ To hit it off (အဆင်ပြေသွားကြ/ ပလဲသင့်ပနံတင့်ဖြစ်သွားကြသည်)
San San Htwe and Kyaw Mrat Htwan hit it off on their first date.
စန်းစန်းထွေးနဲ့ ကျော်မြတ်ထွန်းတို့ဟာ ပထမဆုံးအကြိမ်ချိန်းတွေ့ကြရင်းနဲ့ပဲ အဆင်ပြေသွားကြတယ်။

သမီးရည်းစားကြားတွင် ချစ်သူအဖြစ်ဆက်ဆံရေး ပျက်သုဉ်းသွားသောအခါ / လမ်းခွဲလိုက်ကြသောအခါ /ပြတ်စဲသွားသောအခါတွင်) To break up (ပြတ်စဲသွားသည်) ဖြင့်
ရေး/ပြောပါ။

They broke up last week, but they are trying to remain friends.
သူတို့ဟာ လွန်ခဲ့တဲ့အပတ်က လမ်းခွဲလိုက်ကြပြီ။ ဒါပေမဲ့လည်း သာမန်သူငယ်ချင်းအဖြစ် ဆက်လက်ထားရှိဖို့ကြိုးစားနေကြပါတယ်။

 ___ အကောင်ချေ (ကျောက်ရိုး)
Ref: American English at State

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories