Monday, September 1, 2014

English Grammar in brief အခန်း{၂}

English Grammar in brief

အခန်း{၂}


Phrases
Phraseသည် မြန်မာလိုစကားစုသာ ဖြစ်ပါသည်။ Phrase {၃}မျိုးရှိပါသည်။
Noun Phrase
Adjective Phrase
Adverb Phrase
Noun Phrase


Noun Phraseသည် ၀ါကျ၏ ကတ္တား {S} နေရာတွင် (သည်)၊ {O}နေရာတွင် (ကို)၊ ဆိုတာကို {C}နေရာတွင် (သည်)တို့ဖြင့် အနက်ကောက်နိုင်သည်။
{S}နေရာတွင် ရှိသော N Phrase
ဥပမာ-
{a} The girl=
{b} The pretty girl=
{c} The pretty girl in the corner=
{d} The pretty girl who is standing in the corner= is my sister.
အထက်ပါဝါကျများတွင် {S}နေရာတွင်ရှိနေသော စကားစုများသည် Noun Phraseဖြစ်ပါသည်။ ယင်းတို့ကို (သည်)နှင့် အနက်ကောက်ပါသည်။
{a} မိန်းကလေးသည်=
{b} လှပသော မိန်းကလေးသည်=
{c} အခန်းထောင့်တွင်ရှိသော လှပသော မိန်းကလေးသည်=
{d} အခန်းထောင့်တွင် မတ်တပ်ရပ်နေသော လှပသော မိန်းကလေးသည်=ကျွန်ုပ်၏ ညီမဖြစ်သည်။

Noun Phraseထဲတွင် pretty{adj}, in the corner {propositional Phrase တစ်နည်းအားဖြင့် adj {သို့} Adv Phrase} who is standing {adj Clause}တို့ ရောနှောပါဝင်သည်ကို သတိထားမိပါလိမ့်မည်။
Who, what, how, whether စသည့် wh စကားလုံးများဖြင့်ရှိနေသော Noun Phrase…
I don’t know who to go to for advice.
အကြံဉာဏ်ရဖို့ ဘယ်သူ့ဆီ သွားရမည်ဆိုတာကို ငါမသိ။
ဤ၀ါကျတွင် who to go to for adviceသည် ကံလိုသော ကြိယာ Know၏ ကံပုဒ် {O}ဖြစ်သည်။ ကံပုဒ်နေရာတွင် Nounသာ ရှိနိုင်သည်။ ထိုစကားစုသည် Nounအလုပ်ကို လုပ်သဖြင့် Noun Phrase ဖြစ်သည်။
She couldn’t think what to do next.
နောက် ဘာဆက်လုပ်ရမည်ကို သူ မစဉ်းစားနိုင်ပါ။
I will ask how to get there.
ထိုနေရာကို ဘယ်လိုရောက်နိုင်မည်ဆိုတာကို ငါမေးရမည်။
Phraseပါသော ၀ါကျတွင် Phraseက စ၍ အနက်ကောက်ရသည်ကို သတိထားစေလိုပါသည်။
အလားတူ ဥပမာများ-
Have you decided where to go for you holiday?
You must learn when to give advice and when to be silent.
မှတ်ချက်။ Phrase {၂}ခု၊ {၃}ခု ပါလာလျှင် နောက်ဆုံး Phraseက စ၍ အနက်ကောက်ပါ။
Do you know how to do it?
She didn’t know whether to laugh or to cry.
How can you tell which button to press?
အထက်ပါ ဥပမာများတွင် Noun Phraseသည် ကံပုဒ် {O} သို့မဟုတ် အဖြည့်ခံ {C}နေရာတွင် ရှိနေကြသည်ကို တွေ့ပါလိမ့်မည်။ ယင်းတို့သည် ကတ္တား {S}နေရာတွင်လည်း ရှိနိုင်သည်။
How to do it is my problem.
အဲဒါကို ဘယ်လိုလုပ်ရမည်ဆိုသည် ငါ့ပြဿနာပါ။

Adjective Phrase
Noun၏ နောက်တွင် အမြဲနေသည် အဖြည့်ပုဒ် {C}နေရာတွင် ရှိတတ်သည်။ Prepositionနှင့် Noun ပေါင်းစပ်ထားသော စကားစု ဖြစ်သည်။ adjective (နာမ၀ိသေသန)ကဲ့သို့ အလုပ်လုပ်သည် (သော)ဖြင့် အနက်ကောက်ပါသည်။
ဥပမာ-
A boy in a white shirt is my brother.
အဖြူရောင် ရှပ်ဝတ်ထားသော ကောင်လေးသည် ကျွန်တော့်ညီ ဖြစ်သည်။
ကြိယာ {V}တစ်လုံးတည်းပါသော Simple Sentence တွင် Phraseပါလာလျှင် Phraseက စ၍ အနက်ကောက်သည်။
The girl with black hair in the shop is a student.
ဆိုင်ထဲ၌ရှိသော ဆံပင်အနက်ရှိသော မိန်းကလေးသည် ကျောင်းသူ ဖြစ်သည်။
With black နှင့် hair in the shop စကားစုသည် ရှေ့က the girl {n}ကို အထူးပြုသွားသဖြင့် Adj Phraseများ ဖြစ်သည်။
မှတ်ချက်-
Adj Phraseသည် {C}အဖြည့်ပုဒ်နေရာတွင် ရှိလျှင် သည်/ဖြစ်သည်ဟု အနက်ကောက်သည်။ ကတ္တား{S}က စ၍ အနက်ကောက်သည်။
ဥပမာများ-
She is in good health.
သူ နေကောင်းသည်။ (နေကောင်းသော{adj}+ဖြစ်သည်{be})
Your memory is at fault.
ခင်ဗျား မှတ်မိတာ မှားနေသည်။
At last he was at liberty.
နောက်ဆုံးမှာ သူ လွတ်မြောက်သွားသည်။
We are not yet out of danger.
ငါတို့ အန္တရာယ် မကင်သေးဘူး။ (ဖြစ်သည်)

Adverb Phrase
ကြိယာ{V}၏ အရှေ့နှင့်အနောက် ၀ါကျ Sentence ၏ အရှေ့ဆုံးနှင့် အနောက်ဆုံးနေရာ၊ နာမ၀ိသေသန Adj၏ အနောက် နေရာတို့တွင် ရှိနိုင်သည်။ ကြိယာဝိသေသန Advအလုပ်ကို လုပ်သည်။ Adv Phrase သည် အမျိုးမျိုးရှိနေသဖြင့် ယင်း၏ ဆောင်ရွက်ပုံကိုကြည့်၍ အနက်ကောက်ရမည်။
ပုံသဏ္ဍာန်မှာ Preposition နှင့် Nounပေါင်းစပ်သော ပုံစံနှင့် Prepositionနှင့် Verbပေါင်းစပ်ပုံတို့ ရှိနေသည်။
Adverb Phrase အမျိုးအစားများ-
Direction လားရာပြပုဒ်စု {D}
Manner အမူအရာပြပုဒ်စု {M}
Place နေရာပြပုဒ် {P}
Time အချိန်ပြပုဒ်စု {T}
Reason or Purpose အကြောင်းပြချက် (သို့) ရည်ရွယ်ချက်ပြပုဒ်စု {R or P} ဟူ၍ အမျိုးအစား {၅}မျိုး ရှိနေသည်။
ဥပမာ-
He went up to the counter. {D}
ကောင်တာဆီသို့ သွားခဲ့သည်။
They play in happiness. {M}
ပျော်ရွှင်စွာ သူတို့ ကစားကြသည်။
It is warm in the house. {P}
အိမ်ထဲမှာ နွေးသည်။
He gets up at six 6 o’clock. {T}
၆နာရီမှာ သူ အိပ်ရာထသည်။
He lives to work. {R or P}
အလုပ်လုပ်ဖို့/ရန် သူ အသက်ရှင်နေသည်။
Simple Sentence တွင် Adv Phrase က စတင် အနက်ကောက်ကြောင်း သတိထားပါ။ Adv Phraseတစ်ခုတည်းသာမက (၃)ခု၊ (၄)ခု တန်းစီရှိနိုင်ပါသည်။ နောက်ဆုံး Adv Phraseမှ စ၍ အနက်ကောက်သွားပါ။
ဥပမာ-
He goes to school{D} on foot {M} in Sanchaung {P} in the morning {T} to study his lessons {R or P}.
သူ၏ သင်ခန်းစာများကို လေ့လာရန် နံနက်တွင် စမ်းချေင်းမြို့နယ်မှ ခြေကျင် ကျောင်းသို့သွားသည်။
မှတ်ချက်-
၁၊ D, M, P, T, R or P အစီအစဉ်ကို မှတ်သားပြီ အနောက်ကနေ စ၍ ဘာသာပြန်သည်ကို မှတ်သားပါ။
၂၊ Adj Phrase နှင့် Adv Phraseများ ရောနှောပါနေလျှင် နောက်ဆုံးကသာ စ၍ ဘာသာပြန်ပါ။
ဥပမာ-
He goes to school{adv phrase} in Sanchaung {adj Phrase}.
ဤ၀ါကျတွင် in Sanchaung သည် ၄င်းရှေ့ရှိ school {n}ကို အထူးပြုသဖြင့် Adj Phraseဖြစ်ပြီး (သော)ဖြင့် ဘာသာပြန်သဖြင့် စမ်းချောင်းတွင်ရှိသော ကျောင်းသို့ သူ သွားသည်ဟူ၍ ဘာသာပြန်ရသည်။
မှတ်ချက်-
To+V သည် Noun Phraseနှင့် Adv Phraseလို အလုပ် လုပ်နိုင်သည်။ အဓိပ္ပါယ်ကွဲပါသည်။
Noun Phraseဖြစ်လျှင် “ခြင်း”နှင့် ဘာသာပြန်။
Adv Phraseဖြစ်လျှင် “ရန်/ဖို့ရန်” ဟု ဘာသာပြန်။
ဥပမာ-
My aim was to help you.{ Noun Phrase}
ခင်ဗျားကို ကူညီခြင်းသည် ကျွန်တော့် ရည်ရွယ်ချက် ဖြစ်သည်။
He goes to school to study lessons. {adv phrase}
သင်ခန်းစာ လေ့လာရန် သူ ကျောင်းသွားသည်။


ဒုတိယ၀ါကျတွင် အကြောင်းပြချက်ဖြစ်၍ adv phraseဖြစ်ပြီး ပထမ၀ါကျတွင် ကြိယာ၏ အဖြည့်ပုဒ် သို့မဟုတ် ကံပုဒ် {O}ဖြစ်သည်။
ဥပမာ-
I like to read.
စာဖတ်ခြင်းကို ငါ နှစ်သက်သည်။
ဤ၀ါကျတွင် to readသည် like၏ ကံပုဒ် {O}ဖြစ်သဖြင့် Noun Phraseဖြစ်သည်။
အခြား ဥပမာများ-
Is it easy for a rich window to find a handsome husband? {adv phrase}
ယောကျာ်းချောရှာဖွေဖို့ရန် ချမ်းသာသော မုဆိုးမအဖို့ လွယ်သလား?
It was hard for him to live on his small pension.
ပင်စင်လစာ အနည်းငယ်နဲ့ အသက်မွေးဖို့ရန် သူ့အတွက် ခက်ပါတယ်။
အထက်ပါဝါကျအားလုံးတွင် အကြောင်းပြချက်တွေဖြစ်သဖြင့် adv phraseများသာ ဖြစ်ပါသည်။ “ရန်”ဟု ဘာသာပြန်ရမည်။


___ မှတ်စုမှတ်ရာ အင်္ဂလိပ်စာ ပညာ

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories