Monday, September 1, 2014

English Grammar In brief - အခန်း(၁)

English Grammar In brief - အခန်း(၁)

အင်္ဂလိပ်စာဖတ်တတ်ရန် ဆန္ဒရှိသူအဖို့ ပထမဦးဆုံး အခြေခံဝါကျ ၅မျိုးကို နားလည်ရမည် ဖြစ်ပါသည်။
အခြေခံ ၀ါကျ (၅) မျိုး-
Subject+verb (s+v)
Subject+verb+complement (s+v+c)
Subject+verb+object (s+v+o)
Subject+verb+indirect object+ direct object (s+v+i.o, d+o)
Subject+verb+object+complement (s+v+o+c)
(S-Subject/ V-Verb/O-Object/ C-Complement/ I-Indirect/ D-Direct)

ပုံစံ (၁) s+v
A boy stands.
လူကလေး ရပ်သည်။
ပုံစံ (၂) s+v+c
He is a student. {n}
သူသည်ကျောင်းသား ဖြစ်သည်။
He is clever. {adj}
သူလိမ္မာသည်။
He is here. {adv}
သူ ဒီမှာ ရှိသည်။
He is in the garden. {Phrase}
သူ ဥယျာဉ်ထဲမှာ ရှိသည်။
အထက်ပါဝါကျများကို ကြည့်ခြင်းအားဖြင့် ၀ါကျမပြည့်စုံသောကြောင့် ဖြည့်ပေးရမယ့် Complement {C} အဖြည့်ပုဒ်သည် {၄} မျိုးရှိနိုင်ကြောင်း သိရမည်။ ၄င်းတို့မှာ…
1. Noun {student}
2. Adjective {clever}
3. Adverb {here}
4. Phrase {in the garden}

ပုံစံ (၃) s+v+o
He kills a mouse.
သူ ကြွက်ကို သတ်သည်။
ပုံစံ (၄) s+v+i-o/d-o
He gives me a book.
ကျွန်တော့်ကို စာအုပ်တစ်အုပ် သူ ပေးသည်။
Me နှင့် a bookသည် object များဖြစ်သည်။ a bookသည် subject နှင့် တိုက်ရိုက်ထိတွေ့ရသဖြင့် D-Oဖြစ်ပြီး၊ me သည် တစ်ဆင့်ခံ ထိတွေ့ရသဖြင့် I-O ဖြစ်သည်။
D-O (တိုက်ရိုက်ကံ) I-O (တစ်ဆင့်ခံကံပုဒ်)
(Direct object) (Indirect object)

မှတ်ချက်။ ။
He gives a book to Mg Hla.
မောင်လှကို စာအုပ်တစ်အုပ် သူ ပေးသည်။
ဤ၀ါကျတွင် Mg Hla (Proper noun) ကိုယ်ပိုင်နာမ် (indirect object) ကို verbနှင့် ကပ်မထားရပါ။ ဤနေရာတွင် Direct objectသာ ထားရမည် ဖြစ်ပါသည်။

ပုံစံ (၅) s+v+o+c
The sun keeps us warm.
s v o c
ကျွန်တော်တို့ကို နေက နွေးစေသည်။
He gets himself ready.
s v o c
သူဘာသာသူ အသင့်ပြင်သည်။
He found his box empty.
s v o c
သူ့ သေတ္တာ ဘာမျှမရှိတာ သူတွေ့ပြီ။
Government sets the prisoners free.
s v o c
အကျဉ်းသားများကို အစိုးရက လွှတ်လိုက်ပြီ။
She pushed the door open.
s v o c
တံခါးကို သူ တွန်းဖွင့်လိုက်သည်။
He painted the door green.
s v o c
တံခါးကို သူ အစိမ်းရောင် သုတ်သည်။
အထူးမှတ်ချက်။ ။
ကြိယာ {V} ကို နောက်ဆုံးမှာ အနက်မြန်မာပြန်ရသည်။
အထက်ပါ အခြေခံ ၀ါကျ {၅}မျိုးသည် Simple Sentenceတွင် အမြဲတွေ့ရမည် ဖြစ်သည်။
Simple sentenceဆိုသည်မှာ Verbတစ်ခုတည်းသာပါသော Sentenceကို ခေါ်ပါသည်။
အခြေခံဝါကျ {၅}မျိုးအနက် ပုံစံ {၅}သည် အရေးကြီးဆုံး ဖြစ်ပြီး နောက်တွေ့ရမည့် Compound/ Complex Sentenceများတွင် ပြန်လာလျှင် မျက်စိမရှုပ်စေရန် ယခုကတည်းက ရှင်းရှင်းလင်းလင်းမြင်စေရန် ကြည့်ထားစေလိုပါသည်။
Simple Sentence {ကြိယာ တစ်လုံးတည်းပါ} သည် စာဖတ်သူ၏ စိတ်ကို ရှုပ်ထွေးစေမည် မဟုတ်ပါ။ Compound Sentenceဆိုသည်မှာလည်း Simple Sentence {၂}ခု သို့မဟုတ် {၂}ခုထက် ပို၍ပေါင်းပေးထားပြီး သီးခြားစီ အဓိပ္ပါယ်ကောက်နိုင်ပါသေးသည်။
ဥပမာ၊ ၊
We fished all day.
We didn’t catch a thing.
တစ်နေကုန် ငါးဖမ်းသည် တစ်ကောင်မျှ မမိပါ။
We fished all day; however, we didn’t catch a thing.
တစ်နေကုန် ငါးဖမ်းသည် သို့ရာတွင် တစ်ကောင်မျှ မမိပါ။
We fished all day, but didn’t catch a thing.
တစ်နေကုန် ငါးဖမ်းသည်။ သို့သော် တစ်ကောင်မျှ မမိပါ။
However, butတို့သည် conjunction စကားဆက်များဖြစ်သည်။ Conjunctionတွင် {၂} မျိုးရှိသည်။
1. Co-ordinating Conjunction.
(ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်သည်။)
2. Sub-ordinating Conjunction ဟူ၍ ဖြစ်ပါသည်။
(အခြားဝါကျကို မှီခိုရသည်။)
Co-ordinating Conjunctionများကို Compound Sentenceတွင် သုံးပါသည်။ Sub-ondinating Conjunctionများကို Complex Sentenceတွင် သုံးပါသည်။
Co-ordinating Conjunction, and ဒါကြောင့်/ နှင့်/ ပြီးတော့/ ၍/ သော်လည်း၊ and then အဲဒီနောက်၊ After that (တစ်ဆက်တည်းဖြစ်ကြောင်း ပြသည်။)
But= သို့သော်
Nor= လည်းပဲ (မဟုတ်/ မတတ်နိုင်/ မဖြစ်….)
Or= သို့မဟုတ်
So= ထို့ကြောင့်
Yet= သို့သော် {butနှင့် တူ၏}
Either…or တစ်ခုမဟုတ် အခြားတစ်ခု
Neither…nor တစ်ခုမှမဟုတ်
Not only…but {also/ as well/ too} ထိုမျှမက/ဤမျှလည်းပဲ

ဥပမာ၊ ၊ And ပုံစံ…
We were talking and laughing.
ကျွန်တော်တို့ စကားပြော၍ ရယ်ကြသည်။
He fell heavily and broken his arm.
သူ လဲခဲ့သည်။ ဒါကြောင့် လက်ကျိုးသွားသည်။
(ဤ၀ါကျတွင် andသည် soကဲ့သို့ အနက်အဓိပ္ပါယ်ကောက်ရသည်။)
Weed the garden and I’ll pay you 5$.
ဥယျာဉ်ကို ရှင်းပေးပါ။ ပြီးတော့ {၅}ဒေါ်လာ ပေးပါမည်။
Tom is 15 and still sucks his thumb.
တွမ်၁၅နှစ်ရှိပြီဖြစ်သော်လည်း လက်မ စုပ်သေးသည်။
Co-ordinating Conjunctionတွင် andသည် ပရိယာယ် အလွန်များပါသည်။ and သည် noun နှင့် nounခြင်း၊ adjective နှင့် adjectiveခြင်း၊ verb နှင့် verbခြင်း၊ adverbနှင့် adverbခြင်း ဆက်ထားသည်။ တစ်ခါတည်းရော၍ အဓိပ္ပါယ်ကောက်ရမည်။ andရှေ့နောက် ၀ါစင်္ဂ{part of speech}ကွဲပြားလျှင် သီခြားစီ အဓိပ္ပါယ်ယူနိုင်ပါသည်။ (ဆိုလိုသည်မှာ and၏ ရှေ့က ၀ါကျနှင့် နောက်က၀ါကျကို သီးခြားစီ အဓိပ္ပါယ်ကောက်ယူနိုင်သည်။)
ဥပမာ၊ ၊
I have a book{n} and a pencil{n}.
စာအုပ်နှင့်ခဲတံ ကျွန်တော့်မှာ ရှိသည်။
She is beautiful{adj} and clever{adj}.
သူ ချော၍ လိမ္မာသည်။
He eats the food quickly{adv} and eagerly{adv}.
အစားကို မြန်မြန်နှင့် အားပါးတရ သူ စားသည်။
He came home to eat{v} and sleep{v}.
အိပ်ဖို့နှင့် စားဖို့ သူ ပြန်လာသည်။
He finished lunch{n} and went{v} shopping.
သူ နံနက်စာ စားပြီးတော့ ဈေးသွားသည်။
ဤနောက်ဆုံး ၀ါကျတွင် and၏ ရှေ့တွင် lunch {n}ဖြစ်ပြီး၊ နောက်တွင်went {v}ဖြစ်နေသည်။ အဓိပ္ပါယ်သီးခြားစီ ကောက်ရမည်။ went၏ ရှေ့တွင် Subject{ကတ္တား} မရှိ and၏ ရှေ့က Subject {He}ကို ပြန်ယူပါ။ ဤ၀ါကျမျိုး မကြာခဏ တွေ့ရမည်။
And then/ after thatပုံစံ
He washed the car and then/ after that {he} polished it.
ကားကို သူရေဆေးပြီး အရောင်တင်သည်။
But/yet ပုံစံ
He washed the car, but/yet didn’t polish it.
ကားကို ရေဆေးသည်။ သို့သော် အရောင်မတင်ပါ။
Nor ပုံစံ
He is not a teacher, nor am I.
သူ ကျောင်းဆရာ မဟုတ်။ ကျွန်တော်လည်း မဟုတ်ပါ။
Orပုံစံ
It wasn’t cold or wet.
အဲဒါ မအေးပါ။ သို့မဟုတ် မစိုပါ။
Soပုံစံ
He couldn’t find his pen, so he wrote in pencil.
ဖောင်တိန် သူ့မှာ မတွေ့ပါ။ ထို့ကြောင့် ခဲတံနဲ့ ရေးရပါသည်။
Either…orပုံစံ
He either speaks English, or understands it.
သူ အင်္ဂလိပ်စကားပြောမည် သို့မဟုတ် နားလည်မည်။
Neither…nor ပုံစံ
Neither he nor they are teachers.
သူရော သူတို့ရော ဆရာများ မဟုတ်ပါ။
Not only…but {also/ as well/too}ပုံစံ
Not only he but also they are not teachers.
သူသာမဟုတ် သူတို့လည်းပဲ ဆရာများ မဟုတ်ကြပါ။
Not only he but they are not teachers as well/ too.
အဓိပ္ပါယ်တူပါသည်။ also အစား as wellနှင့် tooကို အစားထိုးထားပါသည်။
{not only…but alsoသည် ကံပုဒ် {O}နှင့် အဖြည့်ပုဒ်{C}တို့အနေဖြင့် အထူးပြဿနာ မရှိပါ။ သို့သော် ကတ္တား {S}နေရာတွင်ထားလျှင် တစ်ခုကိန်း၊ အများကိန်းပြဿနာ ရှိပါသည်။ ရေးထုံးမှာ but also နှင့် ကပ်နေသော{S}သည် အများကိန်းဖြစ်လျှင် {V}အများဖြစ်ပြီး၊ but alsoနှင့်ကပ်နေသော {S}တစ်ခုကိန်းဖြစ်လျှင် {V}မှာ တစ်ခုကိန်းဖြစ်ရမည်။
ဥပမာ၊ ၊
Not only he but also they are teachers.
{but alsoနှင့် ကပ်လျက် {S}အများကိန်းရှိပါသည်။ ထို့ကြောင့် {V}သည် အများကိန်းဖြစ်ရမယ်။
Not only they but also he is teacher.
{but alsoနှင့်ကပ်လျက် he {S}တစ်ခုကိန်းဖြစ်၍{V}တစ်ခုကိန်းဖြစ်ရမယ်။}
Not because……………..but because
အဲဒါကြောင့် မဟုတ်ဘူး………ဒါကြောင့်ပါ။
Sub-ordinating Conjunctions
That {ဆိုတာကို၊ သော}
When {သောအခါ၊ ဆိုတာကို}
Where {ဆိုတာကို၊ နေရာမှာ}
While {စဉ်တွင်}
Before {မတိုင်မီ}
Until {တိုင်အောင်}
If {လျှင်၊ ဆိုတာကို}
After {ပြီးနောက်}
Since {သောကြောင့်၊ ကတည်းက}
Because, for, as {သောကြောင့်}
Although, though {သော်ငြားလည်း}
Unless {မ…လျှင်}{ဥပမာ..မစားလျှင်}
အထက်ပါ စကားများသည် Clause{၀ါကျကဏ္ဍ}တွင် အကျယ်ရှင်းလင်းရေးပါမည်။ မြန်မာလို အနက်ကောက်ပုံသာ မှတ်မိရုံကြည့်ထားစေလိုပါသည်။
မှတ်ချက်။ ။
ဝိဘတ်စကားစု {Prepositional Phrase}များကို စကားဆက်အဖြစ် သုံးနိုင်သည်။
ဥပမာ။ ။
In fact, he is incapable of hard work.
အမှန်တော့ သူ အလုပ်ကြမ်း မလုပ်နိုင်ပါ။
His behaviour hasn’t improved; on the country, it has become worse.
သူ့ အပြုအမူ မတိုးတက်ပါ။ ဆန့်ကျင်ဘက်အနေနဲ့ ပိုဆိုးသွားသည်။
မှတ်ချက်။ ။
Complex Sentenceတွင် ဆက်လက်ရှင်းလင်းရေးသားပါမည်။


____
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories