Monday, August 17, 2015

Vocabulary : Bom Blast in Bangkok - ထိုင်နိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ယနေ့ညနေက ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဗုံးတစ်လုံးပေါက်ကွဲသောကြောင်း အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ရပြီး၊ ဒဏ်ရာရသူ အနည်းဆုံး ၈၀ ဦးရှိကြောင်း နိုင်ငံတကာသတင်းမီဒီယာတွေမှ ဖတ်ရတယ်။ ဒီသတင်းနှင့်ပတ်သက်၍ Vocabulary အချို့ကို  နိုင်ငံတကာသတင်းတွေကနေ
 ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

At least 12 dead as bomb explodes close to shrine in Thai capital
ထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင် ဗုံးပေါက်ကွဲသောကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံး

at least - အနည်းဆုံး
especially for visitors from East Asia -
twin explosions - ပြိုင်တူ / တပြိုင်တည်းပေါက်ကွဲမှု
a major tourist attraction - ကမ္ဘာလှည့်ခရီးသည်များအဓိကလည်ပတ်သည့်နေရာတစ်ခု (ကမ္ဘာလှည့်ခရီးသည်များအဓိက ဆွဲဆောင်မှုရှိသည့်နေရာတစ်ခု)
predominantly Asian tourists - အာရှတိုက်သား ခရီးသည်အများစု
most of those injured in the explosion - ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူအများစု
shrine - နတ်ကွန်း။ ဟိန္ဒူဘုရားကျောင်း
explode - ပေါက်ကွဲသည်
blast - ပေါက်ကွဲသည်
the scene in Bangkok - ဘန်ကောက်မြို့မှမြင်ကွင်း
after a bomb went off at the famous Erawan Shrine - ထင်ရှားကျော်ကြားတဲ့ ဧရာဝဏ်ဘုရားကျောင်းအနီးမှာ ဗုံးတစ်လုံးပေါက်ကွဲပြီးနောက်
in Thailand's capital Bangkok - ထိုင်နိုင်ငံမြို့တော်ဘန်ကောက်တွင်
local media - ဒေသဆိုင်ရာသတင်းရပ်ကွက်။ ဒေသတွင်းသတင်း
Many of the injured were said to be foreign tourists - ဒဏ်ရာရသူအများစုဟာ နိုင်ငံခြား ခရီးသွားများဖြစ်ကြတယ်
explosion - ပေါက်ကွဲမှု
A bomb exploded in central Bangkok - ဘန်ကောက်မြို့တော်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်
killing at least 12 people  - အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး
wounding at least 20 - အနည်းဆုံး လူ ၂၀ ဒဏ်ရာရ
scatter - လူစုခွဲသည်၊ တစတစစီကွဲထွက်သွားသည်
went off - ပေါက်ကွဲခဲ့သည်
Body parts were scattered across the street - ခန္ဓာကိုယ်အပိုင်းအစများ လမ်းသို့ပြန့်ကြဲသွားခဲ့သည်
after the bomb went off outside the Erawan Shrine - ဧရာဝဏ်ဘုရားကျောင်းအပြင်ဖက်တွင် ဗုံးပေါက်ကွဲပြီးနောက်

Bangkok Post မှာဖတ်မယ်ဆိုရင်တော့ ဒီနေရာကိုကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်။

____အကောင်ချေ (ကျောက်ရိုး)

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories