Wednesday, October 1, 2014

Comparing Adjective (နာမဝိသေသနပုဒ်များကို နှိုင်းယှဉ်ခြင်း)


Comparing Adjective (နာမဝိသေသနပုဒ်များကို နှိုင်းယှဉ်ခြင်း)

၁။ ငယ်သော၊ ကြီးသော၊ လှပသောစသည့်ကို Positive Degree (အနိမ့်စား နာမဝိသေသန) ဟုခေါ်သည်။
၂။ သာ၍ငယ်သော၊ သာ၍ကြီးသော၊ သာ၍ လှပသော စသည်ကို Comparative Adjective (အလတ်စားနာမဝိသေသန) ဟုခေါ်သည်။
၃။ အငယ်ဆုံးသော၊ အကြီးဆုံးသော စသည်ကို Superlative Adjective (အမြတ်စား နာမဝိသေသန) ဟုခေါ်သည်။




၁။ ဗျည်းသံတစ်ခုတည်းရှိသော (တစ်ခါတစ်ရံဗျည်းသံ တစ်ခုထက်ပိုသော) နာမဝိသေသနပုဒ်များကို (C.D) ဖစ်ရန် ‘er’ ကိုထည့်ပြီး (S.D) ဖြစ်ရန်အတွက် ‘est’ ကိုထည့်ပေးရပါသည်။


ဥပမာ - young, tall, kind, clever, small, etc.
Positive Degree – P.D
Comparative Degree – C.D
Superlative Degree – S.D
Tall
Taller
Tallest
Young
Younger
youngest


၂။ ‘E’ ဆုံးသော နာမဝိသေသနပုဒ်များနောက်တွင် (C.D) ဖြစ်ရန် ‘r’ ကိုထည့်ပြီး၊ (S.D) ဖြစ်ရန် ‘st’ ကိုထည့်ပေးရသည်။
ဥပမာ - wise. Noble, brave, white, large, etc.

Positive Degree – P.D
Comparative Degree – C.D
Superlative Degree – S.D
Wise
Wiser
Wisest
Noble
Nobler
Noblest

၃။ ဗျည်းနောက် ‘Y’ ဆုံးလျှင် ‘Y’ ကို ‘I’ ပြောင်းပြီး (C.D) ဖြစ်ရန် ‘er’ ကိုထည့်ပြီး၊ (S.D) ဖြစ်ရန် ‘est’ ကိုထည့်ပေးရသည်။
ဥပမာ - easy, happy, dirty, lazy, heavy, etc.
Positive Degree – P.D
Comparative Degree – C.D
Superlative Degree – S.D
Easy
Easier
Easiest
Happy
Happier
happiest

၎။ သရတစ်လုံးတည်းနောက်မှ ဗျည်းတစ်လုံးတည်းဆုံသော နာမဝိသေသနပုဒ်များကို (C.D) နှင့် (S.D) ဖြစ်ရန်အတွက် အဆုံးဗျည်းကို ဗျည်းတူတစ်လုံးထပ်ထည့်ပြီး ‘er’ နှင့် ‘est’ ထည့်ပေးရသည်။
ဥပမာ - fat, red, thin, big, etc.
Positive Degree – P.D
Comparative Degree – C.D
Superlative Degree – S.D
Fat
Fatter
Fattest
Big
Bigger
Biggest

၅။ အသံနှစ်ခုထက်ပိုသော (ရှည်လျာားစွာအသံထွက်သော) နာမဝိသေသနပုဒ်များကို (C.D) ဖြစ်ရန်အတွက် နာမဝိသေသနရှေ့မှ ‘more’ ကိုထည့်ပေးရပြီး၊ (S.D) ဖြစ်ရန်တွက်  ‘most’ ကိုထည့်ပေးရပါသည်။
ဥပမာ - beautiful, useful, industrious, splendid, comfortable,etc.
Positive Degree – P.D
Comparative Degree – C.D
Superlative Degree – S.D
Beautiful
More beautiful
Most beautiful
Useful
More useful
Most useful

အောက်ပါ နာမဝိသေသနတို့ကို သီးသန့်ကျက်မှတ်ပါ
Positive Degree – P.D
Comparative Degree – C.D
Superlative Degree – S.D
Good
Better
Best
Well
Better
Best
Bad
Worse
Worst
Mush
More
Most
Late
Later
Latest, last
Old
Older, elder
Oldest, eldest
Far
Farther, further
Farthest, furthest, furthermost


P.D, C.D, နှင့် S.D Adjective တို့၏ အသုံးအနှုန်းများ
၁။ တစ်ခုတစ်ယောက်တွင်ရှိသော ဂုဏ်၊ အရည်အချင်းကိုဖော်ပြလိုသောအခါ  P.D ကိုသုံးရသည်။
S + V + Adj
ဥပမာ - San Htwe is beautiful.   
Ko Kyaw is clever.

၂။ ဂုဏ်အရည်အချင်းတစ်မျိုးသည် ယောက်၊ ခုတွင်ရှိ၍ မည်သူက မည်သူထက်သာသည်ဟု နှိုင်းယှဉ်သောအခ “ C.D + than+ S (Subject) or  O (Object)”  ထား၍ရေး၊ ပြောရသည်။
S + V + C. D + than + N or Prn  (+V)
ဥပမာ-   Hla Hla is clever than Mrat Khaing.  
I’m better than he (is).

၃။ ဂုဏ်အရည်အချင်းအတူတူဖြစ်နေသော ယောက်၊ ခုကို “ as+P.D+as+N” ထား၍ရေးရသည်။
S + V + as + Adj + as + N
ဥပမာ - San Htwe is as beautiful as Tha Zong.
Mg Mrat is as honest as my brother.

(မှတ်ချက်။ ငြင်းဆိုဝါကျ၌ “as…as” အစား “so…as” ကိုသုံးနိုင်သည်။ အဟုတ်ဝါကျ၌ကား “ so…as” ကိုမသုံးရ။)
S + V + not + so/as + Adj + as + N
ဥပမာ - The girls are not so lazy as the boys.   or
The girls are as lazy as the boys.

၎။ တစ်ခါတစ်ရံ ‘C.D’ ရှေ့တွင ‘ the’ ထည့်ပြီး ‘ N’ အဖြစ်သုံသောအခါ ‘than’ အစား ‘of’ ကိုသုံးပြီး “C.D +of+ the two, of them,etc” စသည်ဖြင့်လည်းနှိုင်းယှဉ်အသုံးပြုနိုင်သည်။
S + V + the + S.D + of the twom/ of them
ဥပမာ - There’re two English teachers, Nwe Nwe and San San in our class.
Ø  San San is the better of the two.

၅။ နှစ်ယောက်၊ နှစ်ခုထက်ပိုသောပုဒ်များကို ဂုဏ်အရည်အချင်းတစ်မျိုးဖြင့် နှိုင်းယှဉ်ရာ၌ တစ်ယောက်၊ တစ်ခုသည် ကျန်အားလုံးထက်အသာဆုံးဖြစ်ကြောင်းကိုဖော်ပြလိုသောအခါ အမြဲတမ်း “the+S.D+ of+ Plural Noun, in+ place” ပုံစံဖြင့် အမြဲတမ်း ရေး၊ပြောရသည်။
S + V + the + S.D + of + Pl N
S + V + the + S.D +N +  Place
ဥပမာ - Nwe Nwe is the cleverest of the students. 
San San is the best girl in the class.


~~~  ~~~

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories