Wednesday, October 1, 2014

Verbs (ကြိယာများ)ကို ‘s, es’ စသည်ပေါင်းထည့်ပြီး ‘Singular’ (အနည်းကိန်း) ပြုလုပ်ပုံ


Verbs (ကြိယာများ)ကို ‘s, es’ စသည်ပေါင်းထည့်ပြီးSingular’ (အနည်းကိန်း) ပြုလုပ်ပုံ
                   ၁။      Verb (ကြိယာ) တစ်လုံးဟာ 's, sh, x, ch, o ' တို့နှင့်ဆုံးသော မူလကြိယာကို Singular (ဧကဝုစ် (အနည်းကိန်း) ဖြစ်ရန်အတွက် 'es' ကိုသာပေါင်းပေးရသည်။
ဥပမာ။  kiss = kisses,  wash = washes, catch = catches, mix = mixes, go = goes, do = does, etc.
                 ၂။        Verb (ကြိယာ) တစ်လုံးသည် ' Y' နဲ့ဆုံးပြီး၊ 'Y' ရှေ့တွင် ဗျည်းရှိသောအခါ 'Y' ကို 'I' ပြောင်းပြီး 'es' ပေါင်းထည့်ပေးရသည်။
ဥပမာ။ try = tries, study = studies, marry = marries, fly = flies, cry = cries, etc.
                ၃။         Verb (ကြိယာ) တစ်လုံးဟာ 'Y' နှင့်ဆုံသော်လည်း 'Y' ရှေ့တွင် သရရှိသောအခါ  'Y' ကို 'I' မပြောင်းပဲ 's' ကိုသာဆက်ပေးရသည်။
ဥပမာ။  obey = obeys, play = plays, pray = prays, ect.
               ၄။            အထက်ပါ ဥပဒေ စည်းကမ်းကလွဲရင် ကျန်တဲ့ကြိယာတို့ကို အနည်းကိန်းဖြစ်ရန်အတွက် 's' ကိုဆက်ပေးရသည်။
ဥပမာ။ read = reads, meet = meets, write = writes, speak = speaks, sleep = sleeps, drive = drives, etc.
Verb တို့ကို V2, V3 & V-ing  ပြုလုပ်နည်းများ
၁။ E အက္ခရာတစ်လုံးတည်းဆုံးသော ကြိယာကို Past Tense (V2)  နှင့် Past Participle(v3)  ဖြစ်လာရန်အတွက် D ကိုသာဆက်ပေးရပြီး၊ Present Participle (V-ing)  ဖြစ်ရန်အတွက် E ကိုဖြုတ်ပြီး Ing ဆက်ပေးရသည်။
Present Tense

သည
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Love
Loving
Loved
Loved
ချစ်သည်၊ နှစ်သက်သည်
Live
Living
Lived
Lived
နေထိုင်သည်
Hate
Hating
Hated
Hated
မုန်းသည်
 Close
Closing
Closed
Closed
ပိတ်သည်
Bake
Baking
Baked
Baked
မုန့်ဖုတ်သည်

၂။ Y ဆုံး၍ ရှေ့က ဗျည်းရှိသော ကြိယာများတွင် Past Tense နှင့် Past Participle ဖြစ်လာရန်အတွက Y ကို I ပြောင်းပြီး Ed ဆက်ပေးရသည်၊ Present Participle ဖြစ်ရန်အတွက် Y ကိုဖြုတ်စရာမလိုပဲ(ဝါ) Y ကိုပြောင်းရန်မလိုပဲ Ingသာ ဆက်ပေးရသည်။
Present Tense

သည
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Fry
Frying
Fried
Fried
ဆီနှင့်ကြော်သည်
Cry
Crying
Cried
Cried
ငိုသည်
Carry
Carrying
Carried
Carried
သယ်ဆောင်သည်
Marry
Marrying
Married
Married
လက်ထပ်သည်
Bury
Burying
Buried
Buried
မြေမြှုပ်သည်

၃။ ဗျည်းတစ်လုံးတည်းဆုံး၍ ၄င်းဗျည်းရှေ့သရတစ်လုံးတည်းရှိသော ကြိယာများတွင် -
(က) အဆုံးဗျည်းသည် အားစိုက်သံနောက်တွင်ရှိပါက ဗျည်းတူတစ်လုံးထပ်တိုးပြီး Past Tense နှင့် Past Participle ဖြစ်လာရန်အတွက် Ed ကိုဆက်ပေးရပြီး၊ Present Participle ဖြစ်ရန်အတွက် ဗျည်းတူတစ်လုံးထပ်တိုးပြီး Ing ဆက်ပေးရသည်။
() အဆုံးဗျည်းသည် အားဖော့သံနောက်တွင် ရှိပါက Past Tense, Past Participle, Present Participle တို့ဖြစ်ရန်အတွက်နောက်ထပ် ဗျည်းတူထပ်တိုးစရာမလိုပဲ Ing, Ed တို့ထည့်ပေးရသည်။
(က) 
Present Tense

သည
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Stop
Stopping
Stopped
Stopped
ရပ်သည်
Drop
Dropping
Dropped
Dropped
လွှတ်ချသည်
Beg
Begging
Begged
Begged
တောင်းပန်/တောင်းရမ်းသည်

(ခ) 
Present Tense

သည်
Present Participle

နေသော
Past Tense

ခဲ့သည
Past Participle

ပြီးပြီ၊ ပြီးသော


Open
Opening
Opened
Opened
ဖွင့်သည်
Visit
Visiting
Visited
Visited
အလည်သွားသည်
Edit
Editing
Edited
Edited
တည်းဖြတ်သည်

၎။ “C” ဆုံးသော ကြိယာများတွင် “K” ထပ်ထည့်ပြီးမှ Past Tense, Past Participle, Present Participle တို့ဖြစ်လာရန်အတွက Ed, Ing တို့ဆက်ပေးရသည်။
Present Tense

သည်
Present Participle

နေသော
Past Tense

ခဲ့သည်
Past Participle

ပြီးပြီ၊ ပြီးသော


Picnic
Picnicking
Picnicked
Picnicked
ပျော်ပွဲစားထွက်သည်
Mimic
Mimicking
Mimicked
Mimicked
တုပပြောဆိုသည်
Frolic
Frolicking
Frolicked
Frolicked
ပြောင်းသည်

၅။ အထက်ပါ ဥပဒေ လေးမျိုးမှကြွင်းသော ကြိယာများကို Past Tense, Past Participle, Present Participle တို့ဖြစ်လာရန်အတွက် Ed, Ing တို့ဆက်ပေးရသည်။
Present Tense

သည်
Present Participle

နေသော
Past Tense

ခဲ့သည
Past Participle

ပြီးပြီ၊ ပြီးသော


Cook
Cooking
Cooked
Cooked
ချက်ပြုတ်သည်
Watch
Watching
Watched
Watched
စောင့်ကြည့်သည်
Wash
Washing
Washed
Washed
လျှော်ဖွတ်/ဆေးကြောသည်
Laugh
Laughing
Laughed
Laughed
ရယ်သည်
Kiss
Kissing
Kissed
Kissed
နမ်းသည်
    

                                      
ခြွင်းချက်များ။
 (က) သရနောက် ‘y’ နှင့် w’ ဆုံးပါက ‘Present Participle (V-ing) ဖြစ်ရန်အတွက် ‘ing’ သာဆက်ပေးရသည်။  
    Buy – buying, play – playing, stay – staying, pray – praying, blow – blowing, bow – bowing

(ခ) ie ဆုံးသော မူလကြိယာကို Present Participle (V-ing) ဖြစ်ရန်အတွက် ie ကို  y ပြောင်းပြီး ing ဆက်ပေးရသည်။
Die – dying, tie – tying, lie – lying

0 မှတ်ချက်များ:

Post a Comment

ဖုန်းနဲ့အလွယ်တကူဖတ်ဖို့>> Download APK

Categories